Skip to main content

BEER သောက်တဲ့သူတွေသာ ရနိုင်တဲ့ ကောင်းကျိုး များ

BEER သောက်တဲ့သူတွေသာ ရနိုင်တဲ့ ကောင်းကျိုး များ
# Zawgyi Version ဖြင့် ဖတ်ပါ 3 

ဘီယာချစ်သူတို့ အမြဲသစ္စာရှိရှိ သောက်နေတဲ့ ဘီယာ က ခင်များကို ပြန်ပြီး ကောင်းကျိုးပြုနေတယ်ဆိုတာ သိရောသိကြရဲ့လားဗျ ! ဘီယာ မကြိုက်တဲ့သူတွေ ၊ မသောက်တဲ့သူတွေအတွက်တော့ စိတ်မကောင်းဘူးဗျာ ။ ဒီအကျိုးကျေးဇူးတွေ သူတို့မခံစားရဘူးပေါ့.။ 

ကဲ ကဲ ဘီယာကို ကြိုက်လို့ပဲသောက်သောက် ၊ အပေါင်းအသင်းကြောင်ပဲသောက်သောက် ၊ မိုးရွာလို့ပဲ သောက်သောက် ၊ နေပူလို့ပဲသောက်သောက် ဘယ်လိုပဲသောက်သောက် ကိုယ်သောက်နေတဲ့ ဘီယာရဲ့ ကောင်းကျိုးလေးကို သိထားရတော့ ပိုပြီး အဓိပ္ပါယ်ရှိရှိ သောက်ကောင်းတာပေါ့ဗျာ…. 

၁ ။ အယ်လ်ကိုဟော ပါဝင်တဲ့ သောက်သုံးဖွယ်ရာတွေများစွာထဲမှာမှ ဘီယာက ကျောက်ကပ်ကို ပိုပြီး ကျန်းမာစေပါတယ်..၊ ဘီယာတစ်ပုလဲ သောက်တိုင်းမှာ ကျောက်ကပ်ကျောက်တည်မှုမဖြစ်ပွားရအောင် ၄၀ ရာခိုင်နှုန်းထိ လျော့ချပေးပါတယ်တဲ့ ကဲ.....( ဘယ်အရာမဆို တော့ တန်ဆေး လွန်ဘေးပေါ့နော်) 

၂။ ဘီယာမှာပါဝင်တဲ့ အမျှင်ဓါတ်ကြောင့် ခန္ဓာကိုယ်တွင်းက မကောင်းတဲ့ ကိုလက်စရောတွေကို လျော့ချပေးပါတယ်တဲ့ 

၃။ဘီယာမှာ ဗီတာမင် B ၊ B1 ၊ B2 ၊ B6 နှင့် B12 စသဖြင့် ဗီတာမင် ဘီ ဓါတ်အားလုံး ပါဝင်တာကြောင့် ဘီယာသောက်သုံးသူတွေက မသောက်တဲ့သူတွေထက် ဗီတာမင်ဘီ ၃၀ ရာခိုင်နှုန်းထိ ပိုပြီးများပါတယ်တဲ့ (ကောင်းကျိုးတွေ ကောင်းကျိုးတွေ) 

၎။ Dark Beer တွေမှာ အမျှင်ဓါတ် 1g နှင့်အထက် ပါဝင်လို့ အစာခြေစနစ်ကို ကောင်းစွာ အကျိုးဖြစ်ထွန်းစေပါတယ်တဲ့နော် (အစာမကျေရင် နည်းနည်း ကစ်လိုက်ပေါ့နော်) 

၅။ဘီယာမှာပါဝင်တဲ့ မြင့်မားတဲ့ silicon အဆင့်ကြောင့် အရိုးများ၏ သိပ်သည်းဆကို ထောက်ပံ့ပေးပြီး သန်စွမ်းစေတယ်လို့ ဆိုပါတယ် 

၆။ဘီယာပုံမှန်သောက်လေ့ရှိသူတွေက မသောက်တဲ့သူတွေထက် Heart Attack ဖြစ်နိုင်ခြေ ၄၀ရာခိုင်နှုန်းမှ ၆၀ရာခိုင်နှုန်းအထိကို လျော့ကျစေပါတယ်တဲ့ 

၇။ ဘီယာသောက်သုံးသူတွေဟာ မသောက်တဲ့သူတွေထက် အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေ ပိုနည်းပြီး မှတ်ဥာဏ်အား ပိုကောင်းစေပါတယ် ။ ဘီယာသောက်တဲ့သူတွေ ဥာဏ်ပိုကောင်းပါတယ်တဲ့ နော်.လေ့လာမှုတွေကပြောတာနော်..(အသောက်လွန်သွားရင်တော့ မတတ်နိုင်ဘူးနော်) 

ကဲကဲ.... ဘယ်လောက်ကောင်းကျိုးတွေရှိတယ်ပဲပြောပြော ဘယ်အရာမဆို တန်ဆေး လွန်ဘေး ဆိုတော့ ချင့်ချိန်ပြီး သောက်ကြပါလို့ပဲ တိုက်တွန်းပါရစေနော်..... 

မှီငြမ်း : Orginal 

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...