Skip to main content

အိုင်ဖုန်းရဖို့ ညကလပ်တွင်း ဖော်ချွတ်ပြခဲ့သည့် ရုရှား ဆရာမ ကောလိပ်မှအထုတ်ခံရ

အိုင်ဖုန်းရဖို့ ညကလပ်တွင်း ဖော်ချွတ်ပြခဲ့သည့် ရုရှား ဆရာမ ကောလိပ်မှအထုတ်ခံရ
ရုရှားနိုင်ငံမှာ အသက် ၁၉ နှစ်အရွယ် အလုပ်သင်ဆရာမတဦးဟာ အိုင်ဖုန်းရဖို့ ညကလပ်တခုတွင်း ဖော်ချွတ်ပြခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင် ပျံ့နှံ့ခဲ့ပြီးနောက်မှာ ကောလိပ်မှ ထုတ်ပယ်ခံခဲ့ရပါတယ်။ 

ဒီအဖြစ်အပျက်ဟာ နိုင်ငံအလယ်ပိုင်း ချယ်လ်ယာဘင့်စ်ခေါ့ဘလတ်စ်ထ်ဒေသတွင်းမှ ထရွိက်စ်ခ်မြို့မှာ ဖြစ်ခဲ့တာလို့ မေရာသတင်းတပုဒ်မှာ နိုဝင်ဘာ ၆ ရက်နေ့က ဖော်ပြပါတယ်။ 

အဲဒီမိန်းကလေးဟာ ကလပ်တွင်း အားပေးနေကြတဲ့ ပရိသတ်တွေကြားမှာ အပေါ်ပိုင်း အဝတ်တွေ ချွတ်ပြခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။ 

ဒါဟာ ကလပ်အတွင်း အမျိုးသားတွေရှေ့ စတိတ်စင်ပေါ်မှာ ဖော်ချွတ်ပြရင် နောက်ဆုံးထွက် အိုင်ဖုန်းရနိုင်မယ့် ပြိုင်ပွဲအသွင် ပြုလုပ်ချိန်မှာ သူက ပါဝင်ခဲ့တာပါ။ 

သူမဟာ အိုင်ဖုန်းကို အနိုင်ရခဲ့ပေမယ့် အဲဒီညမှာပဲ အိတ်ထဲက ပြန်ခိုးခံခဲ့ရတယ်လို့ သတင်းတွေက ဆိုပါတယ်။ 

ဒါပေမယ့် ဒီလို ဖော်ချွတ်ပြခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ကတော့ အင်တာနက်စာမျက်နှာတွေပေါ် ပျံ့နှံ့ခဲ့ပြီးနောက်မှာတော့ ကောလိပ်ကနေ ထုတ်ပယ်လိုက်တာ ဖြစ်ပါတယ်။ 

ယက်ဗ်ဂျင်ညာလို့ အမည်ရတဲ့ အဲဒီမိန်းကလေးက “ကျမတို့ အဲဒီညက သောက်စားပြီး ပျော်ရွှင်ခဲ့ကြပါတယ်။ အဲဒီနောက်မှာမှ ပြိုင်ပွဲက စခဲ့တာပါ။ အစပိုင်းက ယောက်ျားလေးတွေနဲ့ စခဲ့ပြီး နောက်မှ ကျမအလှည့် ရောက်ခဲ့တာပါ” လို့ ပြောပါတယ်။ 

သူဟာ လူတွေကြား စတိတ်စင်ပေါ်မှာ အတွင်းခံဘောင်းဘီနဲ့သာ ရပ်နေပြီး ရင်သားတွေကို လက်နဲ့ယှက် ဖုံးကာထားခဲ့တာကို တွေ့ရပါတယ်။ 

ဒါပေမယ့် ပြိုင်ပွဲစီစဉ်သူက လက်တွေကိုဖယ်ပြဖို့ တောင်းဆိုချိန် သူက အပေါ်ပိုင်း ဗလာကျင်းအခြေအနေနဲ့ ဖြစ်သွားခဲ့ချိန်မှာတော့ အောက်ကနေ စိတ်လှုပ်ရှားပြီး အော်ဟစ်အားပေးနေကြသံတွေကို ကြားရပါတယ်။ 

ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး ယက်ဗ်ဂျင်ညာရဲ့ မိခင်ဖြစ်သူ အယ်လီနာက “သူက ၁၅ နှစ်သမီးမှ မဟုတ်တော့တာ။ သူ့ကိုယ်ပိုင်ဦးနှောက်နဲ့ သူဘာလုပ်သင့်တယ်ဆိုတာကို တွေးသင့်တယ်” လို့ ပြောပါတယ်။ 

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...