Big 9 အွန်လိုင်းတီဗီကို ဦးဆောင်ဖန်တီးလိုက်တဲ့ လေးဖြူနဲ့မျိုးကြီး
ဓာတ်ပုံ−ဇွဲဉာဏ်
ဂီတလောကသားများ ၏ အနုပညာဖန်တီးမှုအရှိန်အ ဟုန်မြှင့်တင်ပေးစေလိုသည့် ရည် ရွယ်ချက်အပါအ၀င် ရည်ရွယ် ချက်သုံးခုကိုအခြေခံ၍ Big 9 အွန်လိုင်းတီဗီ ပြုလုပ်ခြင်းဖြစ် ကြောင်း လေးဖြူက ပြောသည်။
လေးဖြူနှင့်မျိုးကြီးက ဦး ဆောင်၍ သက်ဆိုင်ရာနယ်ပယ် အလိုက် ကျွမ်းကျင်ပညာရှင်များ ဖြင့် ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။
Big 9 အွန်လိုင်းတီဗီအစီအ စဉ်တွင် သီချင်းအသစ်များ ထုတ် လွှင့်ပေးခြင်း၊ ခရီးသွားအစီအစဉ် များ၊ ဖျော်ဖြေပွဲများကို တိုက်ရိုက် ထုတ်လွှင့်ပေးခြင်း၊ ဖက်ရှင်အစီ အစဉ်များအပါအ၀င် ပရိသတ် များစိတ်ဝင်စားမည့်အစီအစဉ် များကို အချိန်နှင့်တစ်ပြေးညီတင် ဆက်ပေးမည်ဖြစ်သည်။
‘‘ဂီတလောကသားများရဲ့ အနုပညာဖန်တီးမှု အရှိန်အဟုန် မြှင့်တင်ပေးဖို့ တစ်တပ်တစ်အား အနေနဲ့ဝင်ရောက်ပြီး လုပ်ကိုင်တဲ့ ရည်ရွယ်ချက်တစ်ခုနဲ့၊ ဒီနေ့ခေတ် မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်နေ တဲ့ အချိန်အခါနဲ့အညီ ဂီတလော ကမှာလည်း တိုးတက်လာတဲ့ နည်းပညာအသစ်တွေနဲ့အတူ တိုး တက်သွားစေချင်တဲ့ရည်ရွယ် ချက်၊ နောက်ဆုံးတစ်ခုကတော့ ကမ္ဘာအရပ်ရပ်မှာရှိတဲ့ မြန်မာ ပြည်သူပြည်သားတွေက ပြည် တွင်းမှာရှိတဲ့ပရိသတ်တွေနဲ့အတူ တစ်ပြိုင်တည်းအတူတကွ ပျော် ရွှင်နိုင်ကြဖို့အတွက်’’ ဟု အွန် လိုင်းတီဗီပြုလုပ်သည့် ရည်ရွယ် ချက်သုံးခုအကြောင်းကို နိုဝင်ဘာ ၁ ရက်က ဆူးလေရှန်ဂရီလာဟို တယ်၌ ပြုလုပ်သည့်စာနယ်ဇင်း ရှင်းလင်းပွဲတွင် လေးဖြူက ပြော သည်။
ခရီးသွားအစီအစဉ်နှင့် အနု ပညာရှင်များ၏ ဖြတ်သန်းမှုများ အကြောင်း အင်တာဗျူးသည့်အစီ အစဉ်များကို လေးဖြူနှင့်မျိုးကြီး တို့ ကိုယ်တိုင်ပါဝင်ရိုက်ကူး ထားပြီး အစီအစဉ်အသစ်များကို လည်း အချိန်နှင့်တစ်ပြေးညီတင် ဆက်မည်ဖြစ်ကြောင်း လေး ဖြူက ပြောသည်။
‘‘အနုပညာရှင်တွေ အားလုံး ပါလို့ရတဲ့ အစီအစဉ်တွေကျွန် တော်တို့မှာရှိပါတယ်။ အစဆို တော့ ကျွန်တော်တို့နှစ်ယောက်နဲ့ စတာ။ နောက်ပိုင်းအစီအစဉ်တွေ ကတော့ ကျန်တဲ့အနုပညာရှင် တွေနဲ့လုပ်သွားမှာပါ’’ ဟု မျိုးကြီး က ပြောသည်။
Big 9 တီဗီ၏ ပထမဆုံး တိုက်ရိုက်ထုတ်လွှင့်သည့် ဖျော် ဖြေပွဲအနေဖြင့် နိုဝင်ဘာ ၁၁ ရက်တွင် ပြည်သူ့ရင်ပြင်၌ပြုလုပ် မည့်ဖျော်ဖြေပွဲကို ၎င်းတို့၏ဖေ့စ် ဘွတ်ခ်စာမျက်နှာ (www.faceb ook.com/Big 9 TV/) က တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်သည်။အဆိုပါဖျော်ဖြေပွဲအတွက် လက်မှတ်များကို အိုင်းရင်းခရော့စ် အဖွဲ့၏ပင်တိုင် ပရိသတ်များကို မဲဖောက်ပေးမည့် အစီအစဉ်များ ပြုလုပ်မည်ဖြစ်ပြီး ပရိသတ် တစ်သောင်းခန့်ပါဝင်နိုင်ရန် မျှော် လင့်ထားကြောင်း Big 9 TV ဈေးကွက်ပိုင်းကို တာဝန်ယူလုပ် ဆောင်နေသည့် ကိုကျော်ဇေယျ က ပြောသည်။
- Get link
- X
- Other Apps
- Get link
- X
- Other Apps
Comments