ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် နှုံးဘူးကြီးရွာနှင့်ငရှားကျေးရွာကြားယနေ့မနက် (10:05)နာရီမှ (11:00)နာရီအထိ ရှင်းလက်ဝကျေးရွာပြန် ကုန်တင်စက်လှေတွင် အမျိုးသမီးအဖွါးကြီး(၃)ဦးနှင့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းသား မောင်အောင်စိုး၊ စက်လှေသမား စုစုပေါင်း (၅)ဦး လိုက်ပါလာသောစက်လှေကို မြန်မာစစ်တပ်စက်လှေအထင်ဖြင့် မှားပြီးပစ်ခတ်ခဲ့ရာ ကျောင်သားလေးမှာသေဆုံးခဲ့သည်။
အဖွါးကြီး(၃)ဦးသည် ပလက်ဝပြည်သူ့ဆေးရုံတွင် ဆေးကုသခံယူနေကြရပါသည်။ စက်လှေသမားမှာ ဒဏ်ရာဒဏ်ချက် မရရှိခဲ့ပါ။
မြန်မာတပ်မတော်စီးပါလာသော စက်လှေကိုလည်း AAအဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ AAအဖွဲ့လက်နတ်ကြီးများ အသုံးပြုခြင်းကြောင့် မြန်မာစစ်တပ်ဘက်က သေဆုံးသူ(၁၇)ဦးသိရှိသည် သတင်းရပါသည်။ ဒဏ်ရာရရှိသူဦးရေ များပြားနေသည်ဟု သိရသော်လည်း လူဦးရေအတိအကျကို အတည်မပြုနိုင်သေးပေ။
Comments