Skip to main content

ကျူးကျော်ရပ်ကွက်နေ ဘ၀ကို ရိုက်ကူးထားသည့် အမည်ပေါက်နှင့်ကျူး ရုပ်ရှင် ဇာတ်ကား ရုံတင်ပြီင်ပြီ

ကျူးကျော်ရပ်ကွက်နေ ဘ၀ကို ရိုက်ကူးထားသည့် အမည်ပေါက်နှင့်ကျူး ရုပ်ရှင် ဇာတ်ကား ရုံတင်ပြီ


အမည်ပေါက်နှင့်ကျူး ရုပ်ရှင် ဇာတ်ကားသည် ကျူးကျော်ရပ်ကွက်တွင် နေထိုင်သူများ၏ ဘ၀ကို ပုံဖော် ရိုက်ကူး ပြသထားသည့် ဒရာမာ ရုပ်ရှင်ကားဖြစ်ပြီး တကယ့်ကျူးကျော်ရပ်ကွက်တွင် သွားရောက် ရိုက်ကူးထားခြင်း ဖြစ်သည်။

ရန်ကုန် ၊ နိုဝင်ဘာ ၁၁ ။                        ။ နယူးဖိုးဝ ရုပ်ရှင်ထုတ်လုပ်ရေးမှ ပထမဆုံး ပွဲဦးထွက် တင်ဆက်လိုက်သည့် အမည်ပေါက်နှင့်ကျူး ရုပ်ရှင် ဇာတ်ကားကြီးကို နိုဝင်ဘာ ၁၀ရက်မှ စတင်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံများတွင် စတင် ပြသနေပြီ ဖြစ်သည်။
ဇာတ်လမ်း ဇေယျာ ၊ ကိုငယ်လေး (DV5) ဖြစ်ပြီး ဇာတ်ညွှန်း မြမြင့်မိုရ် ၊ နေစိုးသော် ဖြစ်ကာ ဒါရိုက်တာ ဇော်မျိုးမှ ရိုက်ကူးပုံဖော်ထားပြီး သရုပ်ဆောင်များ အဖြစ် မြင့်မြတ် ၊ အိချောပို ၊ မေကဗျာ ၊ ဇင်ဝိုင်း နှင့် တခြား သရုပ်ဆောင်များစွာတို့ ပါဝင် သရုပ်ဆောင်ထားကြသည်။
 အမည်ပေါက်နှင့်ကျူး ရုပ်ရှင် ဇာတ်ကားသည် ကျူးကျော်ရပ်ကွက်တွင် နေထိုင်သူများ၏ ဘ၀ကို ပုံဖော် ရိုက်ကူး ပြသထားသည့် ဒရာမာ ရုပ်ရှင်ကားဖြစ်ပြီး တကယ့်ကျူးကျော်ရပ်ကွက်တွင် သွားရောက် ရိုက်ကူးထားခြင်း ဖြစ်သည်။
 ထိုဇာတ်ကားသည် ငွေမရှိသော်လည်း ပျော်ပျော်နေတတ်သည့် ကျူး ရပ်ကွက်သားများ ၊ အကူအညီလိုရင် အချိန်မရွေး ကူညီ ပေးတတ်သည့် မြန်မာလူမျိုးတို့၏ စိတ်ဓါတ် ၊ အခက်အခဲနှင့် ရင်ဆိုင်ရလည်း စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ရင်ဆိုင် ဖြေရှင်းဖို့ လိုအပ်ကြောင်းတွေကို ရိုက်ကူးပြသထားသည်။
 အမည်​​ပေါက်​နှင့်ကျူး ရုပ်​ရှင်​ဇာတ်​ကားတွင်​ ​မြေလုတိုက်​ပွဲများနှင့်​ မိသားစု​ရေးရာပြသနာများ​ကြောင့်​ တရားရုံး တွင်​ ​ဖြေရှင်းကြရသည့်​ ဇာတ်​ဝင်​ခန်းများပါရှိပြီး ထိုဇာတ်ဝင်ခန်းများ အတွက် တရားရုံးအစစ်​တွင်​ ရိုက်​ကူးရန်​ အခက်​အခဲ ရှိခဲ့တာကြောင့် ထိုဇာတ်ကားတွင် တရားရုံး ဆက်​တင်​တစ်​ခုလုံးကို တရားရုံး အင်္ဂါရပ်​နှင့်အညီ အတုတည်​​ဆောက်​ကာ ရိုက်​ကူးခဲ့ကြသည်။
 အငိုမင်းသား ဟု လူသိများခဲ့သည့် သရုပ်ဆောင် မြင့်​မြတ်​ သည် ယခု​နောက်​ပိုင်း​တွင် ​ဈေးကွက်​ အ​ခြေအ​နေ အရ ဟာသကား​တွေ အရိုက်​များလာခဲ့သည့် သရုပ်ဆောင် မြင့်မြတ်ကို အမည်​​ပေါက်​နှင့်ကျူး ရုပ်​ရှင်​ဇာတ်​ကားတွင် ၎င်း၏ မူလပင်​ကိုစတိုင်​ဖြစ်​သည့် ဒရာမာဇာတ်​ရုပ်​ကို ကြည့်ရှုရမည် ဖြစ်ကာ လက်ရှိတွင် ပရိသတ် များ မှ အကယ်ဒမီ ရနိုင်သည် ဟု ထင်ကြေး ပေးခံနေရသည်။

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...