Skip to main content

ဦးပါမောက္ခကို ဖမ်းဆီး၍ လူဝတ်လဲ

ဦးပါမောက္ခကို ဖမ်းဆီး၍ လူဝတ်လဲ



မကွေးကျောင်းဆရာတော် ဦးပါမောက္ခကို မြောက်ဒဂုံရဲစခန်းက ယနေ့ (နိုဝင်ဘာ ၁၂ ရက်) မွန်းလွဲပိုင်းတွင်ထိန်းသိမ်း၍ ရန်ကုန်တိုင်း သံဃာနာယက အဖွဲ့ရုံးသို့ ခေါ်ဆောာင်ကာ လူဝတ်လဲလိုက်ပြီဖြစ်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၂

မကွေးကျောင်းဆရာတော် ဦးပါမောက္ခကို မြောက်ဒဂုံရဲစခန်းက ယနေ့ (နိုဝင်ဘာ ၁၂ ရက်) မွန်းလွဲပိုင်းတွင်ထိန်းသိမ်း၍ ရန်ကုန်တိုင်း သံဃာနာယက အဖွဲ့ရုံးသို့ ခေါ်ဆောာင်ကာ လူဝတ်လဲလိုက်ပြီဖြစ်သည်။

မဘသ အဖွဲ့၏ ဦးဆောင်ဆရာတော်ဟောင်းဖြစ်ခဲ့သူ ဦးပါမောက္ခမှာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် စည်ပင်သာယာရေး ကော်မတီရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ရန် လယ်သမား ဦးအောင်စီနှင့်အတူ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ရဲတပ်ဖွဲ့စခန်းသို့ ခွင့်ပြုချက် သွားရောက်လျှောက်ထားရာမှ ဆရာတော်ကို ကမာရွက်တရားရုံးမှ ပုဒ်မ- ၅၀၅(ခ)ဖြင့် ဖမ်းဝရမ်း ထုတ်ထားသဖြင့် ရဲတပ်ဖွဲ့ဖမ်းဆီးခွင့် ရှိသည်ဟုဆိုကာ ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

၂၀၁၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးထုတ်ပြန်ချက်တွင် ရိုဟင်ဂျာလူမှုအသိုက်အဝန်းဟု သုံးနှုန်းဖော်ပြခဲ့သည့်အပေါ် ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒပြပွဲကို ယင်းနှစ်ဧပြီလ ၂၈ ရက် နေ့တွင် အမေရိကန်သံရုံးရှေ့၌ ဆန္ဒပြခဲ့ရာ မကွေးကျောင်းဆရာတော် ဥူးပါမောက္ခ၊ မျိုးချစ်ရဟန်းတော်များ သမဂ္ဂဥက္ကဋ္ဌ ဥူးဉာဏဓမ္မ၊ အတွင်းရေးမှူး ဥူးသုစိတ္တ အပါအဝင် အမျိုးသားရေး တက်ကြွလှုပ်ရှားသူလေးဦး တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

အမျိုးသားရေး တက်ကြွလှုပ်ရှားသူ လေးဦးဖြစ်သော ကိုဝင်းကိုကိုလတ်၊ ကိုနောင်တော်လေး(ခ)နိုင်ဝင်းထွန်း၊ ကိုသက်မျိုးဦးနှင့် ကိုနေဝင်းအောင်တို့ကို ကမာရွတ် တရားရုံးက စက်တင်ဘာလ ၂၈ ရက်တွင် အလုပ်နှင့်ထောင်ဒဏ် ၇ လစီ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...