Skip to main content

All Black ဝတ်တာ ကောင်းတဲ့ အချက် (၄)ချက်

All Black ဝတ်တာ ကောင်းတဲ့ အချက် (၄)ချက်
အနက်ရောင် က လူကြိုက်အများဆုံးအရောင်တစ်ခုပါ။ ပိုကြိုက်ကြတာက အဝတ်အစားကို အနက်ရောင်ရွေးချယ်ဝတ်ဆင်ကြရတာပါပဲ။ တချို့ဆိုရင် အနက်ရောင်ကိုကြိုက်လွန်းလို့ အပေါ်အနက်၊ အောက်အနက်အပြင် ဖိနပ်ကအစအနက်ရောင်ရွေးပြီး All Black ဒီဇိုင်းနဲ့ အမြဲတွေ့ရတတ်ပါတယ်။ အနက်ရောင်က အပူစုပ်တဲ့အရောင်မို့လို့ ပူတာကတော့ ရှိတာပေါ့။ ဒါပေမဲ့ အနက်ရောင်ကိုရွေးချယ်သင့်တဲ့ အကြောင်းအရင်းအချို့ကိုလည်း ထည့်တွက်လို့အောင် ရေးသားလိုက်ပါတယ်။ 

၁။ ခန္ဓာကိုယ်ကို ပိုကြည့်ကောင်းစေ 
အနက်ရောင်က ဝနေတဲ့သူကို သွယ်တယ်ထင်ရအောင်၊ ပိန်တဲ့သူကို အနည်းငယ်ပြည့်သယောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ All Black ဝတ်လိုက်တဲ့အခါမှာ ကိုယ်ထည်တစ်ခုလုံးက အရမ်းကြီးလှမနေရင်တောင် သူ့ဘာသာအဆင်ပြေပြေလေးနဲ့ ကြည့်ကောင်းနေမှာ သေချာပါတယ်။ 

၂။ မျက်စိမနောက်ဘူး 
တချို့အရောင်တွေက ဝတ်ချင်တိုင်းဝတ်လို့မကောင်းပါဘူး။ ကိုယ်နဲ့လိုက်တာမလိုက်တာနဲ့၊ မျက်စိနောက်လွန်းစရာဖြစ်တာမျိုးတွေလည်းရှိပါတယ်။ ပိုဆိုးတာက အရောင်တွဲဖက်မှုမှားရင် အကြည့်ရတော်တော်ဆိုးပါတယ်။ အနက်ဝမ်းဆက်ဝတ်ရင် လူတစ်ယောက်က တည်ငြိမ်မှုအသွင်နဲ့ ထူးခြားတဲ့အလှတစ်မျိုးကို ပေးစွမ်းနိုင်ပါတယ်။ 

၃။ တခြားအဆင်တန်ဆာတွေနဲ့လိုက်တာ 
All Black ဝတ်ထားရင် တခြားအဆင်တန်ဆာတွေကို ကြိုက်တဲ့အရောင်၊ ကြိုက်တဲ့ပုံစံနဲ့ဝတ်တာတောင် လိုက်ပါတယ်။ နေကာမျက်မှန်၊ ဆွဲကြိုး၊ လက်ကောက်၊ အိတ်၊ နားကပ်နဲ့ တခြားအဆင်တန်ဆာဘာပဲဝတ်လိုက်ဝတ်လိုက် အမြင်မရှုပ်တော့ပါဘူး။ 

၎။ ထင်ပေါ်မှု 
အနက်ဝမ်းဆက်ဝတ်ရင် လူကြည့်ခံရ၊ လူစိတ်ဝင်စားခံရတဲ့ရာခိုင်နှုန်းက သာမန်ထက် နှစ်ဆနီးပါးလောက်ပိုများတယ်လို့ အရောင်သုတေသီတွေကဆိုပါတယ်။ ပွဲလမ်းသဘင်တစ်ခုခုမှာ ထင်ထင်ပေါ်ပေါ်နဲ့ ကြည့်ကောင်းနေချင်ရင် All Black ဝတ်ဆင်ဖို့ရွေးချယ်နိုင်ပါတယ်။ 

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...