Skip to main content

ဘုရားဂုဏ်​​တော်​ ကိုးပါး

ဘုရားဂုဏ်​​တော်​ ကိုးပါး
ဘုရားဂုဏ်တော်(၉)ပါး 

(၁)အရဟံ။။။။။။။ 

ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရား။ဆိတ်ကွယ်ရာအရပ်၌ပင်မကောင်းမှုကိုပြုတော်မမူသောမြတ်စွာဘုရား။လူမင်းနတ်မင်းဗြဟ္မာမင်းနှင့်တကွ လူနတ်ဗြဟ္မာ သတ္တ၀ါအားလုံးတို့၏ပူဇော်အထူးကိုခံယူတော်မူထိုက်သောမြတ်စွာဘုရား။ 

(၂)သမ္မာသမ္ဗုဒ္ဓေါ။။။။။။ 

သိစရာအားလုံးတို့ကို အမှန်အတိုင်း ကိုယ်ပိုင်ဥာဏ်ဖြင့်သိမြင်တော်မူသောမြတ်စွာဘုရား။ 

(၃)၀ိဇ္ဇာစရဏသမ္ပန္နော။။။။။။။ 

အသိဥာဏ်ရော အကျင့်ပါပြည့်စုံတော်မူသောမြတ်စွာဘုရား။(၀ိဇ္ဇာသုံးပါး ၀ိဇ္ဇာရှစ်ပါး စရဏတစ်ဆယ့်ငါးပါးနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား။ 

(၄)သုဂတော။။။။။။ 

ကောင်းသောစကားကိုဆိုတော်မူသောမြတ်စွာဘုရား။ 

(ဟုတ်မှန်၍ အကျိုးရှိသောစကားကိုဆိုတော်မူသောမြတ်စွာဘုရား)ကောင်းသောနိဗ္ဗာန်သို့ကြွတော်မူသောမြတ်စွာဘုရား။ 

(၅)လောက၀ိဒူ။။။။။။။ 

လောကသုံးပါးကိုသိမြင်တော်မူသောမြတ်စွာဘုရား။ 
(သတ္တလောက၊သြကာသလောက၊သင်္ခါရလောကဟု ဆိုအပ်သော လောကသုံးပါးကို သိတော်မူသောမြတ်စွာဘုရား)။ 

(၆)အနုတ္တရောပုရိသဓမ္မသာရထိ။။။။။။။ 

ဆုံးမထိုက်သောသတ္တ၀ါတို့ကို အတုမရှိဆုံးမတော်မူသော မြတ်စွာဘုရား။ 

(၇)သတ္တာဒေ၀မနုဿာနံ။။။။။။ 

နတ်လူတို့၏ဆရာတော်တစ်ဆူဖြစ်တော်မူသောမြတ်စွာဘုရား။(နတ်လူတို့အား ကောင်းရာကောင်းကြောင်း ညွှန်ပြတော်မူသော မြတ်စွာဘုရား) 

(၈)ဗုဒ္ဓေါ။။။။။။။။။ 

သစ္စာလေးပါးကို ကိုယ်တိုင်လည်းသိတော်မူ သူတစ်ပါးတို့ကိုလည်း သိအောင်ဟောတော်မူသောမြတ်စွာဘုရား။(ဒုက္ခသစ္စာ၊သမုဒယသစ္စာ၊နိရောဓသစ္စာ၊မဂ္ဂသစ္စာ ဟုဆိုအပ်သော သစ္စာလေးပါးတို့ကို ကိုယ်တိုင်လည်းသိတော်မူ သူတစ်ပါးတို့ကိုလည်း သိအောင်ဟောတော်မူသော မြတ်စွာဘုရား)။ 

(၉)ဘဂ၀ါ။။။။။။။။ 

ဘုန်းတော်ခြောက်ပါးနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား။ 

၁။ဣသရိယဘုန်းတော်။။။။။ 

မိမိစိတ်ကိုရော တစ်လောကလုံးကိုပါ အစိုးရတော်မူသောမြတ်စွာဘုရား။ 

၂။ဓမ္မဘုန်းတော်။။။။။။။ 

မဂ် ဖိုလ် နိဗ္ဗာန်တရားနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား။ 

၃။ယသဘုန်တော်။။။။။။။ 

များပြားသော အခြံအရံ ပြန်နှံ့သောအကျော်အစောနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား။ 

၎။သီရိဘုန်းတော်။။။။။။။ 

အတုမရှိသော ကျက်သရေတော်နှင့် ပြည့်စုံတော်မူသောမြတ်စွာဘုရား။ 

၅။ကာမဘုန်းတော်။။။။။။။ 

လိုအင်ဆန္ဒတောင့်တမှုမှန်သမျှ ခဏချက်ချင်းပြည့်စုံတော်မူသော မြတ်စွာဘုရား။ 

၆။ပယတ္တဘုန်းတော်။။။။။။။ 

အတုမရှိသော လုံ့လ၀ီရိယနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား။ 

ဂုဏ်​​တော်​ ကိုးပါး 

Comments

Popular posts from this blog

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ရင်သား ကြီးခြင်း၏ နောက်ကွယ်(မိန်းကလေးများအထူးဖတ်ရန်)

ရင်သား ကြီးခြင်း၏ နောက်ကွယ်(မိန်းကလေးများအထူးဖတ်ရန်) အလှကုန် ပစ္စည်းမျိုးစုံ ရောင်းချသော ဆိုင်တစ်ဆိုင် အတွင်းသို့ အမျိုးသမီးငယ် တစ်ဦး လှမ်းဝင် သွားနေသည်။ ထို့နောက် ဆိုင်အတွင်း ရောင်းချသော အလှကုန် ပစ္စည်းများကို ကြည့်ရှုပြီး တစ်နေရာ အရောက် သူလိုချင်သော အရာကို တွေ့ရှိရ၍ ဝယ်ယူလိုက်သည်။  အဆိုပါ အမျိုးသမီးငယ် ဝယ်ယူသွားသော အလှကုန်ပစ္စည်း အမျိုးအစားမှာ အိမ်နီးချင်းနိုင်ငံ များမှ ဝင်ရောက်လျက် ရှိသည့် အမျိုးသမီးများ အတွက် ရင်သားကြီးထွားစေသော ရင်သားလူးဆေး ပင်ဖြစ်သည်။  အလှအပကို စိတ်ဝင်စားကြသည့် အမျိုးသမီး များသည် မျက်နှာလှပရန်၊ အသားအရည်ကောင်း ရန် စသည်ဖြင့် အလှအပအတွက် လိုအပ်သော အလှပြင်ပစ္စည်းများဖြင့် လှပရန် လိမ်းခြယ်ကြ၊ ခွဲစိတ် ပြုပြင်ကြသည့် နည်းတူ သဘာဝ အလျောက် ဖြစ်ပေါ်နေသော ရင်သားနှင့် ပတ်သက်၍ ရင်သား လှပရန် နိုင်ငံစုံမှ ထုတ်လုပ်ထားသော လိမ်းဆေး များလူးခြင်း၊ ရင်သားခွဲစိတ် ပြုပြင်ခြင်းများကို အချို့သော အမျိုးသမီးများ ပြုလုပ်ကြသည်ကို တွေ့မြင်လာရသည်။  “အစ်မတို့ဆိုင်ကို လာဝယ်ကြတဲ့ သူတွေထဲ အပျိုတွေဆို ရင်သားကြီး ဆေးဝယ်ပြီး အိမ်ထောင်ကျပြီးတဲ့ သူတွေကတော့ ရင်သားပင့်တင်တဲ့ဆေး သုံးတာ များတယ်” ဟ...