Skip to main content

ပုဂံဘုရားပေါ်မှာ နေ၀င်ချိန်ကြည့်ရင်း မတော်တဆ ပြုတ်ကျသေဆုံးခဲ့ရတဲ့ တက္ကဆက် ကျောင်းသူ

ပုဂံဘုရားပေါ်မှာ နေ၀င်ချိန်ကြည့်ရင်း မတော်တဆ ပြုတ်ကျသေဆုံးခဲ့ရတဲ့ တက္ကဆက် ကျောင်းသူ
အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်က ကောလိပ် ကျောင်းသူ တစ်ဦး ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်က ပုဂံ ဘုရားတစ်ဆူပေါ်ကနေ နေ၀င်ဆည်းဆာမြင်ကွင်းကို တက်ကြည့်ဖို့ ကြိုးစားရင်း အောက်ပြုတ်ကျပြီး ဆေးရုံသို့ တင်ပို့စဉ် သေဆုံးသွားခဲ့ပါတယ်။ 

အဆိုပါ အမေရိကန်ကျောင်းသူကတော့ အသက် ၂၀ အရွယ် Kassandra Braun ဆိုသူ ဖြစ်ပြီး သူမဟာ Semester At Sea ဆိုသည့် ပင်လယ်ကူးသင်္ဘောပေါ်တွင် ပညာသင်ကြားသည့် အစီအစဉ် နှင့်အတူ လိုက်ပါလာရင်း ယခုကဲ့သို့ အဖြစ်ဆိုးနှင့် ကြုံတွေ့လိုက်ရခြင်း ဖြစ်ပါတယ်။ Braun ဟာ ပုဂံ သို့ သွားရောက်ခဲ့ပြီး ဘုရားပေါ်မှ ပြုတ်ကျခဲ့ခြင်းကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ Semester At Sea ပရိုဂရမ်မှ ထုတ်ပြန်ပါတယ်။ 

ယင်းနောက် Braun ကို မန္တလေး အထွေထွေဆေးရုံသို့ ပို့ဆောင်စဉ် လူနာတင်ယာဉ်ပေါ်မှာပဲ သေဆုံး သွားခဲ့ခြင်း ဖြစ်ပါတယ်။ 
Braun ဟာ နိုဝင်ဘာ ၇ ရက် ညနေ ၄ နာရီ ခွဲခန့်က ပုဂံဘုရားပေါ်ကနေ မတော်တဆလိမ့်ကျခဲ့ခြင်း ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်ချက်ကို ကိုးကားပြီး Arab News သတင်းဌာနက ဖော်ပြထားပါတယ်။ 

သူမဟာ ဆိုရင် တက္ကဆက်ပြည်နယ် အော်စတင်မြို့မှာ ရှိတဲ့ St. Edward’s University မှာ ဆက်သွယ်ရေး ဘာသာရပ်ကို လေ့လာသင်ကြားနေသူဖြစ်ကြောင်း ယင်းတက္ကသိုလ်ရဲ့ ဖေ့ဘွတ်ခ် ပို့စ်မှာ တင်ထားပါတယ်။ 
သူမရဲ့ မိဘနှစ်ပါးဖြစ်တဲ့ Chalene နဲ့ Dave Braun တို့ကလည်း ၎င်းတို့အနေဲ့ သမီးဖြစ်သူ သေဆုံးမှုနဲ့ ပတ်သက်လို့ အသေးစိတ်အချက်အလက်တွေ ပိုမိုရရှိဖို့ စောင့်မျှော်နေကြောင်း ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်သွားပါတယ်။ သူမရဲ့ သမီးဖြစ်သူဟာ နိုင်ငံခြားကို ခရီးသွားရင်း အပျော်ရွှင်ဆုံးအချိန်တွေကို ပိုင်ဆိုင်ခဲ့ရပါကြောင်း မိဘတွေက ပြောကြားထားပါတယ်။ 

” သူမဟာ Cathedral အထက်တန်းကျောင်းနဲ့ St.Edward’s တက္ကသိုလ်က သူ့သူငယ်ချင်းတွေနဲ့ ဆရာ၊ ဆရာမတွေကို အလွန်တရာ ချစ်မြတ်နိုးခဲ့သူ ဖြစ်ပါတယ်” ဆိုပြီး Braun ရဲ့ မိဘနှစ်ပါးက ပြောသွားပါတယ်။ 

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...