Skip to main content

ရန်ကုန်ရေကြောင်းဘတ်စ်၏ လှိုင်ဆိပ်ကမ်းကြောင့် ကုန်တင်ကုန်ချလုပ်ငန်း မလည်ပတ်နိုင်ဖြစ်နေဟု ဆို

ရန်ကုန်ရေကြောင်းဘတ်စ်၏ လှိုင်ဆိပ်ကမ်းကြောင့် ကုန်တင်ကုန်ချလုပ်ငန်း မလည်ပတ်နိုင်ဖြစ်နေဟု ဆို


"သူတို့လုပ်ငန်းစပြီးလို့ နှစ်ပတ်လောက်အတောတွင်းမှာပဲ ဒီကုန်တင်ကုန်ချသင်္ဘောတွေဟာ တစ်နေ့ကို ၆ စီး လောက်ကပ်နေတဲ့သင်္ဘောတွေဟာ သူတို့လုပ်ငန်းလည်း စလိုက်ရော။
ဓာတ်ပုံ - Yangon Water Bus

ရန်ကုန်၊နိုဝင်ဘာ၁၁ ။                ။ လှိုင်ဆိပ်ကမ်းတွင် မူလလုပ်ကိုင်နေသည့် ကုန်တင်ကုန်ချအလုပ်သမားများအနေဖြင့် ရန်ကုန်ရေကြောင်း ဘတ်စ်၏ ဆိပ်ခံတည်ဆောင်ပြီးနောက်ပိုင်း ၃လခန့် လုပ်ငန်းမလည်ပတ်နိုင်ခြင်းဖြစ်နေကြောင်း လှိုင်မြို့နယ် ကုန်တင်ကုန်ချ အလုပ်သမားအဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌ ဦးကြည်သိန်းက ဆိုသည်။
ရန်ကုန်ရေကြောင်းဘတ်စ်အတွက် ၂၀၁၇ ဇွန်လတွင် ဆိပ်ကမ်းအာဏာပိုင်နှင့် တင့်တင့်မြန်မာကုမ္ပဏီတို့ ပူးပေါင်းကာ လှိုင်ဘူတာရုံလမ်းရှိ ဆိပ်ကမ်းကို စတင်တည်ဆောက်ချိန် လှိုင်ဆိပ်ကမ်း၌ ကုန်တင်ကုန်ချ လုပ်ငန်းအတွက် သင်္ဘောများ ဆိုက်ကပ်နိုင်သေးသော်လည်း နှစ်ပတ်ကြာမှစတင်ကာ သင်္ဘောများ လျော့နည်း သွားရသည်ဟု ဦးကြည်သိန်းက ပြောသည်။
"သူတို့လုပ်ငန်းစပြီးလို့ နှစ်ပတ်လောက်အတောတွင်းမှာပဲ ဒီကုန်တင်ကုန်ချသင်္ဘောတွေဟာ တစ်နေ့ကို ၆ စီး လောက်ကပ်နေတဲ့သင်္ဘောတွေဟာ သူတို့လုပ်ငန်းလည်း စလိုက်ရော။  ၆ စီးလောက်ကပ်ရာကနေ ၂စီးသုံးစီးပဲ ကပ်တော့တယ်။ ဘာလို့ဆိုတော့ တိုင်တွေရိုက်တာနဲ့ အခက်အခဲရှိတော့ သူတို့မကပ်ချင်တော့ဘူးပေါ့ဗျာ"ဟု လှိုင်မြို့နယ် ကုန်တင်ကုန်ချ အလုပ်သမားအဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌ ဦးကြည်သိန်းက ပြောသည်။
ထိုကိစ္စနှင့်ပတ်သတ်၍ ၂၀၁၇ ဇူလိုင်လတွင် ကူးတို့ကိုယ်စားလှယ်၊ တင့်တင့်မြန်မာကုမ္ပဏီ၊ ဆိပ်ကမ်းအာဏာ ပိုင်နှင့် သဘောင်္ကိုယ်စားလှယ်တို့ အစည်းဝေးလုပ်ခဲ့ကာ ဆိပ်ခံတံတားတစ်စင်းတည်ဆောက်ပေးသွားမည်ဟု ကတိပြုခဲ့ကြောင်း ဦးကြည်သိန်းက ပြောသည်။
သို့သော်လည်း ဆောင်ရွက်ပေးခြင်းမရှိခဲ့သဖြင့် မြို့နယ်ထွေအုပ်၊ ရန်ကုန်တိုင်းအလုပ်သမားဝန်ကြီး ဦးဇော်အေးမောင်တို့ ထံ စာဖြင့်တင်ပြခဲ့သည်။
"Water Bus လုပ်ငန်းက သင်္ဘောဆိပ်ကမ်းဖွင့်သွားတဲ့အခါကျတော့ ကျွန်တော်တို့ ကုန်တင်ကုန်ချ သင်္ဘော တွေက တစ်စီးမှကပ်လို့မရတော့ဘူး အဲလိုဖြစ်သွားတာ ၃လရှိသွားပြီ တံတားထိုးပေးပါ့မယ် ဆိုပြီး မထိုးပေးခဲ့ဘူး"ဟု လှိုင်မြို့နယ် ကုန်တင်ကုန်ချ အလုပ်သမားအဖွဲ့အစည်းမှ ဦးကြည်သိန်းက ပြောသည်။
သင်္ဘောများဆိုက်ကပ်နိုင်ခြင်းမရှိတော့၍ ကုန်တင်ကုန်ချအလုပ်သမားများအနေဖြင့် ကြုံရာအလုပ်များ လက်ရှိတွင် လုပ်ကိုင်နေရပြီး  မူလက အလုပ်သမားများသည် ယခင်အလုပ်လုပ်ကိုင်စဉ်က တစ်နေ့ဝင်ငွေ တစ်ယောက်တစ်သောင်းကျပ်ကျော် ရရှိနေခဲ့ကြခြင်းဖြစ်သည်။
ထို့ကြောင့် သတင်းးစာရှင်းလင်းပွဲပြုလုပ်ကာ တံတားအသစ်တစ်စင်းထိုးပေးရန် တံတားထိုးရာမှာမလွတ်သည့် အုပ်ခုံကို ဖျက်သိမ်းပေးရန်၊ ဆိပ်ကမ်းသို့ လာရောက်ကပ်ခြင်းမရှိသည့် သင်္ဘောများကို ပြန်ကပ်စေပြီး လုပ်ငန်းပြန်လည်လုပ်ကိုင်ခွင့်ပေးရန် တို့ကို တောင်းဆိုသွားရန်ရှိနေသည်။
နောက်အဆင့်အနေဖြင့် ဆိပ်ကမ်းအာဏာပိုင်နှင့် တင့်တင့်မြန်မာကုမ္ပဏီအား တရားစွဲဆိုသွားမည်ဖြစ်ပြီး လွှတ်တော်ထဲနှင့် နိုင်ငံတော်အတိုင်ပင်ခံအထိသိရှိစေရန် လုပ်ဆောင်သွားမည်ဟု ဆိုသည်။
ရန်ကုန်တိုင်းအစိုးရ၏ Water Bus စီမံကိန်းအပေါ် ကန့်ကွက်ခြင်းမရှိဘဲ လုပ်ငန်းလည်ပတ်နိုင်ရန် တောင်းဆိုခြင်းသာဖြစ်သည်ဟုလည်း ဦးကြည်သိန်းက ပြောသည်။
လှိုင်မြို့နယ် ကုန်တင်ကုန်ချလုပ်ငန်းမှာ ၃၈နှစ်ကြာလုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး ၄င်းတို့၏ရုံးခန်းအား တစ်နှစ် တစ်သိန်းရှစ်သောင်း အခွန်ပေးဆောင်ကာ တည်ဆောက်ထားသည်ဟုလည်း ဆိုသည်။
ရန်ကုန်ရေကြောင်းဘတ်စ်ကို ဧပြီလတွင် တင်ဒါအောင်မြင်ခဲ့ကာ နိုဝင်ဘာတွင် စတင်ပြေးဆွဲခဲ့သည်။

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...