Skip to main content

အလျှော့ပေး၍ ချစ်တတ်ပါစေ

အလျှော့ပေး၍ ချစ်တတ်ပါစေ
# Zawgyi Version ဖြင့် ဖတ်ပါ # 

အဓိကကတော့ သမီးရည်းစားတွေကြားက အတွေ့ရအများဆုံးအခြေအနေကို ပြောပြရေးချချင်တာမျိုးပေါ့နော် .. နားလည်မူလေး ငုပ်ကွယ်တဲ့ ခန မှာ ဒေါသထွက်ကြ အော်ကြဟစ်ကြ အပြစ်တွေဖော်ကြ .. 

အဲ့ထက်ပိုပြီး ပြင်းထန်လာရင် ဆဲကြတယ် .. အဖေ အမေတွေပါ ကိုင်တုပ်ပြီး ဆဲမိကြတယ် ..အဆိုးဆုံးက တွန်းထိုး ရိုက်ပုတ်ကြတာမျိုးအထိပေါ့ .. ဒါဟာ Relationship ချိတ်ဖူးသူတိုင်း နီးပါးမှာ တွေ့ကိုတွေ့ရမယ့် ကိစ္စတွေ .. စိတ်အခန့်မသင့် နားလည်မူယိုင်နဲ့ပြီး သဘောထားမတိုက်ဆိုင်တဲ့ ခနလေးမှာ တစ်ယောက်က ဝုန်းဆို မီးထတောက်ရင် အခြားဖက်က လဲ ဝုန်းဆိုပြန်ချဲလိုက်ကြတာမျိုး .. 

သံသယအားက ကောင်းနေတော့ ဒေါသကို လေပင့်ပြီး အရှိန်ပြင်းစေတာကိုး .. ကဲ .. စပြီ .. ရန်ဖြစ်ကြပြီ ဆိုတာနဲ့ ... အနိုင်ရလိုစိတ်နဲ့ ရန်ဖြစ်ကြတာထက် တဖက်က အလျှော့ပေးမလားဆိုပြီး အလျှော့မပေးလို့ဆိုပြီး အော်ကြဟစ်ကြ ဆဲကြ .. တယောက်အပြစ်တယောက်ဖိနင်းပြောကြ နဲ့ ... သံသယစိတ်က မီးရှို့ပေးတော့ ဒေါသက ပိုပြင်းပြီး အဖေ အမေတွေပါ ထည့်ပြီး ဆဲလာကြတယ် .. 

 အဆိုးဆုံးက လက်တွေပါ ပါလာတဲ့အထိ .. တွန်းထိုး ရိုက်ပုတ်ကြတယ် .. အခုခေတ်ဆို Facebook ပေါ်တက် Public နဲ့တင်ပြီး ရန်ဖြစ်ကြတာမျိုးအထိ လုပ်တတ်ကြတယ် .. ဒေါသ ထွက်နေပြီလေ .. လုပ်သင့် မသင့် ထက် ဒါမျိုးလုပ်ရင် သူ အမှန်မြင်မယ် ဝန်ခံမယ် အလျှော့ပေးမယ်လို့ ယူဆမိနေပြီ ကိုး ... အဲ့ဒီ ရန်ဖြစ် စကားများအော်ဟစ်နေကြတဲ့အချိန်ဆိုရင် ကိုယ်နဲ့ရန်ဖြစ်နေသူကို ခနထား .. ကိုယ့်ကိုယ်၌ကို ပြန်ကြည့်ကြည့်ရင် ပူလောင်နေတာ .. ရင်ဘက်ထဲမှာလဲ ပူလို့ .. ခေါင်းထဲမှာလဲ ပူလို့ .. မျက်နှာက အကြောတွေ မျက်လုံးက အကြောတွေဆို တင်းပြီး စပ်လို့ .. ပင်ပန်းတယ်ဗျ .. 

တဖက်က ကိုယ့်ရဲ့ ချစ်သူလဲ ထပ်တူပင်ပန်းတယ် .. ကိုယ့်ရဲ့ ခန္ဓာကိုယ်ကိုရော စိတ်ကိုရော နှိပ်စက်နေတာလို့ပဲ မြင်တယ် .. အလားတူပဲ .. ကိုယ့်ချစ်သူရဲ့ ခန္ဓာကိုယ်ရော စိတ်ကိုပါ နှိပ်စက်နေတာလို့ပဲ သတ်မှတ်ချင်တယ် .. တယောက်အပေါ်တယောက်အနိုင်ရချင်လို့လားဆိုတော့လဲ မဟုတ်ဘူး .. အဓိကက Relationship တွေထဲက 90% လောက်က အဲ့လိုတွေဖြစ်ကြလို့ ပြတ်ကြလား , လမ်းခွဲလိုက်ကြလားဆိုတော့လဲ မဟုတ်ဘူး .. အားရပါးရ ရန်ဖြစ်ဆဲဆိုကြပြီး ခနအကြာ တရက်အကြာ တပတ်အကြာမှာ ပြန်ပြီး အဆင်ပြေသွားကြတော့ ဆဲခဲ့ပြောခဲ့ သိက္ခာကျခဲ့သမျှပဲ အဖတ်တင်ကျန်ခဲ့တာချည်းပဲ .. 

အဲ့ဒီတော့ဗျာ .. တကယ်မှ မပြတ်စဲနိုင်ကြပဲနဲ့တော့ သိက္ခာအကျမခံကြပါနဲ့ .. သိက္ခာမကျပါစေနဲ့ .. ကိုယ့်ကိုယ်ကိုယ်လဲ မနှိပ်စက်ကြပါနဲ့ .. ကိုယ့်ချစ်သူကိုလဲ မနှိပ်စက်ကြပါနဲ့ . အလျှော့ပေးပြီး ကြေအေးမယ့်လမ်း ရွေးတာကို ငါသိက္ခာကျသွားပြီ ငါ့ကိုအထင်သေးသွားမှာလား ငါရှေ့လျှောက်အနိုင်ခံရတော့မှာလားလို့ မတွေးကြပါနဲ့ .. ပြသနာကို ပညာရှိစွာ ချဉ်းကပ်တတ်သူမို့သာ လုပ်ဆောင်နိုင်တာပါ .. အလျှော့ပေးပြီး ပြေလည်ကြေလည်အောင် စွမ်းဆောင်နိုင်သူ ဖြစ်ပါစေ လို့ တိုက်တွန်းအကြံပြုပါရစေဗျာ .. 

စိတ်ချမ်းသာမူများ မွေးဖွားကြံဆောင်နိုင်ကြပါစေ

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...