ကမ္ဘာကြီး ၁၅၆ လုံးစာလောက် လွမ်းတယ်လို့ ဆိုလိုက်တဲ့ ရွှေမှုံရတီ
သူမတကယ်လွမ်းနေတာ ဘယ်သူတွေ ဖြစ်မလဲ။ သူတကယ်လွမ်းနေတဲ့သူကတော့ သူမရဲ့ We Love တွေပဲ ဖြစ်ပါတယ်။
“We love ရေလွမ်းတယ်
ကမ္ဘာကြီး၁၅၆လုံးစာလောက်” ဆိုပြီး သူမရဲ့ ဖေ့စ်ဘါမှာ ရေးသားထားတာပါ။
သူမရဲ့ We Love အဖွဲ့သားတွေကို လွမ်းနေတာဖြစ်သလို We Love အဖွဲ့သားတွေကလည်း သူမကို လွမ်းနေကြောင်း ကောမန့်မှာ ရေးသားထားတာတွေ့ရပါတယ်။
သူမက We Love တွေကို လွမ်းတယ်ဆိုတဲ့ စာသားလေးနဲ့အတူ ဓာတ်ပုံအသစ်လေးတွေကိုလည်း ထပ်တင်လိုက်ပါတယ်။
ဒီတစ်ခါတင်လိုက်တဲ့ ပုံလေးတွေက ဂျင်းဝမ်းဆက်လေးနဲ့ ဖြစ်ပြီး လုံးဝ ရိုးရိုးရှင်းရှင်းလေး ဖြစ်ပါတယ်။ သူမရဲ့ ပုံလေးတွေကိုလည်း သူမကို လွမ်းနေတဲ့ ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်တယ်နော်။
ရွှေမှုံရတီ(Shwe Mhom Yati) ဟာ အနုပညာပျိုးခင်း(၁)ရဲ့ စင်တင်မင်းသမီး တစ်လက်အဖြစ် အနုပညာလောကထဲကို ရောက်ရှိလာသူ တစ်ဦးဖြစ်ပြီး အသက်(၁၈)ကျော်သာ ရှိသေးတဲ့ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။
ယခုဆိုရင် ရွှေမှုံရတီဟာ ဗီဒီယို ဇာတ်ကားများသာမက ရုပ်ရှင်ဇာတ်ကားတွေကိုပါ လက်ခံရိုက်ကူးလာရတဲ့ သရုပ်ဆောင် တစ်ဦး ဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့ ရွှေမှုံရတီကတော့ ပရိသတ်အားပေးမှု အခိုင်အမာ ရရှိထားသူ တစ်ဦးလည်း ဖြစ်လို့လာပါပြီ။
- Get link
- X
- Other Apps
- Get link
- X
- Other Apps
Comments