Skip to main content

သံဃာတွေနဲ့ သီလရှင်တွေ ဘာသာပေါင်းစုံ ဆုတောင်းပွဲတွေ မကြွကြဖို့ မဟန တားမြစ်မည်

သံဃာတွေနဲ့ သီလရှင်တွေ ဘာသာပေါင်းစုံ ဆုတောင်းပွဲတွေ မကြွကြဖို့ မဟန တားမြစ်မည်


ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲကို ရန်ကုန်မြို့ အောင်ဆန်းအားကစားကွင်းမှာ အောက်တိုဘာလ ၁ဝ ရက်နေ့ကကျင်းပခဲ့စဉ်။ Photo: Thant Zin Oo/RFA
ဘာသာပေါင်းစုံ ဆုတောင်းပွဲတွေကို ရဟန်းသာမဏေတွေ၊ သီလရှင်တွေ မကြွရောက်ဖို့ နိုင်ငံတော် သံဃာ့မဟာနာယက မဟန အဖွဲ့က ညွှန်ကြားချက် ထုတ်ပြန်တားမြစ်သွားမှာဖြစ်ကြောင်း သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းညွန့်က ဒီနေ့ ပြောပါတယ်။ 

ဘာသာပေါင်းစုံတောင်းပွဲတွေမှာ တခြားဘာသာဝင်တွေနဲ့ပေါင်းပြီး လူပုဂ္ဂိုလ်တွေနဲ့ ရဟန်းသံဃာတွေ ရောထွေးနေတာဟာ ထေရ၀ါရ ဗုဒ္ဓဘာသာရဲ့ ၀ိနည်းတရားတော်တွေအရ သာသနာ့စည်းမျဉ်းတွေနဲ့ ညီညွတ်မှု မရှိတာကြောင့် နိုင်ငံတော်သံဃာ့မဟာနာယက မဟန ဆရာတော်တွေက တားမြစ်ရတာ ဖြစ်တယ်လို့ RFA က ဆက်သွယ်မေးမြန်းရာမှာ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းညွန့် က ပြောပါတယ်။ 

"ဒီဟာက ဘာသာပေါင်းစုံဆုတောင်းပွဲတွေက တခြားဘာသာဝင်တွေနဲ့ပေါင်းပြီး လူပုဂ္ဂိုလ်တွေနဲ့ ရောထွေးပြီး လုပ်တဲ့ဟာဖြစ်တဲ့အတွက် ၀ိနည်းစည်းကမ်းတွေနဲ့ မညီညွတ်လို့ပါ။ ကျနော်တို့ ထေရ၀ါဒရဲ့ ၀ိနည်းတရားတော်အရ သာသနာ့စည်းမျဉ်းတွေနဲ့ မညီညွတ်လို့ပါဗျ" 

နိုင်ငံတော်သံဃာ့မဟာနာယက မဟန ဆရာတော် ၄၇ ပါး စုံညီအစည်းအဝေးကို မနေ့က ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေမှာ ပြုလုပ်ခဲ့ပြီး အဲဒီစုံညီအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ 

ညွှန်ကြားချက်ကိုတော့ လာမယ့် အစိုးရရုံးဖွင့်ရက်တွေမှာ အောက်ခြေသံဃာ့မဟာနာယက အဖွဲ့တွေကို ထုတ်ပြန်လိမ့်မယ်လို့  သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းညွန့်က ပြောပါတယ်။ 

မန္တလေးတိုင်း စဥ့်ကိုင်မြို့နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလက ပြုလုပ်ခဲ့တဲ့ ဘာသာပေါင်းစုံ ဆုတောင်းပွဲမှာ သာမဏေတွေ ကိုရင်တွေက အောက်မှာ ထိုင်ပြီး တခြားဘာသာဝင် လူပုဂ္ဂိုလ်တွေက စင်မြင့်ပေါ်မှာထိုင်ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မြို့နယ် သံဃာအဖွဲ့အစည်းတွေက အစီရင်ခံ တင်ပြတာ တိုင်ကြားတာတွေရှိတယ်လို့ ပြောပါတယ်။ 

ထေရ၀ါဒ ဗုဒ္ဓဘာသာမှာ ရဟန်းသာမဏေတွေဟာ နိုင်ငံတော် သမ္မတအပါအ၀င် နိုင်ငံတော်ရဲ့အဆင့်အမြင့်ဆုံး ခေါင်းဆောင်တွေက ဦးထိပ်ထား ကိုးကွယ်နေရသူတွေဖြစ်ကြောင်းနဲ့ အဲဒီဘာသာပေါင်းစုံ ဆုတောင်းပွဲတွေမှာ သာမန်လူပုဂ္ဂိုလ်တွေက စင်မြင့်ပေါ်မှာနေပြီး ဘုန်းကြီး ရဟန်းတွေက အောက်မှာနေရတဲ့ အနေအထားဟာ ဗုဒ္ဓဘာသာကို နှိပ်ကွပ်သလို တန်းညှိသလိုဖြစ်နေတာကြောင့် သံဃာ့အဖွဲ့အစည်းက လက်မခံတာလို့ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းညွန့်က ပြောပါတယ်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ဦးဆောင်ပြုလုပ်တဲ့ နိုင်ငံတ၀ှမ်းက ဘာသာပေါင်းစုံငြိမ်းချမ်းရေး ဆုတောင်းပွဲတွေကို NLD ပါတီက လွှတ်တော် ကိုယ်စားလှယ်တွေ၊ သက်ဆိုင်ရာတိုင်းနဲ့ပြည်နယ် ၀န်ကြီးချုပ်တွေနဲ့ ဘာသာရေး ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။ 

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...