၃၈ - ဖြာမင်္ဂလာတရားတော်
၃၈-ဖြာမင်္ဂလာတရားတော်
(က) ပေါင်းသင်းဆက်ဆံရေးမင်္ဂလာ (၃)ပါး
၁။ အသေ၀နာစဗာလာနံ = လူမိုက်တို့ကိုမမှီဝဲမဆည်းကပ်ခြင်းသည်မင်္ဂလာဖြစ်သည်။
၂။ ပဏ္ဍိတာနဉ္စသေ၀နာ = ပညာရှိသူတော်ကောင်းတို့ကို မှီဝဲဆည်းကပ်ခြင်းသည်မင်္ဂလာဖြစ်သည်။
၃။ ပူဇာစပူဇနေယျာနံ = ပူဇော်ထိုက်သူကိုပူဇော်ခြင်းသည်မင်္ဂလာဖြစ်သည်။
(ခ) နေထိုင်ရေးမင်္ဂလာ (၃)ပါး
၎။ ပတိရူပဒေသ၀ါသောစ = သင့်တင့်လျောက်ပတ်သောအရပ်ဒေသ၌ နေထိုင်ခြင်းသည်မင်္ဂလာဖြစ်သည်။
၅။ ပုဗ္ဗေစကတပုညတာ = ကြိုတင်ကောင်းမှုပြုခြင်းသည် မင်္ဂလာဖြစ်သည်။
၆။ အတ္တသမ္မာပဏိဓီစ = မိမိကိုယ်ကိုကောင်းစွာဆောက်တည်ရခြင်းသည်မင်္ဂလာဖြစ်သည်။
(ဂ) သင်ကြေားရေးမင်္ဂလာ (၄)ပါး
၇။ ဗဟုသစ္စဉ္စ = အကြားအမြင်များခြင်းသည် မင်္ဂလာဖြစ်သည်။
၈။ သိပ္ပဉ္စ = အပြစ်ကင်းသောအတတ်ပညာကိုတတ်ခြင်းသည် မင်္ဂလာဖြစ်သည်။
၉။ ၀ိနယောစသုသိပ္ပိတော = ကိုယ်ကျင့်တရားကောင်းအောင်သင်ခြင်း၊ ကျင့်ခြင်းသည် မင်္ဂလာဖြစ်သည်။
၁၀။ သုဘာသိတာစယာဝါစာ = စကားပြောဆိုရာ၌ အပြစ်ကင်းစွာပြောဆိုခြင်းသည် မင်္ဂလာဖြစ်သည်။
(ဃ) ပြုစုရေးမင်္ဂလာ (၃)ပါး
၁၁။ မာတာပီတုဥပဌနံ = အမိအဖကိုလုပ်ကျွေးပြုစုရခြင်းသည် မင်္ဂလာဖြစ်သည်။
၁၂။ ပုတ္တဒါရဿသင်္ဂဟော = သားမယားကိုထောက်ပံ့ချီးမြှောက်စောင့်ရှောက်ရခြင်းသည် မင်္ဂလာဖြစ်သည်။
၁၃။ အနာကုလာစကမ္မန္တာ = အနှောင့်အယှက်မရှိအပြစ်ကင်းသောအမှုကိုပြုလုပ်ခြင်းသည် မင်္ဂလာဖြစ်သည်။
(င) လိုက်နာကျင့်သုံးရေးမင်္ဂလာ (၄)ပါး
၁၄။ ဒါနဉ္စ = စွန့်ကြဲပေးကမ်းလှူဒါန်းခြင်းသည် မင်္ဂလာဖြစ်သည်။
၁၅။ ဓမ္မစရိယာ = တရားတော်မြတ်ကိုကျင့်သုံးခြင်းသည် မင်္ဂလာဖြစ်သည်။
၁၆။ ဥာတကာနဉ္စသင်္ဂဟော = ဆွေမျိုးသာချင်းတို့အားထောက်ပံ့ချီးမြှောက်ခြင်းသည် မင်္ဂလာဖြစ်သည်။
၁၇။ အန၀ဇ္ဇနိကမ္မာနိ = အပြစ်ကင်းသောအမှုကိစ္စတို့ကိုပြုလုပ်ဆောင်ရွက်ခြင်းသည် မင်္ဂလာဖြစ်သည်။
(စ) ရှောက်ကြဉ်ရေးမင်္ဂလာ (၄)ပါး
၁၈။ အာရတီပါပါ = မကောင်းမှုဒုစရိုက်မှဝေးစွာရှောင်ကြဉ်ခြင်းသည် မင်္ဂလာဖြစ်သည်။
၁၉။ ၀ိရတီပါပါ = မကောင်းမှုဒုစရိုက်မှအထူးရှောင်ကြဉ်ခြင်းသည် မင်္ဂလာဖြစ်သည်။
၂၀။ မဇ္ဇပါနာစသံယမော = သေရည်သေရက်ကိုမူးယစ်သောက်စားခြင်းမှရှောင်ကြဉ်ခြင်းသည် မင်္ဂလာဖြစ်သည်။
၂၁။ အပ္ပမာဒေါစဓမ္မေသု = ကုသိုလ်ကောင်းမှုတို့၌ မမေ့မလျော့ခြင်းသည် မင်္ဂလာဖြစ်သည်။
(ဆ) စိတ်ထားရေးမင်္ဂလာ (၅)ပါး
၂၂။ ဂါရဝေါစ = ရိုသေထိုက်သူကိုရိုသေခြင်းသည် မင်္ဂလာဖြစ်သည်။
၂၃။ နိဝါတောစ = မိမိကိုယ်ကိုနှိမ့်ချခြင်းသည် မင်္ဂလာဖြစ်သည်။
၂၄။ သန္တုဌီစ = ရောင့်ရဲလွယ်ခြင်းသည် မင်္ဂလာဖြစ်သည်။
၂၅။ ကတညုတ = သူတစ်ပါးပြုဖူးသောကျေးဇူးကိုသိတတ်ခြင်းသည် မင်္ဂလာဖြစ်သည်။
၂၆။ ကာလေနဓမ္မဿဝနံ = သင့်တင့်လျှောက်ပတ်သောအခါ၌ တရားနာခြင်းသည် မင်္ဂလာဖြစ်သည်။
(ဇ) သည်ခံရေးမင်္ဂလာ (၄)ပါး
၂၇။ ခန္တီစ = သည်းခံခြင်းသည် မင်္ဂလာဖြစ်သည်။
၂၈။ သောဝစဿတာ = သူတော်ကောင်းးတို့ဆုံးမသောစကားကိုနာယူခြင်းသည် မင်္ဂလာဖြစ်သည်။
၂၉။ သမဏာနဉ္စဒဿနံ = ရဟန်းသံဃာများကိုဖူးမြော်ရခြင်းသည် မင်္ဂလာဖြစ်သည်။
၃၀။ ကာလေနဓမ္မသာကစ္ဆာ = သင့်တင့်လျှောက်ပတ်သောအခါ၌တရားဆွေးနွေးခြင်းသည် မင်္ဂလာဖြစ်သည်။
(ဈ) ခြိုးခြံချွေတာရေးမင်္ဂလာ (၄)ပါး
၃၁။ တပေါစ = ခြိုးခြံချွေတာခြင်းသည် မင်္ဂလာဖြစ်သည်။
၃၂။ ဗြဟ္မစရိယဉ္စ = မြတ်သောအကျင့်ကိုကျင့်ခြင်းသည် မင်္ဂလာဖြစ်သည်။
၃၃။ အရိယသစ္စာနဒဿနံ = အရိယာသစ္စာလေးပါးကိုသိမြင်ခြင်းသည် မင်္ဂလာဖြစ်သည်။
၃၄။ နိဗ္ဗာနသစ္ဆိကိရိယာစ = နိဗ္ဗာန်ကိုမျက်မှောက်ပြုရခြင်းသည် မင်္ဂလာဖြစ်သည်။
(ည) စိတ်ထားခိုင်ခံ့ရေးမင်္ဂလာ (၄)ပါး
၃၅။ ဖုဌဿလောကဓမ္မေဟိ = လောကဓံတရားရှစ်ပါးနှင့်တွေ့ကြုံသော်လည်းစိတ်မတုန်လှုပ်ခြင်းသည် မင်္ဂလာဖြစ်သည်။
စိတ္တံယဿ နကမ္မဟိ
၃၆။ အသောကံ = စိုးရိမ်ကြောင့်ကြမှုကင်းစင်ခြင်းသည် မင်္ဂလာဖြစ်သည်။
၃၇။ ၀ိရဇံ = ရမ္မက်ဟူသောမြူကင်းစင်ခြင်းသည် မင်္ဂလာဖြစ်သည်။
၃၈။ ခေမံ = ဘေးကင်းခြင်းသည် မင်္ဂလာဖြစ်သည်။

- Get link
- Other Apps
- Get link
- Other Apps
Comments