Skip to main content

မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို အဆုံးသတ်ဖို့လိုအပ်ကြောင်း ထရမ့်ကအလေးပေးပြောကြား

မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို အဆုံးသတ်ဖို့လိုအပ်ကြောင်း ထရမ့်ကအလေးပေးပြောကြား


“ကျနော်တို့လိုချင်တာ အေးချမ်းတည်ငြိမ်မှုပါ။ ပရမ်းပတာအခြေအနေတွေ မဟုတ်ပါဘူး။ ကျနော်တို့လိုချင်တာ ငြိမ်းချမ်းရေးပါ။ စစ်ပွဲမဟုတ်ပါဘူး”
ဟိုချီမင်းစီးတီး၊ ဗီယက်နမ်၊ နိုဝင်ဘာ ၁၂ ။             ။ ဗီယက်နမ်သို့ နိုင်ငံတော်ခရီးစဉ်ဖြင့် အလည်အပတ်ရောက်ရှိနေသော အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က တနင်္ဂနွေနေ့တွင် မိန့်ခွန်းပြောကြားခဲ့ပြီး ထိုမိန့်ခွန်းထဲ၌ မြောက်ကိုရီးယားတို့အနေဖြင့် ခြိမ်းခြောက်မှုများ မပြုလုပ်နိုင်တော့အောင် တာဝန်ရှိသောနိုင်ငံများအားလုံးက ၀ိုင်းဝန်းကြိုးပမ်းသင့်ကြောင်း အလေးပေး ပြောဆို ခဲ့သည်။
ဒုံးပျံစမ်းသပ်မှုများနှင့် အဏုမြူစမ်းသပ်များကို ထပ်ခါတလဲလဲလုပ်ဆောင်နေသော ပြုံယမ်းအစိုးရကြောင့် ကိုရီးယားကျွန်းဆွယ်၌ တင်းမာမှုများမြင့်တက်လျက်ရှိနေပြီး ကိုရီးယားစစ်ပွဲဖြစ်ပွားခဲ့သည့် ၁၉၅၀ - ၅၃ ကာလ အပြီး တင်းမာမှုများအမြင့်ဆုံး အခြေအနေသို့ ရောက်ရှိနေကြောင်း သိရသည်။
“ မတွေးဝံ့လောက်အောင် များပြားလှတဲ့အသက်တွေ ဆုံးရှုံးသွားနိုင်တဲ့ မြောက်ကိုရီးယားအစိုးရရဲ့ ခြိမ်းခြောက် မှုတွေ ရပ်တန့်သွားဖို့အတွက် တာဝန်ရှိတဲ့နိုင်ငံအားလုံးက သေသေချာချာ   ဆောင်ရွက်ရပါမယ်” ဟု ဒေါ်နယ် ထရမ့်က ဗီယက်နမ်သမ္မတ ထရန်ဒိုင်ကွမ်နှင့်အတူ ဟနွိုင်းမြို့ရှိသမ္မတအိမ်တော်၌ တွေ့ဆုံပွဲပြီးနောက် ပြုလုပ် ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
“ကျနော်တို့လိုချင်တာ အေးချမ်းတည်ငြိမ်မှုပါ။ ပရမ်းပတာအခြေအနေတွေ မဟုတ်ပါဘူး။ ကျနော်တို့လိုချင်တာ ငြိမ်းချမ်းရေးပါ။ စစ်ပွဲမဟုတ်ပါဘူး” ဟု အမေရိကန်သမ္မတကြီးက ပြောခဲ့ပြီး လုံခြုံရေး၊ အကြမ်းဖက်မှုတိုက်ဖျက် ရေး၊ ဆိုင်ဘာပြစ်မှု၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနှင့် ရောဂါဘယကာကွယ်ရေး စသည့် ကဏ္ဍအသီးသီးကို ကိုင်တွယ်ဖြေရှင်းရာတွင် ဒေသတွင်း၌ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြည့်စွက် ပြောဆိုခဲ့သည်။
ထရမ့်သည် ဗီယက်နမ်ခရီးစဉ်ပြီးနောက်တွင် တနင်္ဂနွေနေ့ည၌စတင်ကျင်းပပြီး အင်္ဂါနေ့တွင် အဆုံးသတ်မည့် အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး ထိပ်သီးစည်းဝေးပွဲသို့ တက်ရောက်နိုင်ရန်အတွက် မနီလာမြို့သို့ ဆက်လက်ထွက်ခွာမည်ဖြစ်သည်။
“အာဆီယံထိပ်သီးစည်းဝေးပွဲဟာ အရမ်းကိုထူးခြားတဲ့ စည်းဝေးပွဲတစ်ခုဖြစ်ပါတယ်။ ကျနော်တက်ရောက်နိုင်ဖို့ မျှော်လင့်ပါတယ်။ ကျနော်တို့ မြောက်ကိုရီးယားတို့ရဲ့ ခြိမ်းခြောက်မှုနဲ့ပက်သက်ပြီး အဲဒီမှာ ဆက်လက်ဆွေးနွေး သွားဦးမှာဖြစ်ပါတယ်” ဟု ထရမ့်က ပြောခဲ့သည်။
ဖိလစ်ပိုင်ခရီးစဉ်သည် ထရမ့်၏အာရှခရီးစဉ်အတွင်း နောက်ဆုံးသွားရောက်မည့်နေရာဖြစ်သည်။ ထရမ့်သည် သူ၏အာရှခရီးစဉ်အတွင်း ဂျပန်နိုင်ငံသို့ စတင်သွားရောက်ခဲ့ပြီး ထို့နောက်တွင် တောင်ကိုရီးယား၊ တရုတ်နှင့် ဗီယက်နမ်တို့သို့ ဆက်လက်သွားရောက်ခဲ့သည်

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...