အပျိုလေး တွေမသိပါဘူး
“ဟဲ့… နင့်မှာ မျက်တွင်းတွေကိုကျလို့ တစ်ညလုံးမအိပ်ဘူးလား??? မင်္ဂလာဦးည အတွေ့အကြုံလေး ငါတို့သိရအောင်ပြောပြပါလား?”
“တော်ပါပြီဟာ မပြောချင်ပါဘူး”
“ပြောပါဟာ နင်ကလည်း ငါတို့တွေဗဟုသုတရတာပေါ့”
“အို… ကိုယ့်အကြောင်းကိုယ်ပြောရမှာ ရှက်စရာကြီး”
“ပြောပါဟာ နင်ကလည်း… အချင်းချင်းတွေပဲဟာ”
“ဒီလောက်တောင်သိချင်နေကြလည်း ပြောပြမယ်ဟာ။ မနေ့ညက တစ်ညလုံးမအိပ်ရဘူးဟ”
“ဟင်… ဒီလောက်တောင်လား!!!”
“အေးလေ… လက်ဖွဲ့တွေဝေစုခွဲကြရင်း လင်မယားနှစ်ယောက် ရန်သတ်နေကြတာ မိုးလင်းပေါက်ပဲဟေ့…”
- Get link
- X
- Other Apps
- Get link
- X
- Other Apps
Comments