Skip to main content

ငွေဆောင်ကမ်းခြေမှာ ပြုလုပ်တဲ့ နန်းမြတ်ဖြိုးသင်းရဲ့ မင်္ဂလာလက်မှတ်ရေးထိုးပွဲ

ငွေဆောင်ကမ်းခြေမှာ ပြုလုပ်တဲ့ နန်းမြတ်ဖြိုးသင်းရဲ့ မင်္ဂလာလက်မှတ်ရေးထိုးပွဲ


ကိုတာတာမျိုးနှင့် သရုပ်ဆောင်နန်းမြတ်ဖြိုးသင်းတို့ ၏ မင်္ဂလာမော်ကွန်းတင်လက် မှတ်ရေးထိုးပွဲကို နိုဝင်ဘာ ၉ ရက် နံနက်က ငွေဆောင်ကမ်းခြေတွင် ကျင်းပခဲ့သည်။
ကိုတာတာမျိုးနှင့် သရုပ်ဆောင်နန်းမြတ်ဖြိုးသင်းတို့ ၏ မင်္ဂလာမော်ကွန်းတင်လက် မှတ်ရေးထိုးပွဲကို နိုဝင်ဘာ ၉ ရက် နံနက်က ငွေဆောင်ကမ်းခြေတွင် ကျင်းပခဲ့သည်။
‘‘ဒီနေ့မနက်စောစော ကမ်း ခြေမှာ လက်မှတ်ထိုးရတာ အ ရမ်းသဘောကျတာပဲ။ နန်းမြတ် က အရင်ကတည်းက Beach Wedding တွေကို သိပ်သဘော ကျတာ။ ကိုယ့်ပွဲကို ကမ်းခြေမှာ လုပ်ချင်တယ်ဆိုပြီး အရောင်လေး တွေကအစ ကိုယ်တိုင်ရွေးတယ်။ ကိုယ်တိုင်ဆင်တယ်။ အရံလေး တွေရဲ့ ၀တ်စုံကအစ အစအဆုံး အားလုံးကိုယ်တိုင်စီစဉ်ထားတာ ပါ။ မနက်ကနည်းနည်းတော့ စိတ်လှုပ်ရှားတယ်။ ကမ်းခြေမှာ လုပ်တာဖြစ်တဲ့အတွက် ပါဝင်တဲ့ သူတွေအားလုံးပျော်ပြီး စိတ်တွေ လွတ်လပ်တယ်။ အေးအေးဆေး ဆေးအနားယူပြီး မင်္ဂလာပွဲလေး လုပ်ရတဲ့အခါကျတော့ ပျော် တယ်’’ ဟု နန်းမြတ်ဖြိုးသင်းက ၎င်း၏ စိတ်ခံစားချက်ကို ပြော သည်။
သတို့သား၊ သတို့သမီးအရံ များအဖြစ် အဆိုတော်ကျော်ထွဋ် ဆွေ၊ လွှမ်းပိုင်၊ ဘန်နီဖြိုး၊ နန်းသူ ဇာ၊ ထက်ထက်(Bobby Soxer) နှင့် ၎င်း၏အခင်ဆုံးသူငယ်ချင်း ရူပါတို့က ပါဝင်ကူညီပေးသည်။
မင်္ဂလာမော်ကွန်းတင်လက် မှတ်ထိုးပွဲကို အပြာနုနှင့် ခရမ်း ရောင်များဖြင့် မွမ်းမံပြင်ဆင်ထား ပြီး သတို့သမီးဝတ်စုံကို ဒီဇိုင်နာ မင်းသက်စံက ဖန်တီးထားသည်။
နိုဝင်ဘာ ၁၈ ရက်တွင် ကံ့ကော်မြိုင် ကျောင်းတိုက်၌ မင်္ဂလာဦးဆွမ်းကျွေးမည်ဖြစ်ပြီး နိုဝင်ဘာ ၂၆ ရက်တွင် ဆီဒိုးနား ဟိုတယ်၌ စုလျားရစ်ပတ် မင်္ဂလာ ပွဲနှင့် ၂၇ ရက်ညတွင် အင်းလျား လိတ်ဟိုတယ်၌   မင်္ဂလာညစာ စားပွဲ ပြုလုပ်မည်ဖြစ်သည်။

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...