လူတိုင်း သိထားသင့်တဲ့ လင်မယား ဥပဒေ အကြောင်း သိကောင်းစရာများ
***လင်ဖြစ်သူ နေအိမ် မှစွန့်ခွာပြီး ၃ နှစ်တိုင်အောင် အဆက်အသွယ် အထောက်အပံ့ မရှိရင်သော်၎င်း… နောက်အိမ်ထောင်ပြု ရင်သော်၎င်း…
မယား ၏ ကိုယ်စိတ်နှစ်ပါးဆင်းရဲစေရန် နေ့စဉ်နဲ့အမျှနှိပ်စက်နေရင်သော်၎င်း… မယားအား လက်ရောက်မှု့တစ်ကြိမ်ကျူးလွန်ယုံမျှဖြင့်၎င်း…
(မယား မှ တရားရုံး မှာ ကွာရှင်းခွင့် လျှောက်ထားနိုင်ပါသည်)
***ကျိုးကြောင်းဆီလျော်မှု့မရှိသောအကြောင်းပြချက် နဲ့ မယား သည် နေအိမ် မှစွန့်ခွာကာ ၁ နှစ်တိုင် အဆက်အသွယ်မလုပ်/ပြန်ပေါင်းရန် မကြိုးစားလျင်၎င်း…
အိမ်ထောင်ရေး ဖောက်ပြန်ရင်သော်၎င်း…
(လင်ဖြစ်သူဖက်မှ တရားရုံး တွင် ကွာရှင်းခွင့် တောင်းနိုင်ပါသည်)
***လင်မယား အရာမြောက်ဖို့ လက်ထပ်စာချူ ပ်လုပ်ရန်/မင်္ဂလာဆွမ်း ကျွေး/မင်္ဂလာဆောင်ကျင်းပ စတာတွေမလိုဘဲ ပတ်ဝန်းကျင် မှာ လင်မယားလို အထင်အရှားပေါင်းသင်းနေထိုင်ယုံနဲ့တရားဝင် လင်မယား အရာမြောက်ပါသည်…
***ရပ်/ကျေးရုံး /ရှေ့နေ စသူတို့ရှေ့၌ (ကွာရှင်းခြင်းကတိစာခူ ပ်) မဟုတ်သော စာချူပ် လက်မှတ် ရေးထိုး ကွာရှင်းခြင်းသည် ဥပဒေအ ရ တရားမဝင်သော်လည်း သက်သေ အဖြစ်တင်ပြခွင့်ရှိသည်…
***သတင်းစာ ထဲတွင် တဖက်သတ်ကွာရှင်းပြတ်စဲကြောင်း ကြေငြာခြင်း များသည် ကာယကံရှင်နှင့် ၎င်းတို့ပတ်ဝန်းကျင် သိစေရန်မျှသာ ဖြစ်ပြီး ဥပဒေအ ရ တရားမဝင်ပါ…
***viber /messanger/voice record စတာတွေနဲ့အိမ်ထောင်ရေး ဖောက်ပြန်ကြောင်း သက်သေတွေဟာ သက်သေခံတင်ပြခွင့်ရှိပေမယ့် ခိုင်မာမှု့မရှိတဲ့အပြင် တဖက်မှ ချေပဖို့အခွင့်အလမ်းများစွာ ရှိနေတာကို ဂရုပြုရပါမယ်…
active ဖြစ်တဲ့ video file သာလျင် မိမိဖက်ကအသာစီးရနိုင်မယ့်သက်သေဖြစ်သည်…
***ကွာရှင်းပြီးသော လင်မယား တို့သည် ပြန်လည်ပေါင်းသင်းပါက…လူသိ/နတ်ကြားပေါင်းသင်းရမှာဖြစ်ပြီး ဆိတ်ကွယ်ရာအရပ်များတွင်အလျဉ်းသင့်သလို ဆက်ဆံယုံမျှဖြင့် ယခင် ကွာရှင်း ထားသော စာချူပ် အား အလိုအလျောက်မပျက်ပြယ်နိုင်ပါ…
(အချု ပ်အားဖြင့်)…
မြန်မာ့ ထုံးတမ်းအရ မြန်မာ/ ဗုဒ္ဓဘာသာဝင် များသည် လင်မယားကွာရှင်း ထြင်းကိစ္စများ၌ စာချူ ပ်/စာတမ်းမလို ကာယကံရှင် ၂ ဦး၏ လွတ်လပ်သော ဆန္ဒသာအဓိကဟု စီရင်ထုံးများစွာမှာ ဖော်ပြထားသော်လည်း…
စီရင်ထုံးဆိုသည်ကား ပြဌာန်း ဥပဒေ မဟုတ်သည့်အတွက် အငြင်းပွားစရာဖြစ်လာပါက နစ်နာမှု့များစွာကြုံ တွေ့ရမှာဖြစ်၏…တလင်တမယားစနစ်ကျင့်သုံးရေး ဥပဒေ ဟူသော (ငရဲ ဥပဒေ) တည်မြဲနေစဉ်အတွင်း ကွာရှင်း မည်ဆိုပါက တရားရုံးများတွင်သာ စိတ်အချရဆုံးဖြစ်၏…
*** လင်မယား အတူမနေ/မထောက်ပံ့/အဆက်အသွယ် မလုပ်ပါကနှစ်ဘယ်လောက်ကြာရင် အလိုအလျောက်ပြတ်ဆဲပါသလဲ ဟူသောအများစု သိချင်သည့်မေးခွန်းအား ၎င်း လင်မယား ၂ ယောက်ထဲမှတစ်ယောက်ယောက် (တမလွန် ခရီး) နှင်မှသာ အလိုလိုပျက်ဆဲမှာဖြစ်ပါကြောင်း …cb မှမကြာခဏ မေးတတ်လွန်းသူများအား ဖြေကြားပေးလိုက်ပါသည်
Credit: lwinpyin
- Get link
- X
- Other Apps
- Get link
- X
- Other Apps
Comments