Skip to main content

သူ ကိုယ့်အပေါ် ချစ်လာအောင် ဒီ (၅) ချက်နဲ့ စွဲဆောင်ပါ

သူ ကိုယ့်အပေါ် ချစ်လာအောင် ဒီ (၅) ချက်နဲ့ စွဲဆောင်ပါ
ချစ်သူ ရည်းစား တစ်ယောက်ရှာဖွေဖို့ဆိုတာ ခက်ခဲလှတဲ့ အရာတစ်ခုတော့ မဟုတ်ပါဘူး။ အရေးကြီးဆုံးအချက်က ကိုယ့်ရဲ့ချစ်သူဟာ ကိုယ့်ချစ်နေဖို့လိုအပ်တာပါပဲ။ 

ကိုယ့်ရဲ့ချစ်သူ၊ သို့မဟုတ်လက်တွဲဖော်က ကိုယ့်ကိုအမြဲချစ်နေအောင် ဒီ (၅) ချက်ကို လိုက်နာထားသင့်ပါတယ်။ ဒါပေမယ့် စိတ်ပညာ ကျွမ်းကျင်ပညာရှင် နျူးမန်းက ထောက်ခံထားတဲ့ အချက်တွေပါ။ 

၁။ မျက်လုံးခြင်းဆုံပါ 

သူနဲ့တွေ့တဲ့အခါမျက်လုံးဆုံပြီး စကားပြောနိုင်အောင် ကြိုးစားပါ။ မျက်လုံးခြင်းဆုံပြီး ကိုယ့်ရဲ့အချစ်ကိုဖော်ပြတာလောက် ပိုကောင်းတဲ့ ဖော်ပြမှု မရှိပါဘူး။ 

၂။ ဂရုတစိုက်နားထောင် 

သူ့မှာလည်း ပြောစရာတွေရှိနေမှာပါ။ ကိုယ်ကချည်းပဲ ပြောမနေပဲ သူပြောတွေကိုလည်း ဂရုတစိုက်နားထောင်ပြီး အကြံဉာဏ်တွေပေးပါ။ မေးခွန်းတွေ ပြန်မေးပါ။ သူ့ကိစ္စတွေကို 

သင်စိတ်ဝင်စားနေဖို့လည်း လိုအပ်ပါတယ်။ 

၃။ ချီးကျူးပါ 

ကိုယ်မကြိုက်တာတွေ သူလုပ်မိတဲ့အခါ ပွင့်ပွင့်လင်းလင်းပြောဖို့လိုသလို သူ့ကို ချီးကျူးဂုဏ်ပြုဖို့လည်း မမေ့ပါနဲ့။ ကွာရှင်းပြတ်ဆဲသွားတဲ့ စုံတွဲတွေရဲ့ ၄၈ ရာခိုင်နှုန်းဟာ ဒီလို တစ်ဦးကို တစ်ဦး ချီးကျူးဂုဏ်ပြုဖို့ မေ့နေခဲ့ကြလို့ ဖြစ်ကြောင်း စစ်တမ်းက ဆိုထားပါတယ်။ 

၎။ ပြုံးပါ 

အပြုံးဟာ လူတိုင်းနဲ့ တည့်သလို ဈေးကြီးပေးပြီး ဝယ်ရတဲ့ အရာလည်းမဟုတ်ပါဘူး။ ပြုံးလိုက်တဲ့သူဟာ ပိုပြီးဆွဲဆောင်မှု ရှိသွားတယ်ဆိုတာ သေချာပါတယ်။ 

၅။ ထိတွေ့ပွေ့ဖက်ပါ 

သူ့မှာလည်း အခက်အခဲဖြစ်တဲ့အချိန်တွေ စိတ်လက်မကြည်သာတဲ့ အချိန်တွေရှိမှာပါ။ သင့်ဘက်က လုပ်ပေးရမှာတော့ ထိတွေ့ပွေ့ဖက်ပြီး ကြင်ကြင်နာနာ ဆက်ဆံဖို့ပါပဲ။ သူ့ကို သက်သောင့်သက်သာ ဖြစ်အောင် လုပ်ပေးပါ။ ဒါဟာ သင်တို့ကြားမှာ ရဲဘော်ရဲဘက်စိတ်လည်း ပိုတိုးလာနိုင်ပါတယ်။ 

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...