Skip to main content

ဆော်ဒီမှာဘီလျံရာချီအလွဲသုံးစားမှုစစ်ဆေး

ဆော်ဒီမှာဘီလျံရာချီအလွဲသုံးစားမှုစစ်ဆေး


 ဆော်ဒီရှိဟိုတယ်ကြီးတွေမှာ စစ်ဆေးမှုလုပ်
ဆော်ဒီအာရေဗျ နိုင်ငံမှာ အမေရိကန်ဒေါ်လာ ဘီလျံ၁၀၀ လောက်ကို လာဘ်စားမှု အလွဲသုံးစားမှုတွေ လုပ်ထားတဲ့ စွပ်စွဲချက်နဲ့ လူပေါင်း၂၀၀ကျော်ကို ခေါ်ယူစစ်ဆေးနေပါတယ်။ 

ဆော်ဒီရှေ့နေချုပ်ရုံးရဲ့ ထုတ်ပြန်ချက်အရ အစိုးရငွေကြေး ဘီလျံတရာကျော်ကို ဆယ်စုနှစ်နဲ့ချီပြီး အစီအစဉ်ရှိရှိ အလွဲသုံးစား လုပ်ထားတယ်လို့ ဆိုပါတယ်။ မီဒီယာတွေ အဆိုအရ တကယ့်ကိန်းဂဏန်းက အခုအစိုးရပြောတာထက် ၈ဆလောက် ပိုတယ်လို့ ရေးသား ဖေါ်ပြကြပါတယ်။ 

ဆော်ဒီအရေးဗျားမှာ အကျင့်ပျက် ခြစားမှုဟာ ရောဂါဆိုးလို အမြစ်တွယ်နေတာ ၁၀စုနှစ်တွေနဲ့ ချီနေပြီး စီးပွားရေး လောကမှာ ဒီလို လာဘ်ပေး လာဘ်ယူလုပ်မှ အလုပ်ဖြစ်ကြောင်း၊ အခုတော့ သြဇာတိက္ကမ ကြီးမားတဲ့ အိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆဲလ်မန်က ရပ်တန်းကရပ်ကြဖို့ သတိပေးလိုက်တာ ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက် Frank Gardner ကပြောပါတယ်။ 

အခုအခါ ထင်ရှားတဲ့ ဆော်ဒီ၂၀၀ကျော်ကို အဂတိလိုက်စားမှု စွပ်စွဲချက်မျိုးနဲ့ ဇိမ်ခံဟိုတယ်ကြီးတွေမှာ ထိန်းသိမ်းပြီး စစ်ဆေးနေပါတယ်။ သူတို့ကိုယ်ပိုင် လေယာဉ်ကြီးတွေလည်း ပျံသန်းခွင့် မပြုတော့သလို သူတို့ပိုင်ဆိုင်တဲ့ကြွယ်ဝ ချမ်းသာမှုတွေကိုလည်း တတ်နိုင်သလောက် သိမ်းပိုက် လိုက်ပါတယ်။ 

စုံစမ်းစစ်ဆေးမှု တွေကတဆင့် အရေးယူတဲ့အခါ ပွင့်လင်းမြင်သာပြီး မျှမျှတတ ကိုင်တွယ်ဖို့ ဆော်ဒီအစိုးရကို အမေရိကန်က တိုက်တွန်းလိုက်ပါတယ်။ 

မကြာမီက ဘာသာရေး ခေါင်းဆောင်တွေ လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ပ ညာရှင်တွေကိုအ စိုးရက အကြောင်းပြချက်မရှိဘဲ ဖမ်းပြီး မကြာမီ အခုလို ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေကို ထပ်ဖမ်းလိုက်တာ ဖြစ်ပါတယ်။ 

အခုအချိန်အထိတော့ ဒီလိုရှင်းလင်း သုတ်သင်နေတဲ့ အပေါ် ခုခံမှုသိပ်မတွေ့ရပါဘူး။ ဒီလိုစုံစမ်း အရေးယူမှုတွေ ဘယ်အတိုင်းအတာ အထိလုပ်မလဲ နောက်ထပ် ဘယ်သူ အဖမ်းခံရမလဲဆိုတာကို လူတိုင်းလိုလိုက သိချင်နေကြတယ်လို့ ဘီဘီစီ လုံခြုံရေးဆိုင်ရာ သတင်းထောက် Frank Gardnerက သုံးသပ်သွားပါတယ်။ 

BBC Burmese 

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...