Skip to main content

ထွက်ပြေးထားတဲ့ ကလေးစစ်သား မန္တလေးနေအိမ်မှာ ပြန်အဖမ်းခံရ

ထွက်ပြေးထားတဲ့ ကလေးစစ်သား မန္တလေးနေအိမ်မှာ ပြန်အဖမ်းခံရ

 
 
ILO ရဲ့ အကူအညီနဲ့ မြန်မာနိုင်ငံတဝန်းက ကလေးစစ်သားတွေ လွတ်မြောက်လာတာရှိပေမယ့် ပြန်အဖမ်းခံရသူတွေ ရှိနေ
မြန်မာ့တပ်မတော်က ကလေးစစ်သားအဖြစ် စုဆောင်းခံ ရ ရာကနေ တပ်က ထွက်ပြေးထားတဲ့ မန္တလေးတိုင်း တောင်သာမြို့နယ် နန်းမြင့်ရွာက မောင်ညိုမောင်ကို တပ်ပြေးအဖြစ် တပ်ကိုယ်စားလှယ်နဲ့ ရဲတွေက ပြန်လည် ဖမ်းဆီးသွားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ 

အခုလို လာရောက် ဖမ်းဆီးရာမှာလည်း တပ်ပြေး လက်ခံတဲ့ မိဘတွေကို အရေးယူနိုင်တယ်ဆိုပြီး ခြိမ်းခြောက်မှုတွေ ရှိခဲ့တယ်လို့ မောင်ညိုမောင်ရဲ့ ဦးလေးဖြစ်သူ ကိုအောင်ဆင့်က ဘီဘီစီကို ပြောပါတယ်။ 

လာဖမ်းသူတွေ ပါလာတဲ့ ဝရမ်းမှာ တပ်ထွက်လက်မှတ်မရှိလို့ ဆိုတဲ့ အကြောင်းပြချက်ပါရှိပြီး တပ်ပြေးအဖြစ် ထောင်ဒဏ် ၃ နှစ်ကနေ ၇ နှစ်အထိလည်း ကျခံရနိုင်တယ်လို့ ဖော်ပြထားကြောင်း ကိုအောင်ဆင့်က ပြောပါတယ်။ 

အခုလို အဖမ်းခံခဲ့ရတဲ့ မောင်ညိုမောင်ကို ယခင် ထမ်းဆောင်ခဲ့ဖူးတဲ့ ပြည်မြို့ အခြေစိုက် တပ်ရင်းကို အာဏာပိုင်တွေက ပို့ထားတယ်လို့ သိရပါတယ်။ 

အခုလို ဖမ်းဆီးသွားတဲ့အတွက် ILO ကို အကြောင်းကြားထားပြီး ILO ဘက်ကလည်း အစိုးရဘက်ကို နိုဝင်ဘာလ ၆ ရက်နေ့မှာ အကြောင်းကြားပေးမယ်လို့ ပြောဆိုခဲ့
အခုလို အဖမ်းခံရတဲ့ မောင်ညိုမောင်ဟာ ၂၀ဝ၉ ခုနှစ် အသက် ၁၆ နှစ်အရွယ်မှာ သာစည်ဘူတာအတွင်း ကလေးစစ်သားအဖြစ် စုဆောင်းခံခဲ့ရပြီး ၂၀၁၃ မှာ ပြန်လည် ထွက်ပြေးလာပေမယ့် အစိုးရတပ်မတော်နဲ့ နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ် ILO တို့ ညှိနှိုင်းချက်အရ စစ်ဆေးဆဲကာလမှာ မဖမ်းဆီးဖို့ သဘောတူထားခဲ့တာ ဖြစ်ပါတယ်။ 

အခုလို ညှိနှိုင်းပေးထားတဲ့ ILO က တပ်ဘက်က ဖမ်းဆီးဖို့ ခြိမ်းခြောက်လာရင် တည်ဆဲ ဥပဒေအရ အရေးယူနိုင်တယ်ဆိုတဲ့ အကာအကွယ်ပေးတဲ့စာ ထုတ်ပေးထားပေမယ့်လည်း အခုလို ဖမ်းဆီးသွားတဲ့အတွက် ILO ကို မိသားစုဝင်တွေက အကြောင်းကြားထားပြီး ILOဘက်ကလည်း အစိုးရဘက်ကို နိုဝင်ဘာလ ၆ ရက်နေ့မှာ အကြောင်းကြားပေးမယ်လို့ ပြောဆိုခဲ့ပါတယ်။ 

မြန်မာနိုင်ငံမှာ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေ ကလေးစစ်သားအဖြစ် စုဆောင်းခံရတာနဲ့ ပတ်သက်ပြီး ILO ရဲ့ ကူညီ ဆောင်ရွက်ပေးမှုကြောင့် အများအပြား ပြန်လည် လွတ်မြောက်ခဲ့ဖူးပေမယ့် အခုလို တပ်ပြေးအဖြစ် ပြန်ဖမ်းတာကတော့ ၂၀၁၇ ခုနှစ်မှာ ပထမဆုံးဖြစ်ကြောင်း သိရပါတယ်။ 

BBC Burmese 

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...