Skip to main content

ရခိုင်ပဋိပက္ခကြောင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဝင်ရောက်ရန် နှောင့်နှေးဟု NL

ရခိုင်ပဋိပက္ခကြောင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဝင်ရောက်ရန် နှောင့်နှေးဟု NLD ဆို




ယခု ၂၀၁၇- ၁၈ ဘဏ္ဍာနှစ်သည် ရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်းနှင့် ဝင်ရောက်လာမည်ဟု မျှော်မှန်းထားသော်လည်း ရခိုင်ပဋိပက္ခ ဖြစ်သွားသည့်အတွက်ကြောင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဝင်ရောက်ရန် နှောင့်နှေးသွားကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ဗဟိုစီးပွားရေး ကော်မတီအဖွဲ့ဝင် ဦးရဲမင်းဦးက ပြောကြားသည်။
ရန်ကုန်၊ နိုဝင်ဘာ ၉ 

ယခု ၂၀၁၇- ၁၈ ဘဏ္ဍာနှစ်သည် ရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်းနှင့် ဝင်ရောက်လာမည်ဟု မျှော်မှန်းထားသော်လည်း ရခိုင်ပဋိပက္ခ ဖြစ်သွားသည့်အတွက်ကြောင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဝင်ရောက်ရန် နှောင့်နှေးသွားကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ဗဟိုစီးပွားရေး ကော်မတီအဖွဲ့ဝင် ဦးရဲမင်းဦးက ပြောကြားသည်။

“ဒီနှစ်ဆိုရင် သိသာလိမ့်မယ်။ ရင်းနှီးမြှုပ်နှံမှု မပြောနဲ့။ ငပလီဟိုတယ်တွေတောင် တည်းမယ့်သူတွေ မလာရဲကြဘူး။ ရခိုင်မြောက်ပိုင်းမှာ ဖြစ်တာလေး တစ်ခုတည်းနဲ့ မီဒီယာတွေက ဖော်ပြကြတော့ တည်းမယ့်သူလည်း ကြောက်တယ်။ ရင်းနှီးမြှုပ်နှံမယ့်သူလည်း ကြောက်တယ်”ဟု ၎င်းကပြောဆိုသည်။

ယခုဘဏ္ဍာနှစ်တွင် စီးပွားရေး အရှိန်အဟုန်နှင့် ကောင်းလာမည်ဟု မျှော်မှန်းထားသော်လည်း ပြဿနာများနှင့် ကြုံခဲ့ရသည့်အတွက် လာမည့်နှစ်ကို ဆက်လက်၍ ကြိုးစားရမည်ဖြစ်ကြောင်း ဦးရဲမင်းဦးက ဆက်လက် ပြောကြားသည်။

ရခိုင်ကိစ္စကြောင့် ပြည်ပသာမက ပြည်တွင်း လုပ်ငန်းရှင်များကလည်း ရင်းနှီးမြှုပ်နှံရန် ကြောက်ရွံ့နေကြသည့်အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဘဏ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်းတို့ ပြုလုပ်ကာ အစိုးရကို မကြောက်ရွံ့စေရန် ရင်းရင်းနှီးနှီး တွေ့ဆုံနေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

NLD အစိုးရအနေနှင့် စီးပွားရေး မူဝါဒ ၁၂ ချက်ကို ချမှတ်ခဲ့ပြီး ယင်းအချက်များထဲမှ လယ်ယာစိုက်ပျိုးရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို အဓိက လုပ်နေပြီး အခြားသော ကဏ္ဍများကိုလည်း ဆက်လက် ဆောင်ရွက်နေကာ လက်ရှိစီးပွားရေး အနေအထား မြင့်တက်မှု နှေးနေခြင်းမှာလည်း ယခင်နှစ်များစွာက နှေးလာခဲ့သည်ကို ချက်ချင်း ပြုပြင်ပြောင်းလဲရန် အခက်အခဲများ ရှိနေခြင်းကြောင့်ဖြစ်ကြောင်း NLD ဗဟိုစီးပွားရေးကော်မတီအဖွဲ့ဝင် ဦးရဲမင်းဦးက ပြောဆိုသည်။

လက်ရှိအစိုးရလက်ထက်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ကောင်းလာမည်ဟု ပြည်သူများက မျှော်လင့်ထားကြသော်လည်း အစိုးရသက်တမ်း ၂ နှစ် ပြည့်သည်အထိ စီးပွားရေးလုပ်ငန်းများမှာ သိသိသာသာ တိုးတက်လာခြင်း မရှိကြောင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင် ဦးသိန်းနိုင်က ပြောကြားသည်။

“နိုင်ငံခြားသားတွေရဲ့ အိမ်ငှားရမ်းမှုတွေက သိသိသာသာ ထိုးဆင်းတယ်။ အိမ်၊ ခြံ၊ မြေဈေးတွေလည်း ကမောက်ကမတွေဖြစ်တယ်။ ကားဘက်ကိုကြည့်ရင်လည်း ကားဈေးတွေက တက်လာတယ်။ ကုန်ဈေးနှုန်းကို ကြည့်ရင်လည်း တက်လာတာပဲ။ စီးပွားရေးလုပ်ငန်း အများစုက တော်တော် အခြေအနေ မကောင်းကြတာ”ဟု ၎င်းက မှတ်ချက်ပေး ပြောဆိုသည်။

ထို့ပြင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က အောက်တိုဘာလအတွင်း လုပ်ကိုင်ခွင့်ပြုခဲ့သည့် လုပ်ငန်းများမှာလည်း ငါးခုသာရှိကြောင်း ယင်းကော်မရှင်ထံမှ သိရသည်။

ယခုဘဏ္ဍာနှစ် နှစ်ဝက်ကာလအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ လေးဘီလီယံကျော် ဝင်ရောက်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီး ဌာနထံမှ သိရသည်။

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...