Skip to main content

ထိုင်းဇနီးသည်ကို သတ်ခဲ့တယ်လို့ မြန်မာ အမျိုးသား ဝန်ခံ

ထိုင်းဇနီးသည်ကို သတ်ခဲ့တယ်လို့ မြန်မာ အမျိုးသား ဝန်ခံ
မြန်မာ အမျိုးသားအရင်ယောက်ျားဟောင်းနဲ့ပြန်ပေါင်းချင်တာကြောင့် သူ့ကိုကွာရှင်းချင်တဲ့ထိုင်းဇနီးသည်ကို သ၀န်တိုစိတ်နဲ့ သတ်ပြီး ထရန်မြို့က ရော်ဘာခြံမှာသွားစွန့်ပစ်ခဲ့တယ်လို့ ဝန်ခံခဲ့တဲ့ မြန်မာ အမျိုးသား ကို လူသတ်မှုနဲ့ ဖမ်းဆီးလိုက်တယ်လို့ ဘန်ကောက်ပို့စ်သတင်းအရ သိရပါတယ်။ ထရန်မြို့၊ ကန်တန်းခရိုင်က လူသတ်မှုနဲ့ပတ်သက်ပြီး အဓိကတရားခံလို့ သံသယရှိတဲ့ ကိုဦးနဲ့ မြန်မာသူငယ်ချင်း ကိုမင်းဦးတို့ကို လူသတ်မှုမှာ ပူးပေါင်းပါဝင်မှု၊ အလောင်းဖျောက်မှုတို့နဲ့ ကြာသပတေးနေ့က တစ်နေရာစီကနေ ဖမ်းဆီးမိ ခဲ့ပါတယ်။ 

ကိုဦးရဲ့ဇနီးဖြစ်သူ အသက်၃၃နှစ်ရှိ ၀ီလင်ထရာပီလာပန်ရဲ့အလောင်းကို ထရန်မြို့ ကန်တန်းခရိုင်က ရော်ဘာခြံမှာ ဗုဒ္ဓဟူးနေ့က တွေ့ရှိခဲ့ပါတယ်။ ကိုဦးက အဂါင်္နေ့မှာ သူ့ယောက္ခမထံ ဖုန်းဆက်ပြီး သူ့သမီးကို သတ်မိတာနဲ့ပတ်သက်ပြီး တောင်းပန်ခဲ့ကာ အလောင်းပစ်ထားတဲ့နေရာကိုပြောပြခဲ့ပါတယ်။ ရဲတပ်ဖွဲ့က ရှာမတွေ့ခင်နှစ်ရက်ကတည်းက အလောင်းကိုပစ်ထားတာလို့ပြောပါတယ်။ ကိုဦးက ဇနီးဖြစ်သူကို ကြိုးနဲ့လည်ပင်းညှစ်သတ်ခဲ့ကြောင်း၊ သူက သူနဲ့ကွာပြီး ကလေးနှစ်ယောက်ရခဲ့တဲ့ အရင်ယောက်ျားနဲ့ပြန်ပေါင်းချင်ကြောင်းပြောတာကြောင့် သ၀န်တိုကာ ရန်အကြီးအကျယ်ဖြစ်ပြီး သတ်မိကြောင်း စစ်ဆေးရာမှာပြောကြားခဲ့ပါတယ်။ 

သူ့ကိုသတ်ပြီးအလောင်းကိုစောင်နဲ့ထုပ်ထားပြီး သူ့သူငယ်ချင်းကို သူ့အိမ်မှာ အရက်သောက်ဖို့ ခေါ်ပြီး အလောင်းကို အမှိုက်ပုံးတစ်ပုံးမှာထည့်ကာ အလောင်းတွေ့ခဲ့ရာ ရော်ဘာခြံထဲမှာ သွားပစ်ဖို့ သူငယ်ချင်းကို အကူအညီတောင်းခဲ့ကြောင်း ပြောပါတယ်။အစပိုင်းမှာ သူ့ရဲ့လည်မြိုမှာ ဓားဒဏ်ရာတွေ့ခဲ့ကြောင်းမှတ်တမ်းရှိပေမဲ့ သူကတော့ ကြိုးနဲ့ပဲ လည်ညှစ်သတ်ခဲ့တယ်လို့သာ ၀န်ခံပြောကြားခဲ့ပါတယ်။ လူသတ်မှုကို ပြန်လည်သရုပ်ပြခိုင်းပြီးတဲ့နောက် သူတို့နှစ်ယောက်ကို ရမန်ယူနိုင်ဖို့ ထရန်ပြည်နယ်တရားရုံးကို ရဲတွေက ခေါ်ဆောင်သွားခဲ့ပါတယ်။ 

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...