ဒီနေ့မွေးသူတွေ အတွက် 05-11-2017 မှ 11-11-2017 အထိ တစ်ပတ်စာ ဟောစာတမ်း
ဆွေမျိုးတစ်ဦး၏ ကျန်းမာရေးကိစ္စကို ကူညီရမည်။ ခါးပိုက်နှိုက်ခံရမည်။ သူခိုးခိုးခံရမည်။
အနုပညာရှင်တစ်ဦးဖြစ်ပါက မိမိ၏ အနုပညာကို လည်းကောင်း၊ အနုပညာကြေးကိုလည်းကောင်း ခေါင်းပုံဖြတ်ခံရလိမ့်မည်။
ဝန်ထမ်းဖြစ်ပါက လက်ရှိအလုပ်ကို ငြီးငွေ့ပြီး အလုပ်ထွက်လိုသည့်စိတ် ပြင်းပြနေလိမ့်မည်။ ယခုရက်အတွင်း အိမ်၊ အိမ်ခန်း၊ တိုက်ခန်း အရောင်းအဝယ်အတွက် စာချုပ်ချုပ်ရမည်။
ဘဏ်တစ်ဘဏ်မှာ ချေးငွေရရန် တင်ထားပါက ယခုရက်အတွင်း ချေးငွေရမည်။ ရွှေအရောင်းအဝယ်မှာ ဆုံးဖြတ်ချက်မြန်သောကြောင့် အရှုံးပေါ်မည်။
ယခုရက်အတွင်း အလုပ်ရှာရန် နိုင်ငံခြားထွက်ပါက အခါအခွင့်သင့်၏။ အလုပ်ရမည်။
ပညာရေးကောင်း၏။ ယခုရက်အတွင်း စာမေးပွဲဖြေပါက အောင်မြင်မည်။ အချစ်ရေး ညံ့၏။ ချစ်သူနှင့် အဆက်အသွယ်ပြတ်နေလိမ့်မည်။ အိမ်ထောင်ရေးလည်းညံ့၏။ အိမ်ထောင်ဖက်၏ မသိကျိုးကျွန်ပြုမှုကြောင့် စိတ်ညစ်ရမည်။
Comments