Skip to main content

နိုင်ဂျီးရီးယားနှင့်ခြေစမ်းပွဲတွင် မက်ဆီ ပါဝင်မည်မဟုတ်ကြောင်း သတင်းထုတ်ပြန်၊ မက်ဆီထက် စီရော်နယ်ဒိုက ပိုကောင်းကြောင်း ဖာနန်ဒိုအလွန်ဆို ချီးကျူး

နိုင်ဂျီးရီးယားနှင့်ခြေစမ်းပွဲတွင် မက်ဆီ ပါဝင်မည်မဟုတ်ကြောင်း သတင်းထုတ်ပြန်၊ မက်ဆီထက် စီရော်နယ်ဒိုက ပိုကောင်းကြောင်း ဖာနန်ဒိုအလွန်ဆို ချီးကျူး



အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်သည် မနက်ဖြန်(အင်္ဂါနေ့)တွင် အာဂျင်တီးနားနှင့် နိုင်ဂျီးရီးယားတို့ ယှဉ်ပြိုင်ကစားမည့် နိုင်ငံတကာခြေစမ်းပွဲ၌ အာဂျင်တီးနားလက်ရွေးစင်အသင်း လူစာရင်းတွင် အသင်းခေါင်းဆောင် မက်ဆီ ပါဝင်လာလိမ့်မည်မဟုတ်ဟု သတင်းထုတ်ပြန်ထားပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
မက်ဒရစ်၊ နိုဝင်ဘာ ၁၂

အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်သည် မနက်ဖြန်(အင်္ဂါနေ့)တွင် အာဂျင်တီးနားနှင့် နိုင်ဂျီးရီးယားတို့ ယှဉ်ပြိုင်ကစားမည့် နိုင်ငံတကာခြေစမ်းပွဲ၌ အာဂျင်တီးနားလက်ရွေးစင်အသင်း လူစာရင်းတွင် အသင်းခေါင်းဆောင် မက်ဆီ ပါဝင်လာလိမ့်မည်မဟုတ်ဟု သတင်းထုတ်ပြန်ထားပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

မက်ဆီသည် အာဂျင်တီးနားက ရုရှားကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် ခြေစမ်းပွဲတွင် အာဂျင်တီးနားအတွက် ပွဲချိန် မိနစ် ၉၀ ပြည့် ပါဝင်ကစားပေးသွားခဲ့ပြီး နိုင်ဂျီးရီးယားနှင့် ခြေစမ်းပွဲကို ၎င်းတို့အနေနှင့် ရုရှားနိုင်ငံ ခရတ်စ်နိုဒါမြို့တွင် ယှဉ်ပြိုင်ကစားသွားရန် စီစဉ်ထားခြင်းဖြစ်ကြောင်းလည်း အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်က အသိပေးထားသည်။

မက်ဆီသည် နိုင်ဂျီးရီးယားနှင့် ယှဉ်ပြိုင်ကစားမည့်ပွဲစဉ်အတွက် ခရတ်စ်နိုဒါမြို့သို့ အာဂျင်တီးနားအသင်း ခရီးထွက်ခွာရာတွင် လိုက်ပါသွားခဲ့ခြင်း မရှိကြောင်း အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်က အတည်ပြုထားပြီဖြစ်ပြီး အာဂျင်တီးနားလက်ရွေးစင်အသင်းနှင့်အတူ မက်ဆီ လိုက်ပါမသွားခဲ့သည်မှာ ဒဏ်ရာပြဿနာကြောင့် မဟုတ်ဟုလည်း  အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတစ်ဦးက ရှင်းပြသွားခဲ့သည်။

ရီးရဲလ်မက်ဒရစ်အသင်း၏ဂုဏ်ထူးဆောင်အဖွဲ့ဝင်တစ်ဦးအဖြစ် သတ်မှတ်ပေးခြင်းခံထားရသည့် ဖော်မြူလာဝမ်းပြိုင်ကားမောင်းသမား ဖာနန်ဒိုအလွန်ဆိုသည် မက်ဆီမှာ ပါရမီထူးချွန်သူတစ်ဦးဖြစ်သော်လည်း စီရော်နယ်ဒိုနှင့် နှိုင်းယှဉ်မည်ဆိုပါကမူ စီရော်နယ်ဒိုကသာလျှင် ပိုမိုသာလွန်ကြောင်း မှတ်ချက်ပေးသွားခဲ့ပြီး စီရော်နယ်ဒိုနှင့် မက်ဆီကို နှိုင်းယှဉ်မည်ဆိုပါက ၎င်းမှာ ရီးရဲလ်မက်ဒရစ်ပရိသတ်တစ်ဦးဖြစ်သည့်အတွက် စီရော်နယ်ဒိုဘက်ကသာ အမြဲရှိသွားမည်ဟုလည်း အလွန်ဆိုက ပြောကြားသွားခဲ့သေးသည်။

ဂရိကလပ် အေအီးကေအေသင်ထံတွင် ကစားသမားဘ၀ဖြတ်သန်းနေသည့် ဘာစီလိုနာနောက်ခံကစားသမားဟောင်း ချေဂရမ်းစကီးသည် စီရော်နယ်ဒိုမှာ အဆုံးသတ်သေချာသည့် တိုက်စစ်မှူးကောင်းတစ်ဦးဖြစ်သည်ကို လက်ခံသော်လည်း မက်ဆီနှင့် ယှဉ်ပါကမူ လိုအပ်ချက်များ ရှိနေကြောင်း၊ စီရော်နယ်ဒို၏အကြီးမားဆုံးသောချို့ယွင်းချက်မှာ တစ်ကိုယ်ကောင်းဆန်လွှန်းခြင်းပင် ဖြစ်ကြောင်း၊ မက်ဆီကမူ မိမိအကျိုးထက် အသင်းကောင်းကျိုးကို အမြဲဦးစားပေးသူဖြစ်ကြောင်း သုံးသပ်ထားပြီး ဘရာဇီးလက်ရွေးစင်အသင်းဂိုးသမားဟောင်း ဂျူလီယိုဆီဇာကလည်း လက်ရှိကမ္ဘာ့အကောင်းဆုံးကစားသမားမှာ နေမာဖြစ်ကြောင်း၊ သို့သော် မက်ဆီကမူ တခြားသော ဂြိုဟ်ကမ္ဘာတစ်ခုမှနေ၍ ကမ္ဘာမြေသို့လာရောက်ကာ ဘောလုံးကစားနေသူဖြစ်ကြောင်း ချီးကျူးထားသည်။

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...