Skip to main content

မြန်မာစစ်တပ်အပေါ် ကန်ဒဏ်ခတ်မှု မြန်ဆန်ဖွယ်ရှိ

မြန်မာစစ်တပ်အပေါ် ကန်ဒဏ်ခတ်မှု မြန်ဆန်ဖွယ်ရှိ


မြန်မာစစ်ဘက်ခေါင်းဆောင်တွေကို ပစ်မှတ်ထား အရေးယူဖို့ အမေရိကန်လွှတ်တော်မှာ ပြင်ဆင်နေကြတာဟာ ပါတီကြီးနှစ်ရပ် စလုံးရဲ့ ခိုင်မာတဲ့ထောက်ခံမှု ရထားတာကြောင့် ကွန်ဂရက်လွှတ်တော်မှာ ခပ်မြန်မြန်အတည်ဖြစ်ဖို့ရှိတယ်လို့ အမေရိကန် လွှတ်တော်အမတ်တွေက ဗွီအိုအေကိုပြောပါတယ်။ 

အောက်လွှတ်တော်မှာ Burma Sanctions Bill ဆိုတာကို ပြင်ဆင်နေကြပြီး အထက်လွှတ်တော်မှာလဲ လိုက်လျောညီထွေရှိမယ့် ဥပဒေမူကြမ်းတရပ်ကို ပြင်ဆင်နေကြတာပါ။ ဒီဥပဒေမူကြမ်းဟာ မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် အကြမ်းဖက် လုပ်ရပ်တွေ အဆုံးသတ်ဖို့အတွက် မြန်မာစစ်ဗိုလ်ချုပ်တွေအပေါ် စီးပွားရေးအရ ဖိအားပေးဖို့ရည်ရွယ်တာပါ။ 

စီးပွားရေးအကျိုးအမြတ်တွေ သိမ်းကျူံးရယူနေတဲ့တချိန်ထဲမှာ ရိုဟင်ဂျာလူထုအပေါ် လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှု ကျူးလွန်နေတာကို ပုံမှန်လုပ်နေကျဖြစ်ရပ်တခုလိုမျိုး သည်းညည်းခံနေမှာမဟုတ်ဘူးဆိုတာ ဒီဥပဒေက သိပ်အားကောင်းတဲ့ သတင်းစကား ပါးလိုက်မှာဖြစ်ပါတယ်လို့ အောက်လွှတ်တော်၊ နိုင်ငံခြားရေးရာကော်မတီ၊ ၀ါရင့်အဖွဲ့ဝင် လွှတ်တော်အမတ် Eliot Engel ကပြောပါတယ်။ 

မြန်မာအစိုးရပြောခွင့်ရတဦးကတော့ နိုင်ငံစီးပွားရေးတိုးတက်ဖို့ ပြည်တွင်းတည်ငြိမ်မှု လိုအပ်ကြောင်း၊ နိုင်ငံတကာ ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်တာဟာ ခရီးသွားလုပ်ငန်းနဲ့ စီးပွားရေး ရင်းနှီးမြှုပ်နှံသူတွေကို တိုက်ရိုက် ထိခိုက်စေမှာဖြစ်ပြီး ဆိုးရွားတဲ့ အကျိုးဆက်အများအပြားရှိပါလိမ့်မယ်လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။ 

ဒဏ်ခတ်အရေးယူမှုတွေဟာ စစ်ဘက်အပေါ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပိုပြီးထိန်းချုပ်မှုရစေဖို့ ရည်ရွယ်တာဖြစ်တယ်လို့ အောက်လွှတ်တော် ဥပဒေမူကြမ်းကို ပူးတွဲရေးဆွဲသူ လွှတ်တော်အမတ် Steve Chabot က ဗွီအိုအေကိုပြောပါတယ်။ 

စစ်ဘက်အနေနဲ့ ကိုယ့်ဖာသာ ပြုပြင်ပြောင်းလဲရေး လုပ်လာမယ်၊ ဖြစ်ထားတဲ့ တိုက်ခိုက်သတ်ဖြတ်တာတွေကို တကယ်ပဲ ရပ်ဆိုင်းမယ်ဆိုရင် ချထားပြီးသား အရေးယူမှုတွေကို ပြန်လျှော့ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးတွဲ လုပ်ဆောင်နိုင်ခြေရှိပါတယ်လို့ အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီဝင်၊ လွှတ်တော်အမတ် Chabot ကဆိုပါတယ်။ 

အခုပြင်ဆင်နေတဲ့ ဥပဒေမူကြမ်း အတည်ဖြစ်မယ်ဆိုရင် လေ့ကျင့်သင်တန်ပေးတာနဲ့ ဒေသတွင်း လေ့ကျင့်ခန်းတွေမှာ မြန်မာ စစ်ဘက်နဲ့ ပူးပေါင်းဆောင်ရွက်တာကို အမေရိကန်စစ်ဘက်အနေနဲ့ ရပ်ဆိုင်းရမှာဖြစ်သလို အရင်သမ္မတ ဘရာ့ခ် အိုဘားမား ပြီးခဲ့ တဲ့နှစ်က ရုပ်သိမ်းပေးခဲ့တဲ့ ကျောက်မျက်ကုန်သွယ်ရေးလုပ်ငန်းကိုလဲ ပြန်ပြီး ပိတ်ပင်ကန့်သတ်မှာဖြစ်ပါတယ်။ 

တိုက်ခိုက်တဲ့အခြေအနေတွေ ရပ်ဆိုင်းသွားတယ်ဆိုရင်တော့ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးအကူအညီတွေ ပေးမှာဖြစ်ပြီး ရိုဟင်ဂျာတွေ နေရပ်ရင်းပြန်ဖို့ကိုလဲ အားပေး လုပ်ဆောင်မှာဖြစ်ပါတယ်။ 

ဗွီအိုအေ (မြန်မာပိုင်း) 

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...