Skip to main content

ရေနစ်သည့်ကလေးကိုကယ်၍ ကိုယ်ဝန် ပျက် ကျခဲ့သူအား ဂုဏ်ပြုအလှူငွေပေးအပ်

ရေနစ်သည့်ကလေးကိုကယ်၍ ကိုယ်ဝန် ပျက် ကျခဲ့သူအား ဂုဏ်ပြုအလှူငွေပေးအပ်
မန္တလေးတိုင်းဒေသကြီး သာစည်မင်းလှ ကန်အတွင်း ရေနစ်နေသည့် ၅ နှစ်အရွယ် ကလေးကိုကယ်ရင်း ကိုယ်ဝန်ပျက်ကျခဲ့တဲ့ မသီတာဦးအား ဂုဏ်ပြုအလှူငွေ ၄ သိန်းကျော်ကို နိုဝင်ဘာ ၉ ရက် ညနေပိုင်းက ပေးအပ်ခဲ့တယ်လို့ ပရဟိတအကျိုးဆောင် ကိုထွန်းထွန်းလင်းက ပြောပါတယ်။

“မသီတာဦးက တယ်လီဖုန်းမကိုင်ဘူး။ မသုံးတတ်ဘူးလို့လည်းပြောတယ်။ ဂုဏ်ပြုငွေပေးဖို့ သာစည်မီးရထားဓမ္မာရုံကို လာခဲ့ပါလို့ ဖိတ်တယ်။ တကယ်လာတော့ သာစည်မြို့ပေါ်မှာတင် မျက်စိလည်နေလို့ သွားခေါ်ရတယ်။ စောင့်နေကြတဲ့သူတွေက ၁၀၀ ကျော်လောက်ရှိတယ်။ မသီတာဦးကို ၃ သိန်း ၉ သောင်း ပေးပြီးမှ နောက်ထပ် လှူတဲ့ငွေ ၂ သောင်းရောက်လာတယ်။ ထပ်လှူမယ့်သူတွေလည်း ရှိနေသေးတော့ ပေါင်းပေးတော့မယ်” လို့ ဆက်ပြောပါတယ်။

မသီတာဦးက “အခုလိုငွေကြေးတွေ မမျှော်လင့်ပါဘူး။ အသက်တချောင်းကယ်ရမယ် ဆိုတဲ့စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ်တောင် ဂရုမစိုက်မိဘဲ ကလေးအသက်ရှင်ရေး ကယ်လို့ရရေးပဲ စိတ်ထားခဲ့တယ်။ ကလေးကိုကယ်ပြီး အသက်ရှင်တယ်လို့ သိရတဲ့ ပီတိက အားတခုပါ” လို့ ပြောပါတယ်။
 တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦး စံထွန်းက “မနေ့က မသီတာဦးကို ဂုဏ်ပြုပွဲ လုပ်တာသိရတယ။ ချီးကျုးဂုဏ်ပြုထိုက်သူကို ချီးကျုးဂုဏ်ပြုပေးရတာ မင်္ဂလာတပါးပါပဲ။ ကျနော်တို့လည်း ရုံးအဖွဲ့နဲ့ တိုင်ပင်ပြီး ဂုဏ်ပြုပေးဖို့ လုပ်နေပါတယ်။ ကိုယ့်အသက်မငဲ့ဘဲ တပါးသူရဲ့ အသက်ကိုရအောင် ကယ်သူကို ချီးကျုးဂုဏ်ပြုမှာပါ” လို့ ပြောပါတယ်။

မောင်ထက်မြက်သူရဲ့အမေ မဇာဇာဝင်းက “ကျမသားရဲ့အသက်ကို အသက်စွန့်ကယ်ခဲ့တဲ့
 မသီတာဦးကို ကျေးဇူးတင်တယ် ဆိုတာထက် ပိုကျေးဇူးတင်ပါတယ်။ တော်ရုံလူမလုပ်နိုင်တဲ့ အလုပ်တခုကို ကိုယ်ဝန်ဆောင်မိန်းမသားတဦးအနေနဲ့ လုပ်ဆောင်ပြတာမို့ ကျေးဇူးတင် ဂုဏ်ပြုပါတယ်” လို့ ပြောပါတယ်။
 မီးရထားဝန်ထမ်းကိုမျိုးထွန်းက “ကျနော်တို့မီးရထားဝန်ထမ်း မိသားစုကို အသက်ကယ်ခဲ့တာမို့ မီးရထားရပ်ကွက်တခုလုံး အနေနဲ့ ဂုဏ်ပြုအလှူငွေနဲ့ အဝတ်အစားတွေ ပေးအပ်တယ်။ ကိုသီဟကျော်နဲ့ ကိုအောင်ခိုင်ထွန်းတို့လည်း ရေနစ်တဲ့အထဲပါပါတယ်။ ရေကူးမကျွမ်းကျင်ဘဲ တပါးသူကို ရေထဲက ကယ်ဖို့ခက်တယ်။ သူတို့အသက်သူတို့ လုနေရတော့ စိတ်မွှန်သွားတယ်၊ ကယ်ပါဦးလို့ပဲ အော်နိုင်တော့တယ်။ အသက်လုရတဲ့ပွဲမှာ မသီတာဦးက ဝင်ကယ်ပေးခဲ့တယ်” လို့ပြောပါတယ်။
 မသီးတာဦး ဂုဏ်ပြုအလှူငွေပေးအပ်ပွဲကို လူ ၁၀၀ ကျော်တက်ရောက်ပြီး ရပ်ဝေးချီးကျုးဂုဏ်ပြု အလှူငွေတွေ ပေးဖို့ ဖုန်းနဲ့ ဆက်ပြီးအကျိုးအကြောင်းမေးကြတယ်။ အခုလိုအသက်ကယ်ခဲ့တဲ့ မသီတာဦးကိုလည်း လာရောက်တွေ့ဆုံ ချီးကျုးဂုဏ်ပြုနေကြတယ်လို့ သိရပါတယ်။ 

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...