Skip to main content

မိဘနေအိမ်မရှိခိုက် အရွယ်မရောက်သေးသူအား ပိုက်ဆံပေးမည်ပြောကာ သားမယား ပြုကျင့်

မိဘနေအိမ်မရှိခိုက် အရွယ်မရောက်သေးသူအား ပိုက်ဆံပေးမည်ပြောကာ သားမယား ပြုကျင့်
နိုဝင်ဘာ (၇) ရက်နေ့တွင် အမျိုးသားတစ်ဦးက ၎င်း၏နေအိမ်ပေါ် တက်ပြီး သမီးဖြစ်သူအား သားမယား ပြုကျင့်သည်ဆိုကာ ရဲစခန်းတွင် တိုင်ကြားအမှုဖွင့်ခဲ့ကြောင်း သိရသည်။ 

ဖြစ်စဉ်မှာ ဘိုင်းကျေးရွာနေ ဒေါ်ပလူ ၊ ၄၃နှစ်သည် ခင်ပွန်းဖြစ်သူနှင့်အတူ နိုဝင်ဘာ (၆)ရက်နေ့ နံနက်(၅) နာရီအချိန်တွင် စပါးအဌားရိတ်ရန်အတွက် အောင်ချမ်းသာကျေးရွာသို့ သွားရောက်ခဲ့ကြောင်း၊ ၎င်း၏နေအိမ်တွင် သမီးဖြစ်သူ မ—–၊ ၁၄နှစ် တစ်ဦးတည်းကျန်နေခဲ့ကြောင်း၊ တစ်ရွာတည်းနေ ဒေါ်ပလူ၏ မိခင်ဖြစ်သူ ဒေါ်ပထယ် မှမြေးဖြစ်သူ မ——၊၁၄နှစ်အား စိတ်မချသဖြင့် နံနက်(၇)နာရီခွဲအချိန် သွားရောက်ကြည့်ရှုခဲ့သည်။ 

ဒေါ်ပလူ၏ နေအိမ် အပေါ်ထပ်တွင် မ—-၊ ၁၄နှစ်အား အာနိုး(ခ)မြင့်လွင်၊ ၃၄နှစ် ၊ရွှေချောင်းရွာ၊ မင်းလှမြို့နယ်နေသူနှင့်အတူ ထိုင်လျှက်တွေ့ရှိသဖြင့် မေးမြန်းရာ အာနိုး(ခ)မြင့်လွင် (လွန်ခဲ့သော(၇)နှစ်ခန့်မှစ၍ ဘိုင်းကျေးရွာ၌ နေထိုင်ပြီးကျပန်းအလုပ်လုပ်ကိုင်သူသည်) ဆေးလိပ် ဝင်ရှာတာဟုပြောပြီး ထွက်သွားသဖြင့် မ—-၊၁၄နှစ်အားဆက်လက်မေးမြန်းခဲ့ရာ မ—-၊ ၁၄နှစ်သည် ဝက်စာကျိုနေစဉ် အာနိုး(ခ)မြင့်လွင် ရောက်ရှိလာပြီး ပိုက်ဆံပေးမည်ပြောကာ အိပ်ခန်းအတွင်း လက်ဆွဲခေါ်၍ သားမယားအဖြစ်ပြုကျင့်ခဲ့ ကြောင်းပြောပြသိရှိခဲ့ခြင်းဖြစ်ကြောင်း တရားလို၏တိုင်ကြားချက်အရ သိရသည်။ 

ဖြစ်စဉ်နှင့်ပက်သက်၍ သမီးဖြစ်သူအားသားမယားပြုကျင့်သူ အာနိုး(ခ)မြင့်လွင်အား အရေးယူပေးရန် နိုဝင်ဘာ(၇)ရက်နေ့တွင်ဒေါ်ပလူ မှ တရားလိုပြုတိုင်ကြား ခဲ့၍ မင်းတုန်းမြို့မရဲစခန်းက အမှုဖွင့်စစ်ဆေးလျှက်ရှိကြောင်းသိရသည်။ 

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...