Skip to main content

အိုမီဂါ သရီး (Omega 3) ခေါ် ငါးကြီးဆီ သောက်သုံးခြင်း မှ ရရှိနိုင်မည့် အကျိုးကျေးဇူး (၄) ခု

အိုမီဂါ သရီး (Omega 3) ခေါ် ငါးကြီးဆီ သောက်သုံးခြင်း မှ ရရှိနိုင်မည့် အကျိုးကျေးဇူး (၄) ခု
ကြက်ဥ၊ သစ်ကြားသီးတွေမှာ ပါဝင်ပါတယ် 

အိုမီဂါ သရီး (Omega 3) ခေါ် ငါးကြီးဆီ ကောင်းကျိုးများ 

(၁) မျက်စိကို ဆုတ်ယုတ်ပျက်စီးမှု မဖြစ်အောင် ကာကွယ်ပေးခြင်း 

တူနာ ဒါမှမဟုတ် ဆယ်လ်မွန် ငါးတွေမှာ အိုမီဂါ သရီး (Omega 3) အများဆုံး ပါဝင်ပြီး ငါးကို တစ်ပတ်မှာ နှစ်ကြိမ် ဒါမှမဟုတ် သုံးကြိမ်လောက် စားသုံးပေးမယ်ဆိုရင် အသက်အရွယ်ကြီးရင့်လာလို့ အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေနိုင်ပါတယ်။ မက်ကူလာ ယိုယွင်းပျက်စီးခြင်း (agerelated macular degeneration) ဖြစ်နိုင်ခြေကို ၂၅% ထိ လျှော့ချပေးနိုင်တယ်လို့ အမေရိကန်မှ သုတေသနပြုသူတွေက ဆိုပါတယ်။ Omega 3s ရယ်၊ Antioxidants အားဖြည့်ဆေးရယ်၊  ပေါင်းစပ်ပြီး စားသုံးပေးခြင်းဟာ မျက်စိကို မပျက်စီးစေဘဲ မျက်စိအနီးအဝေး မမှုန်အောင် လုပ်နိုင်တဲ့ အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။

(၂) မှတ်ဉာဏ်ရည် စွမ်းအားအလွန် ကောင်းမွန်လာခြင်း 

အိုမီဂါ သရီး (Omega 3) ပါတဲ့အစားအစာတွေနဲ့ အားဖြည့်ဆေးတွေဟာ သတိမေ့တတ်သူတွေကို မှတ်ဉာဏ်အား ပြန်ကောင်းလာစေနိုင်ပါတယ်။ အမေရိကန်မှ သုတေသနလေ့လာမှုအရ အိုမီဂါ သရီး (Omega 3) ပါတဲ့အစားအစာတွေနဲ့ အားဆေးကို နေ့စဉ် သောက်တဲ့သူတွေက မှတ်ဉာဏ်ရည် စွမ်းအားမှာ သုံးနှစ်စာလောက် ပိုတိုးတက်လာတယ်လို့ ဆိုပါတယ်။ 

(၃) နှလုံးကျန်းမာရေးကောင်းမွန်စေခြင်း 

အိုမီဂါ သရီး (Omega 3) အဆီတွေဟာ သွေးတွင်းထဲရှိ အဆီပါဝင်နှုန်းတွေ လျော့နည်းအောင် ကူညီနိုင်ပါတယ်။ အမေရိကန်မှာ လေ့လာမှုအရ အိုမီဂါ သရီး (Omega 3) ကို နေ့စဉ်သောက်သူတွေဟာ သွေးထဲရှိ မကောင်းတဲ့ အဆီ (LDL) အဆင့်ကိုလည်း ထက်ဝက်ခန့် လျှော့ချနိုင်တယ်လို့ ဆိုပါတယ်။ 

(၄) အာရုံစူးစိုက်မှု မရသော ဝေဒနာလျှော့ချနိုင်ခြင်း 

ဆွီဒင်နိုင်ငံ လေ့လာမှုတစ်ခုအရ အာရုံစူးစိုက်လို့မရတဲ့ ရောဂါ (ADHD) ရှိတဲ့ကလေးတွေကို အိုမီဂါ သရီး (Omega 3) မြင့်မားစွာ ပါဝင်တဲ့ အားဆေးတွေ ပေးခဲ့ပါတယ်။ ခြောက်လအကြာမှာ အဲဒီ ကလေးတွေရဲ့ ၄၇ % မှာ ဝေဒနာ ၂၅% လောက်ထိ သက်သာသွားပြီး ကလေး ၁၂ % မှာ ဝေဒနာ ထက်ဝက်ခန့် သက်သာသွားတာကို တွေ့ခဲ့ရပါတယ်။ 

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...