Skip to main content

ရေထည့်လိုက်ရုံနဲ့ ၀ိုင် အရက်အဖြစ် ပြောင်းပေးမယ့် ဖန်ခွက်

ရေထည့်လိုက်ရုံနဲ့ ၀ိုင် အရက်အဖြစ် ပြောင်းပေးမယ့် ဖန်ခွက်
ဝမ်းမြောက်ဖွယ်သတင်းတစ်ပုဒ်အနေနဲ့ ဖန်ခွက်ထဲရေထည့်သောက်ရုံနဲ့ ၀ိုင် အရက်အဖြစ် အလိုအလျောက်ပြောင်းလဲစေသော နည်းပညာကို သိပ္ပံပညာရှင်များက ပိုင်ဆိုင်ခဲ့ကြပြီလို့ သိရပါတယ်။ 
Vocktail လို့ အမည်ပေးထားတဲ့ အဆိုပါခွက်တွင်းမှာ အရက်ဟာ ကော့တေး+အတု (Virtual + Cocktail) ကော့တေးတု လို့ အဓိပ္ပာယ်ရပါတယ်။ဒီဖန်ခွက်ထဲ ရေထည့်သောက်သုံးခြင်းဖြင့် ဒီဂျစ်တယ်နည်းအရ အာရုံခံစားမှုများကို လှုံ့ဆော်ပေးပြီး အရသာ၊ အနံ့နဲ့ အရောင်အဆင်းကို ပြောင်းလဲစေကာ၊ သင့်ကို အရသာတုများ ဖန်တီးပေးစွမ်းပါလိမ့်မယ်။အခြား အဖျော်ယမကာအရသာများ ထည့်သွင်းသောက်သုံးလျှင်လည်း အရသာပြောင်းလဲမှုကို ထူးကဲခံစားစေမှာဖြစ်လို့ အချိုစားသုံးရန် ရှောင်ကြဉ်ရသူများအတွက် အထူးသင့်လျှော်လှပါတယ်။ 

ဒီဖန်ခွက်စနစ်မှာ ဖန်သားအတွင်း 3D ပုံရိပ်ဖော်ပြတဲ့စနစ်ကို မြှုပ်ထည့်ထားပြီး၊ အီလက်ထရောနစ် ထိန်းချုပ်ရေးမော်ဂျူး တစ်လုံး၊ အနံ့လှောင်ကန်ငယ်သုံးခု၊ အလွန်သေးငယ်သော လေမှုတ်စက်သုံးလုံးကို တပ်ဆင်ထားပါတယ်။ 
ဒီစနစ်ဟာ မိုဘိုင်းဖုန်းနဲ့ ချိတ်ဆက်ပြီး သုံးစွဲသူတွေကို ဘလူးတုသ်မှတစ်ဆင့် ဘယ်လိုအရသာမျိုးကို ဖန်တီးစေလိုသလည်း ဆိုတာကို ဆုံးဖြတ်နိုင်စေအောင် ဖန်တီးထားပါတယ်။ 

သောက်သုံးသူက ဒီဖန်ခွက်ထဲ ရေထည့်လိုက်ချိန်မှာ ဖန်သားပြင်ပေါ်မှာ အရက်ရဲ့ အရောင်အဆင်းကို ပုံဖော်ပေးမှာဖြစ်ပြီး၊ အီလက်ထရောနစ် လှုံ့ဆော်မှုစနစ်က လျှာဖျားကို အရသာဖန်တီးပေးကာ၊ အနံ့လှောင်ကန်ငယ်လေးများမှ အနံ့ကို သေးငယ်တဲ့ လေမှုတ်စက်လေးတွေကနေ မှုတ်ထုတ်ပေးမှာဖြစ်ပြီး အရက်အရသာကို ရရှိခံစားစေမှာ ဖြစ်ပါတယ်။ 

ဒီစနစ်ရဲ့ အားနည်းချက်ကတော့ ရေမှာပါဝင်တဲ့ ပါဝင်ပစ္စည်းတွေကို အရက်သို့ ပြောင်းလဲလိုက်တာ မဟုတ်တာကြောင့် ဘယ်လောက်သောက်သောက် ရေများသာသောက်မိမှာဖြစ်ကာ၊ ဘယ်သောအခါမှ မူးမှာမဟုတ်ဘူး ဆိုတာပါပဲ။ 

ဒီထုတ်ကုန်ကို အရက်သောက်ရန် မဖြစ်နိုင်သူများအတွက် အာသာပြေ အရက်အရသာကို ခံစားနိုင်စေရန် ရည်ရွယ်ထုတ်လုပ်ထားပြီး၊ နည်းပညာပိုင်းဆိုင်ရာ ဆက်လက်တိုးတက်မှုများရရှိစေရန် ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။ 

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...