Skip to main content
နှစ်ပေါင်းငါးရာခန့်က ရေထဲမြုပ်သွားသော ဓမ္မစေတီ ခေါင်းလောင်း ကြီးဆယ်ယူရရှိရန် သိပ်မလိုတော့ကြောင်း

နှစ်ပေါင်းငါးရာခန့်က ရေထဲမြုပ်သွားသော ဓမ္မစေတီ ခေါင်းလောင်း ကြီးဆယ်ယူရရှိရန် သိပ်မလိုတော့ကြောင်း အဆိုပါခေါင်းလောင်းဆယ်ယူရေးတာဝန်ခံမှ ကတိပြုပြောကြားသွားခဲ့ပါတယ်။
ကျနော်တို့ ရိုးရာကိုလည်းမမေ့ဘူးပေါ့နော်
ခေတ်နဲ့အညီ သိပ္ပံပညာရှင်တွေလည်း ခေါ်ထားပါတယ်
နာဆာက ထိပ်တန်းပညာရှင်တွေကလည်း ကမ္ဘာ့အံ့ဖွယ်တစ်ခုဖြစ်လာမယ့် ဒီခေါင်းလောင်းတော်ကြီး ပြန်ဆယ်လို့ရဖို့ကို ငွေအား လူအား ပညာအားစိုက်ထုတ်ပြီး အားသွန်ခွန်စိုက် ကြိုးစားပေးနေပါတယ်။

ရိုးရာအတွက်ကတော့ နဂါးဝင်စားတဲ့ သမီးလေးစုလှိုင်ဝင်းနဲ့ သူ့အဒေါ် မအေးသောင်းတို့ ဦးစီးပြီး မိရိုးဖလာအစဉ်အလာမပျက် လုပ်စရာရှိတာလုပ်နေပါတယ်
အခုဆို ကျနော်တို့ ရေအောက် စူးစမ်းမယ့် ဓာတ်ခွဲခန်းတစ်ခုရေအောက်မှာပဲ တည်ဆောက်ထားပါတယ်
နဂါးနန်းတော်ရာကိုလည်းတွေ့ပါပြီ

လှေကားထစ်ပေါင်း ကိုးရာကိုးဆယ်ကိုးထစ်ရှိပါတယ်
နဂါးမင်းခိုအောင်းရာလို့ ယူဆရတဲ့ ရွှေရောင်တွင်းကြီးတစ်ခုလည်းတွေ့ထားပါတယ်
နဂါးမင်းကြီးက ခေါင်းလောင်းတော်ကြီးကို အဲ့ဒီတွင်းထဲမှာ သိမ်းဆည်းထားလိမ့်မယ်လို့ ယူဆထားပါတယ်
သိပ္ပံပညာအရလည်း ကြေးသတ္တု ထုထည်ကြီးကြီး ဒီတွင်းထဲမှာရှိတယ်လို့ ထောက်လှမ်းရထားပါတယ်
ကျနော်တို့ ဖေဖော်ဝါရီ 30 ရက်နေ့လောက် ကျိန်းသေ ခေါင်းလောင်းကြီးဆယ်ယူရလိမ့်မယ်လို့ ကတိပေးနိုင်ပါတယ်
ဒီစကားအတွက်ကျနော်တာဝန်ယူပါတယ်ဟု အဆိုပါ တာဝန်ခံချုပ် ဦးစံလင်းမှပြောကြားသွားပါတယ်

ရှယ်ပေးကြပါအုံးနော်…
မြန်မာတိုင်းအတွက် ဂုဏ်ယူစရာပါ။ အပန်းမကြီးရင် ဝေဖန်အကြံပြုချက်လေးရေးပေးသွားပါ။
ပုံမှာ မစုလှိုင်ဝင်း ရိုးရာပွဲအတွက်လုပ်နေပုံ
နာဆာရဲ့ရေအောက် ဓာတ်ခွဲခန်း
လှေကားထစ်များ
နဂါးမင်းရွှေရောင်တွင်းပေါက်ကြီး

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...