ဥပေက္ခာနဲ့ ထိုက်တန်သူ
# Zawgyi Version ဖြင့် ဖတ်ပါ #
လူတစ်ယောက်ကို ချစ်တာပဲဖြစ်ဖြစ်၊ ခင်မင်ရတဲ့မိတ်ဆွေပဲဖြစ်ဖြစ် ဘယ်လိုအကြောင်းနဲ့ပဲ ပတ်သက်မှုရှိပါစေ ပြောင်းလဲတတ်တဲ့အထဲမှာ လူတွေရဲ့စိတ်လည်းပါတယ်ဆိုတာ သိထားဖို့လိုပါတယ်။
တခါတလေမှာ အခြေနေအချိန်ခါအရ ကိုယ့်ဘက်ကစပြီး ပြောင်းလဲလိုက်ရတာတွေလည်းရှိတတ်လို့ ဘယ်လိုလူမျိုးနဲ့ပဲ ပတ်သက်မိပါစေ ချစ်ခြင်းနဲ့ခင်မင်မှုတွေရဲ့နောက်မှာ အရာရာကို တသက်မတ်တည်းရှိလိမ့်မယ်လို့ မခံယူထားမိပါစေနဲ့။
ချစ်ရတဲ့သူ/ခင်မင်ရတဲ့သူတွေနဲ့ ပတ်သက်ပြီး မျှော်လင့်ချက်တွေ အရမ်းမထားမိပါစေနဲ့။ ကိုယ်တိုင်က နှစ်နှစ်ကာကာနေရာပေးဖို့အတွက် ယုံကြည်မှုတွေကို အပြည့်အဝပေးအပ်ထားပြီးခါမှ တချို့သူတွေရဲ့ အပြုအမူတွေကြောင့် နေရာမပေးသင့်မှန်းသိလာတဲ့အခါ ထိခိုက်နစ်နာမှုတွေနဲ့ နောင်တတွေမရှိစေချင်လို့ပါ။
သည်းခံခြင်းနဲ့ တတ်နိုင်သလောက် ခွင့်လွှတ်အနစ်နာခံရတာကို အရှုံးပေးအညံ့ခံတယ်လို့ မခံယူထားလို့ သည်းခံတတ်တဲ့စိတ်တွေ ထားခဲ့ပါသော်လည်း တချို့သူတွေရဲ့ အပြုအမူတွေက သည်းခံခွင့်လွှတ်ခြင်းနဲ့ မထိုက်တန်လို့ ဥပေက္ခာပြုပြီး ကိုယ့်ဘဝထဲက အပြီးထုတ်ပစ်လိုက်ရတယ်။
Credit: တောသားလေးရဲ့စာပေရွာ

- Get link
- X
- Other Apps
- Get link
- X
- Other Apps

Comments