Skip to main content

မန်မာ- အိန္ဒိယ နယ်စပ် ကုန်သွယ်ရေးလမ်း တန်ချိန် သတ်မှတ်ပြီးနောက် တန်ဆာခ ဈေးတက်

မန်မာ- အိန္ဒိယ နယ်စပ် ကုန်သွယ်ရေးလမ်း တန်ချိန် သတ်မှတ်ပြီးနောက် တန်ဆာခ ဈေးတက်



စစ်ကိုင်းတိုင်း ကလေးမြို့နှင့် ချင်းပြည်နယ် ရိဒ်ခေါဒါရ်မြို့ ဆက်သွယ်ထားသည့် ကလေး- တီးတိန်- ရိဒ်ခေါဒါရ် နယ်စပ် ကုန်သွယ်ရေးလမ်း သွားလာသည့် ယာဉ်များကို ယာဉ်၊ ကုန်တန်ချိန် သတ်မှတ်လိုက်ပြီးနောက် တန်ဆာ တင်ခနှုန်းများ ဈေးမြှင့်လိုက်ရကြောင်း ကလေး- ရိဒ် ကုန်စည်ပို့ဆောင်ရေး ဂိတ်မှူးများက ပြောကြားသည်။
ကလေး၊ နိုဝင်ဘာ ၁၁ 

စစ်ကိုင်းတိုင်း ကလေးမြို့နှင့် ချင်းပြည်နယ် ရိဒ်ခေါဒါရ်မြို့ ဆက်သွယ်ထားသည့် ကလေး- တီးတိန်- ရိဒ်ခေါဒါရ် နယ်စပ် ကုန်သွယ်ရေးလမ်း သွားလာသည့် ယာဉ်များကို ယာဉ်၊ ကုန်တန်ချိန် သတ်မှတ်လိုက်ပြီးနောက် တန်ဆာ တင်ခနှုန်းများ ဈေးမြှင့်လိုက်ရကြောင်း ကလေး- ရိဒ် ကုန်စည်ပို့ဆောင်ရေး ဂိတ်မှူးများက ပြောကြားသည်။ 

ကလေး- ရိဒ် မိုင် ၈၀ ကျော်လမ်းကို ယခုနှစ် အောက်တိုဘာလ ပထမပတ်မှ စတင်၍ ယာဉ်/ကုန် တန်ချိန် သတ်မှတ်လိုက်ခြင်းဖြစ်ပြီး ယင်းသို့ သတ်မှတ်လိုက်သည့်အတွက် ကုန်တင်ယာဉ်များအနေနှင့် သတ်မှတ်တန်ချိန်အတိုင်း တင်ရခြင်းကြောင့် ကုန်စည်များ၏ တန်ဆာခနှုန်းကို ကုန်စည်တင်ပို့သည့် ဂိတ်လိုင်းများ အစည်းအဝေး ပြုလုပ်ကာ တိုးမြှင့်လိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

တန်ဆာခ တိုးမြှင့်သတ်မှတ်မှု အနေနှင့် ယခင်က တစ်ပိဿာလျှင် ၁၂၀ ကျပ် သတ်မှတ်သည်ကို ယခုအခါ ၁၅၀ ကျပ် စသည်ဖြင့် ကုန်စည်အကျစ် အပွပေါ် မူတည်၍ သတ်မှတ်ထားသည့် တန်ဆာခ တစ်ခုလျှင် ပျမ်းမျှ ၃၀ ကျပ်နှုန်း သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း ချင်းတောင်တန်း ယာဉ်လိုင်းမှ ဂိတ်မှူး ဦးဇွာလ်လာက ရှင်းပြပြောဆိုသည်။ 

“သူတို့ ပြောတာကတော့ မိုးတွင်းမှာလည်း မင်းတို့က အဆမတန် ကားတွေက အဆမတန်နဲ့ တင်လို့ တောင်ပေါ်လမ်းတွေ မခံနိုင်ဘူးတဲ့။ အဲဒါနဲ့ ပြည်နယ် အစိုးရက စဉ်းစားတော့ တန်ပိုဂိတ်ထားရမှာ ဖြစ်မှာဆိုပြီးတော့ ထားရတာတဲ့။ ဆိုတော့ ငါတို့အနေနဲ့လည်း လမ်းခရီး အတိုင်းအတာမှာ လမ်းကောင်းလာပေမယ့်လို့လည်း ဒီဇယ်ဈေး၊ ဓာတ်ဆီဈေး အားလုံး ကိုက်ညီအောင်ပေါ့နော် တန်ဆာခ ပြန်ပြင်ရတာ ဖြစ်တယ်”ဟု ၎င်းကဆိုသည်။ 

ကလေး- ရိဒ် နယ်စပ် ကုန်စည်တင်ပို့မှုအနေနှင့် လူသုံးကုန် အဝတ်အထည်နှင့် ကွမ်းသီးကို အများဆုံး တင်ပို့ရကြောင်း၊ အောက်တိုဘာ၊ နိုဝင်ဘာကာလသည် ခရစ္စမတ်ကာလ နီးလာပြီဖြစ်ခြင်း၊ ပွင့်လင်းရာသီ ရောက်လာပြီဖြစ်ခြင်းကြောင့် ကုန်စည်များများ တင်ပို့ရသည့်ကာလဖြစ်ကာ အိန္ဒိယနိုင်ငံမှ မြေဝါမှုန့်များ အများဆုံး ဝင်ရောက်ကြောင်း ကုန်စည်တင်ပို့သည့် ယာဉ်လိုင်းများထံမှ သိရသည်။

“တန်ဆာခ တက်လိုက်တဲ့အခါကျတော့ ကုန်ပစ္စည်းဈေးနှုန်းမှာ ပြန်တက်လိုက်ရုံပဲ။ အခက်အခဲ မရှိပါဘူး”ဟု ရိဒ်ခေါဒါရ်မြို့မှ နယ်စပ်ကုန်သည် တစ်ဦးဖြစ်သည့် ဦးရှာလ်ခုပ်က ဆိုသည်။ 

ယင်းသို့ လမ်းတန်ချိန် သတ်မှတ်လိုက်သည့်အတွက် ဂျပန်နိုင်ငံထုတ်ကား လက်ဝယ်ရှိသူများသည် ကုန်စည်တင်ပို့ ရန်ပြေးဆွဲမှု ရပ်ဆိုင်းရသလောက်နီးပါး ဖြစ်ခဲ့ပြီး တရုတ်နိုင်ငံထုတ် ကားများသည် ပိုမို ပြေးဆွဲလာနိုင်ကြောင်း၊ ယင်းသို့ ဖြစ်ရသည်မှာ ဂျပန်နိုင်ငံထုတ် ကားများသည် ယာဉ်တန်ချိန်များသည့်အတွက်ဖြစ်ပြီး တရုတ်နိုင်ငံထုတ် ကားများသည် ယာဉ်တန်ချိန် နည်းသည့်အတွက် ကုန်စည်များများ တင်နိုင်ခြင်းကြောင့်ဖြစ်ကြောင်း ကလေး-ရိဒ် နယ်စပ်ယာဉ်မောင်းများက ပြောကြားသည်။

Comments

Popular posts from this blog

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ရင်သား ကြီးခြင်း၏ နောက်ကွယ်(မိန်းကလေးများအထူးဖတ်ရန်)

ရင်သား ကြီးခြင်း၏ နောက်ကွယ်(မိန်းကလေးများအထူးဖတ်ရန်) အလှကုန် ပစ္စည်းမျိုးစုံ ရောင်းချသော ဆိုင်တစ်ဆိုင် အတွင်းသို့ အမျိုးသမီးငယ် တစ်ဦး လှမ်းဝင် သွားနေသည်။ ထို့နောက် ဆိုင်အတွင်း ရောင်းချသော အလှကုန် ပစ္စည်းများကို ကြည့်ရှုပြီး တစ်နေရာ အရောက် သူလိုချင်သော အရာကို တွေ့ရှိရ၍ ဝယ်ယူလိုက်သည်။  အဆိုပါ အမျိုးသမီးငယ် ဝယ်ယူသွားသော အလှကုန်ပစ္စည်း အမျိုးအစားမှာ အိမ်နီးချင်းနိုင်ငံ များမှ ဝင်ရောက်လျက် ရှိသည့် အမျိုးသမီးများ အတွက် ရင်သားကြီးထွားစေသော ရင်သားလူးဆေး ပင်ဖြစ်သည်။  အလှအပကို စိတ်ဝင်စားကြသည့် အမျိုးသမီး များသည် မျက်နှာလှပရန်၊ အသားအရည်ကောင်း ရန် စသည်ဖြင့် အလှအပအတွက် လိုအပ်သော အလှပြင်ပစ္စည်းများဖြင့် လှပရန် လိမ်းခြယ်ကြ၊ ခွဲစိတ် ပြုပြင်ကြသည့် နည်းတူ သဘာဝ အလျောက် ဖြစ်ပေါ်နေသော ရင်သားနှင့် ပတ်သက်၍ ရင်သား လှပရန် နိုင်ငံစုံမှ ထုတ်လုပ်ထားသော လိမ်းဆေး များလူးခြင်း၊ ရင်သားခွဲစိတ် ပြုပြင်ခြင်းများကို အချို့သော အမျိုးသမီးများ ပြုလုပ်ကြသည်ကို တွေ့မြင်လာရသည်။  “အစ်မတို့ဆိုင်ကို လာဝယ်ကြတဲ့ သူတွေထဲ အပျိုတွေဆို ရင်သားကြီး ဆေးဝယ်ပြီး အိမ်ထောင်ကျပြီးတဲ့ သူတွေကတော့ ရင်သားပင့်တင်တဲ့ဆေး သုံးတာ များတယ်” ဟ...