ယောက်ဖချင်းစကားများရာမှ တူမီးသေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပြီး တစ်ဦးသေဆုံး
ရှမ်းပြည်နယ် အောင်ပန်းမြို့နယ် ငုတ်ကျေးရွာအုပ်စု တောင်ပို့လကျေးရွာ၌ ညီမယောက်ျားနှင့် စကားများပြီး တူမီးသေနတ်နှင့်ပစ်ခတ်မှုဖြစ်ပွားပြီး လူတစ်ဦးသေဆုံးသွားကြောင်း နိုဝင်ဘာ ၉ ရက်နေ့တွင် သိရသည်။
ဖြစ်စဉ်သည် နိုဝင်ဘာ၆ ရက်နေ့တွင် ဦးချော ဆိုသူက ၄င်း၏ ညီမယောက်ျားကျော်ငြိမ်းတို့ အချင်းချင်းစကားများရာမှ ကျော်ငြိမ်းက တူမီးသေနတ်နှင့်ပစ်လိုက်သည့်အတွက် ဦးချောသေဆုံးသွားကြောင်း သိရသည်။
"အိမ်တွင်းရေးကိစ္စပေါ့ကွယ် ဦးချောညီမကိုယူထားတာ ယောက်ဖချင်းပေါ့၊ ဦးချောက သူ့ညီမကိုယူပြီး လုပ်မကျွေးဘူး ဆိုပြီးပြောရာကနေစကားများကြတာ၊ သေဆုံးသူဦးချောက နွားစာ လာယူတဲ့အချိန်မှာ တရားခံကရှမ်းတူမီးသေနတ်နဲ့ပစ်လိုက်လို့ ဦးချောက သေသွားတယ်''ဟုအောင်ပန်းမြို့နယ် ရဲစခန်း စခန်းမှူး ဦးကျော်ရင်ကပြောသည်။
"တကယ်ဆိုရင်ဒီလောက်ထိလုပ်ရမဲ့အနေအထားတော့မဟုက်ပေမဲ့စာမတတ်တာပညာမတတ်တာကြောင့်လည်းပါတာပေါ့ကွယ် ပညာရေးနိမ့်ပါးတော့အတွေးအခေါ်နိမ်ပါးတဲ့တွက်ဖြစ်ရတာပေါ့''၄င်းမှဆက်ပြောသည်။
တရားခံကျော်ငြိမ်းအား(ပ)၁၂၇/၂၀၁၇ရာဇသတ်ကြီးပုဒ်မ ၃၀၂ လူသတ်မှုဖြင့် အမူကြီး အမှတ်စဉ် ၅/၂၀၁၇ အရ အောင်ပန်းရဲစခန်း တွင် အရေးယူလျက်ရှိကြောင်း သိရသည်။

- Get link
- X
- Other Apps
- Get link
- X
- Other Apps

Comments