Skip to main content

စစ်တွေဆေးရုံကြီးမှ အလုပ်သင်ဆရာဝန်အားကိုယ်ထိလက်ရောက် ထိုးနှက်ခဲ့သူများအား အမှုဖွင့်အရေးယူရးယူ

စစ်တွေဆေးရုံကြီးမှ အလုပ်သင်ဆရာဝန်အားကိုယ်ထိလက်ရောက် ထိုးနှက်ခဲ့သူများအား အမှုဖွင့်အရေးယူ

 Thithtoolwin 
 

ရခိုင်ဂေဇက်၊ နိုင်ဝင်ဘာ ၂ 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် အောက်တိုဘာ ၂၉ ရက်နေ့၊ညနေ ၁၀ နာရီခန့်တွင် အချိန်လွန်မှလူနာလာကြည့်လာသောလူတစ်စုမှ ဆေးရုံထဲသို့ဝင်ခွင့်မရဟုဆိုကာ တာဝန်ကျ အလုပ်သင်ဆရာဝန်အား ထိုးကြိတ်ခဲ့ကြသည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပြီး အဆိုပါဖြစ်စဉ်တွင် ပါဝင်ခဲ့သူ စစ်တွေတက္ကသိုလ်မှကထိကဆိုသူနှင့် အဖွဲ့ဝင်များအားအမှုဖွင့်အရေးယူထားကြောင့် စစ်တွေ ဆေးရုံအုပ်ဒေါက်တာ ကျော်နိုင်ဝင်းကပြောသည်။ 

“အချိန်လွန်မှလာလို့ ဆရာမတွေကတားတယ် တားရမလားဆိုပြီး စာနာစိတ်မရှိဘူးဘာညာဆိုပြီးအော်ဟစ်ကြတယ်။ ဒါကို အဲဒီဆရာဝန်ကသွားပြီး ခင်ဗျားတို့မနက်ဖြန်မှလာပါလို့ရှင်းပြတယ်။ မရဘူး ဒီလိုနဲ့အလုပ်သင်ဆရာဝန်အပြင်ထွက်သွားပြန်လာတော့ ဆူညံပြီး တွေ့တယ်။ ပြန်ပြီးလူနာတွေကို အနှောင့်အယှက်ဖြစ်တယ်ဆိုပြီးပြောတယ်။ အဲလိုရှင်းပြရာကနေ တစ်ယောက်ကနောက်ကချုပ်ထားပြီး ကျန်လူများကဝိုင်းရိုက်ကြတယ်။ ဒါကြောင့် နဖူးတွေ၊ လက်မောင်းတွေ၊ ဒူးတွေမှာ နာကျင်ခဲ့ရတယ်။ စိုးရိမ်စရာတော့မရှိပါဘူး။ သူတို့တွေကို အခုလိုပြုမှုခဲ့လို့အမှုဖွင့်လိုက်တာပါ”ဟု ဆေးရုံအုပ်ဒေါက်တာကျော်နိုင်ဝင်းမှပြောသည်။ 

အဆိုပါဖြစ်စဉ်မှာ အောက်တိုဘာ ၂၉ ရက် ညနေ ၁၀ နာရီအချိန်တွင် စစ်တွေ ဆေးရုံကြီး အမျိုးသမီး ကုသဆောင်ရှေ့တွင် စစ်တွေတက္ကသိုလ်မှ ဓာတုဗေဒဌာနကထိက ဦးကိုအောင်အောင်နှင့် အပေါင်းအပါသုံးယောက်မှ စစ်တွေဆေးရုံတွင် ဆေးကုသခံယူနေသော အသိမိတ်ဆွေလူနာအား အချိန်လွန်မှဝင်ခွင့်တောင်းရာမှယခုလိုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဆေးရုံအုပ်မှဆိုသည်။ 

“ဆေးရုံမှာက ဧည့်တွေ့ချိန်ကုန်ရန်မဝင်ရဘူးလို့စည်းကမ်းထုတ်ထားတယ်။ သူတို့က ၁၀ နာရီလာတယ်ဆိုတော့ တွေ့ချိန်ကုန်ပြီပေါ့။ သူတို့လာကြည့်တဲ့လူနာကလည်း စိုးရိမ်ရတယ်ဆိုပြီး လူနာစောင့် လေးငါးယောက်တင်မကဘူးနေခွင့်ပေးထားတယ်။ အမှန်က လူနာစောင့် ၂ ယောက်သာထားတာ။ ဆေးရုံအတွင်းယခုလို ကိုယ်ထိလက်ရောက်စော်ကားတော့ ဆေးရုံဂုဏ် သိက္ခာအတွက် အမှုဖွင့်အရေးယူထားတယ်”ဆေးရုံအုပ်ကပြောသည်။ 

ကိုယ်ထိလက်ရောက် ထိုးကျိတ်ခံခဲ့ရသူဆရာဝန်မှာ မကွေးဆေးတက္ကသိုလ်မှ ဖြစ်ပြီး အလုပ်သင်ဆရာဝန်အဖြစ် စစ်တွေဆေးရုံကြီး တွင်တာဝန်ထမ်းဆောင်နေသူ ဖြစ်ကြောင်းသိရသည်။ 

တာဝန်ကျ ဆရာဝန်အား ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သူ ဟုဆိုသော ကထိက ဦးကိုကိုအောင်အား စစ်တွေအမှတ် (၁) ရဲစခန်းတွင် အမှုဖွင့်ထားကြောင်းသိရပြီး အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ကထိကဦးကိုအောင်အောင်အား ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းစက်ပိတ်ထားသောကြောင့် ဆက်သွယ်၍မရခဲ့ပါ။ 

ဇွဲလင်းနိုင် (စစ်တွေ) 
Rakhine Gazette 

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...