Skip to main content

အိမ်ထောင်မှုသုခပြည့်ဝစေမည့် အစားအစာ ၇ မျိုး (အိမ်ထောင်သည်များသာ ဖတ်ပါရန်)ရန်

အိမ်ထောင်မှုသုခပြည့်ဝစေမည့် အစားအစာ ၇ မျိုး (အိမ်ထောင်သည်များသာ ဖတ်ပါရန်)
# Zawgyi Version ဖြင့် ဖတ်ပါ # 

အိမ်ထောင်ရှင်တွေမှာ အသက် ကြီးသည် ငယ်သည် မဟူ 
ဖိုမ ဆက်ဆံရေးပြဿနာ ရှိကြပါတယ် ။ 
ဒီလို အိမ်ထောင်ရှင်တွေအတွက် လွယ်လွယ်ကူကူ 
အထောက်အကူရ နိုင်ရပါတယ် ။ 

လိင်ကိစ္စ စွမ်းဆောင်မှု ကောင်းချင်ရင် မိမိနှလုံးကျန်းမာရေး ကို 
ဂရုစိုက်ပါ တဲ့ ။ 
အမျိုးသားရော အမျိုးသမီးရော အတွက် သက်ဆိုင်ရာလိင်အင်္ဂါ များဆီ 
သွေးကောင်းကောင်း စီးဆင်းမှုဟာ ကာမဆန္ဒထက်သန်ဘို့ 
အထောက်အကူပြုပါတယ်တဲ့ ။ 
နှလုံးညှစ်အားကောင်းမှ သွေးစီးဆင်းမှု ကောင်းမှာ တဲ့ ။ 

နှလုံးကျန်းမာ ဘို့ အတွက် အဆီနည်းသည့်အစားအစာ ၊ လေ့ကျင့်ခဏ်း နဲ့ 
စိတ်ဖိစီးမှု လျှော့ချခြင်းတွေဟာ အရေးအပါဆုံး ပါတဲ့ ။ 
ဒါကြောင့် နှလုံးကို အထောက်အကူပြု ပြီး ကာမဆန္ဒအတွက် အကျိုးရှိတဲ့ 
စားစရာ ( ၇ ) မျိုး ကို ရွေးချယ်ဖေါ် ပြပါမယ် ။ 

ထောပတ်သီး ( Avocados ) 
ထောပတ်သီးမှာ နှလုံး ၊ သွေးကြောတွေအတွက် ကောင်းမွန်တဲ့ မပြည့်ဝဆီ 
( unsaturated fats ) ကြွယ်ဝစွာ ပါရှိပါတယ် ။ 
ပြည့်ဝဆီ( saturated fat ) က နဲနဲဘဲ ပါပါတယ် ။ 
ထောပတ်သီးကို ကာမအားတိုးဆေး ( aphrodisiac ) လို သဘောထားကြပါတယ် ။

မက်မွန်စေ့ ( Almonds ) 
စိတ်ပြင်းပြမှု ၊ ထက်သန်မှု ၊ ကာမဆန္ဒ လှုံ့ဆော် မှုအတွက် ထိပ်တန်းစာရင်းဝင်ဖြစ်ပါတယ်။ 
မျိုးအောင်မှု အတွက်လဲ အလွန်ကောင်းပါတယ် ။ အဟာရဓါတ် ၊ သတ္တုဓါတ် အလွန်ကြွယ်ဝ 
လို့ ဖြစ်ပါတယ် ။ 

စတော်ဘယ်ရီ ( Strawberries ) 
၂၀၀၈ ခုနှစ် လေ့လာမှု တရပ်က အနီရောင်ဝတ်ဆင်ထားတဲ့ အမျိုးသမီးတွေဟာ 
Sexy ကျ တယ်လို့ အမျိုးသား အများစုက မြင်တယ်လို့ ဆိုပါတယ် ။ 
စတော်ဘယ်ရီမှာ ဖောလစ်အက်ဆစ် ၊ ဗီတာမင်ဘီ အလွန်ကြွယ်ဝပါတယ် ။ 
၎င်းဓါတ်များဟာ အမျိုးသမီးများ သန္ဓေအောင်ဘို့ ၊ 
အမျိုးသားများ သုတ်ကိုပွားများစေဘို့ အရေးကြီးပါတယ် ။ 
Valentine’s Day မှာ ချောကလက်ထဲ နှစ်ထားတဲ့ စတော်ဘယ်ရီ ပေးခြင်းရဲ့ 
ရည်ရွယ်ချက်က လိင်တပ်မက်စိတ် တိုးပွားစေတဲ့ 
( libido-boosting methylxanthines ) တွေ ပြည့်ဝနေလို့ ဖြစ်ပါတယ် တဲ့ ။ 

ပင်လယ်စာ ( Seafood ) 
ကမာ ( oysters ) ဟာ ကျော်ကြားတဲ့ ( well-known aphrodisiac ) 
ကာမအားတိုးဆေး ဖြစ်ပါတယ် ။ 
သူ့ မှာ ဇင့် ( libido-boosting zinc ) ကြွယ်ဝစွာ ပါရှိပါတယ် ။ 
ဆယ်လမွန်ငါး ( salmon ) နဲ့ ပင်လယ်ငါးသလောက် ( herring ) တို့လဲ 
နာမည်ရပါတယ် ။ 

ကတွတ်သီး ၊ သဖန်းသီ ( Figs ) 
ဖိုင်ဖာဓါတ်ကြွယ်ဝ တဲ့ အတွက် နှလုံးအတွက် အလွန်ကောင်းတာမို့ 
မျိုးအောင်ခြင်းအတွက် ကောင်းမွန်တဲ့ ရှည်လျားတဲ့ 
သမိုင်းကြောင်းရှိခဲ့ပါတယ် ။ 

Arugula ( အရွက်ပုံလေး တင်ပေးထားပါတယ် ။ မြန်မာလို ဘာမှန်းမသိလို့ ပါ ) 
စိတ်ထကြွခြင်းကို ဖြစ်စေလို့ သမိုင်းကြောင်းကောင်းလှပါတယ် ။ 
သတ္တုဓါတ် ၊ ဓါတ်တိုးကာကွယ်ဓါတ်တွေ အလွန်ကြွယ်ဝပါတယ် ။ 
arugula ကို မသိလို့ အစားထိုးတဲ့ အနေနဲ့ Spinach ကို ထဲ့ ဖေါ်ပြလိုက်ပါတယ် ။ 
ဟင်းနုနယ် ( Spinach ) 
magnesium အလွန်ကြွယ်ဝပါတယ် ။ သူက လိင်အင်္ဂါတွေက သွေးကြောတွေ ကျယ်လာစေပြီး သွေးဝင် ကောင်းစေတဲ့အတွက် စိတ်ထကြွခြင်းကို ဖြစ်စေပါတယ် ။ 

သံပရာ, လိမ္မော် ( Citrus ) 
ဗီတာမင် စီ ၊ ဖောလစ်အက်ဆစ် ၊ ဓါတ်တိုးကာကွယ်ပစ္စည်းများ ကြွယ်ဝလို့ အထူးသဖြင့်အမျိုးသားတွေ အတွက် ပိုကောင်းပါတယ် ။ 

အစာလဲဆေး ၊ ဆေးလဲ အစာ ဆိုတဲ့ ဆိုရိုးဟာ အနောက်နိုင်ငံများမှာလဲ ခေတ်စားပါတယ် ။ 
သူတို့ ရှာဖွေ တွေ့ ရှိတာတွေဟာ ကျနော်တို့ အတွက် သက်သေ အထောက်အထားတွေ 
ဖြစ်လာတာမို့ ယုံယုံကြည်ကြည် အသုံးပြုနိုင်နေပါတယ် ။ 

ကျန်းမာချမ်းသာကြပါစေ 

Comments

Popular posts from this blog

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ရင်သား ကြီးခြင်း၏ နောက်ကွယ်(မိန်းကလေးများအထူးဖတ်ရန်)

ရင်သား ကြီးခြင်း၏ နောက်ကွယ်(မိန်းကလေးများအထူးဖတ်ရန်) အလှကုန် ပစ္စည်းမျိုးစုံ ရောင်းချသော ဆိုင်တစ်ဆိုင် အတွင်းသို့ အမျိုးသမီးငယ် တစ်ဦး လှမ်းဝင် သွားနေသည်။ ထို့နောက် ဆိုင်အတွင်း ရောင်းချသော အလှကုန် ပစ္စည်းများကို ကြည့်ရှုပြီး တစ်နေရာ အရောက် သူလိုချင်သော အရာကို တွေ့ရှိရ၍ ဝယ်ယူလိုက်သည်။  အဆိုပါ အမျိုးသမီးငယ် ဝယ်ယူသွားသော အလှကုန်ပစ္စည်း အမျိုးအစားမှာ အိမ်နီးချင်းနိုင်ငံ များမှ ဝင်ရောက်လျက် ရှိသည့် အမျိုးသမီးများ အတွက် ရင်သားကြီးထွားစေသော ရင်သားလူးဆေး ပင်ဖြစ်သည်။  အလှအပကို စိတ်ဝင်စားကြသည့် အမျိုးသမီး များသည် မျက်နှာလှပရန်၊ အသားအရည်ကောင်း ရန် စသည်ဖြင့် အလှအပအတွက် လိုအပ်သော အလှပြင်ပစ္စည်းများဖြင့် လှပရန် လိမ်းခြယ်ကြ၊ ခွဲစိတ် ပြုပြင်ကြသည့် နည်းတူ သဘာဝ အလျောက် ဖြစ်ပေါ်နေသော ရင်သားနှင့် ပတ်သက်၍ ရင်သား လှပရန် နိုင်ငံစုံမှ ထုတ်လုပ်ထားသော လိမ်းဆေး များလူးခြင်း၊ ရင်သားခွဲစိတ် ပြုပြင်ခြင်းများကို အချို့သော အမျိုးသမီးများ ပြုလုပ်ကြသည်ကို တွေ့မြင်လာရသည်။  “အစ်မတို့ဆိုင်ကို လာဝယ်ကြတဲ့ သူတွေထဲ အပျိုတွေဆို ရင်သားကြီး ဆေးဝယ်ပြီး အိမ်ထောင်ကျပြီးတဲ့ သူတွေကတော့ ရင်သားပင့်တင်တဲ့ဆေး သုံးတာ များတယ်” ဟ...