ဟာတာတာဗိုက်အခြေအနေမျိုးမှာ မလုပ်သင့်သင့်တဲ့အရာတွေ
# Zawgyi Version ဖြင့် ဖတ်ပါ #
“You are what you eat”ဆိုတဲ့ဆိုရိုး အားလုံးလည်းကြားဖူးကြမှာပါ။ကျန်းမာရေးပိုင်းမှာတော့ သင်မစားခင် ဘာလုပ်သလဲဆိုတာက ကျွန်မတို့ကျန်းမာရေးအတွက် ပိုသက်ဆိုင်နေတတ်ပါတယ်။ဆိုတော့ ဘာမှမစားထားတဲ့အခြေအနေမျိုးမှာ ရှောင်သင့်တဲ့အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ။
1.ဆေးသောက်ခြင်း
ဆေးကို ဗိုက်ထဲမှာ ဘာအစာမှမရှိပဲ သောက်ခြင်းဟာ ဆေးအာနိသင်ထိရောက်မှုကိုလျှော့ချပေးတဲ့အပြင် ဆိုးဝါးတဲ့အစာအိမ်ရောဂါတွေပါ ဖြစ်စေနိုင်ပါတယ်။
အကြံပြုချက်>နွားနို့ဟာ ဘာမှမစားခင်ဆေးသောက်ခြင်းကြောင့် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကို အတတ်နိုင်ဆုံးလျှော့ချပေးလို့ လုံးဝမတတ်သာတဲ့အခြေအနေမျိုးမှာ ရေအစား နွားနို့နဲ့သောက်နိုင်ပါတယ်။
2.ကော်ဖီသောက်ခြင်း
ကဖိန်းဓာတ်ပါတဲ့ကော်ဖီမပြောနဲ့ ကဖိန်းဓာတ်မပါတဲ့ကော်ဖီတောင် အစာချေလမ်းကြောင်းကို အနှောင့်အယှက်ပေးနိုင်တဲ့အပြင် အစာအိမ်အချဉ်ပေါက်ခြင်း၊အလွန်နာကျင်သောအစာအိမ်ပြသနာများဖြစ်လာနိုင်သောကြောင့် ဘာမှမစားရသေးခင် ကော်ဖီမသောက်သင့်ပါဘူး။
အကြံပြုချက်>သင်ဟာ အိပ်ရာထတာနဲ့ ဘာမှမလုပ်ခင် ကော်ဖီသောက်တတ်တဲ့အကျင့်ကို မစွန့်လွှတ်နိုင်သေးဘူးဆိုရင်တော့ cream(သို့)နွားနို့ ပေါင်းထည့်ပြီး သောက်သုံးပေးပါ။
3.အရက်သောက်ခြင်း
အစာမရှိပဲ အရက်သောက်ခြင်းဟာ ပုံမှန်ထက်2ဆစုပ်ယူနိုင်စွမ်းရှိလို့ သင့်ခန္ဓာကိုယ်အတွက် ပိုမိုဆိုးဝါးတဲ့လက္ခဏာပဲ သယ်ဆောင်လာပေးမှာပါ။မနှေးမမြန်ဆိုသလို အကျိုးဆက်အနေနဲ့ သင့်အသည်း၊နှလုံး၊ကျောက်ကပ်တို့ကို ဒုက္ခပေးလာနိုင်တာမို့ ဘယ်အချိန်ဖြစ်ဖြစ် မသောက်တာတော့အကောင်းဆုံးပါ။
အကြံပြုချက်>သင်ဘယ်လိုမှငြင်းဆန်လို့မရတဲ့အခြေအနေမျိုးမှာ သောက်ရတော့မယ်ဆိုရင်တော့ အနည်းဆုံးထောပတ်ပါဝင်တဲ့ sandwichလေးစားပေးပါ။
4.ပီကေဝါးခြင်း
ပီကေဝါးစဉ်မှာ ထွက်ပေါ်လာတဲ့acidဓာတ်ဟာ ဘာမှမစားရသေးတဲ့ အစာအိမ်လမ်းကြောင်းကို အန္တရာယ်ဖြစ်စေပါတယ်။သိပ္ပံပညာရှင်များရဲ့အဆိုအရ ပီကေဝါးတာကို နှစ်သက်သူအများစုဟာ အသီးအရွက်ထက်အာလူးကြော်၊ချိုချဉ်အစရှိတဲ့ အဆင်သင့်အစားအစာတွေကို ပိုစားတတ်ကြပါတယ်။
အကြံပြုချက်>ဘာမှမစားရသေးခင်ဖြစ်စေ၊ဗိုက်ပြည့်နေသည်ဖြစ်စေ ပီကေဝါးရင် 10မိနစ်ထက် ပိုပြီးမဝါးသင့်ပါဘူး။
5.အိပ်ရာဝင်ခြင်း
ဆာလောင်ခြင်းနဲ့ဂလူးကို့စ်ပမာဏနည်းခြင်းဟာ အိပ်ပျော်ရခက်စေပြီး စောစောနိုးစေပါတယ်။အဲလိုအိပ်မပျော်ခြင်းအားဖြင့် ဆာလောင်မှုကို ပိုတိုးလာစေပါတယ်။ဒါကြောင့် ညစာရှောင်ပြီး နိုးတဲ့မနက်မှာ ပိုပိုစားပေးရတဲ့သဘောပါ။
အကြံပြုချက်>ညစာမစားရင်တောင် မအိပ်ခင် နွားနို့ပူပူလေးတစ်ခွက်ဖြစ်ဖြစ် သောက်ပြီးအိပ်ခြင်းဖြင့် သင့်ကို နှစ်ခြိုက်စွာ အိပ်မောကျစေမှာပါ။
6.လေ့ကျင့်ခန်းပြင်းထန်စွာလုပ်ခြင်း
ဗိုက်ထဲမှာအစာမရှိချိန် လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကယ်လိုရီတွေကို ပိုပိုလောင်ကျွမ်းစေနိုင်တယ်လို့ ကျွန်မတို့ထင်ကြတယ်။တကယ်တော့ အဆီပိုတွေဆုံးရှုံးဖို့ သိပ်မထိရောက်ပါဘူး။ဘာမှမစားထားခင် လေ့ကျင့်ခန်းအပြင်းအထန်လုပ်ခြင်းဖြင့် အားအင်ကုန်ခမ်းနိုင်တဲ့အပြင် သင့်အစာအိမ်ကိုထိခိုက်စေပါတယ်။
အကြံပြုချက်>ပြင်းထန်တဲ့လေ့ကျင့်ခန်းလုပ်မယ့်အစား အေရိုးဗစ်ဆော့ပေးပါ။မည်သည့်အားကစားနည်းကိုမဆို မဆော့ခင် အရမ်းဗိုက်မပြည့်စေတဲ့ မုန့်လေးဖြစ်ဖြစ်စားပေးပါ။
7.ဈေးဝယ်ခြင်း
ဗိုက်ဆာနေတဲ့အခြေအနေမျိုးမှာ အစားအသောက်တွေကို လိုတာထက် ပိုဝယ်မိတယ်ဆိုတာ အားလုံးသိပြီးသားပါ။အစားအစာမရောင်းတဲ့ဆိုင်တွေမှာတောင် ရလိုစိတ်ဝယ်ချင်စိတ် ပိုများနေတတ်ပါတယ်။
အကြံပြုချက်>ဈေးဝယ်မထွက်ခင် ဝယ်ရမယ့်ပစ္စည်းတွေကို ကြိုကြိုပြီး စာရင်းပြုစုထားပါ။
8.(ချဉ်)ဖျော်ရည်သောက်ခြင်း(သံပုရာရည်၊လီမွန်ရည်၊လိမ္မော်ရည်၊…)
ဒီအသီးအုပ်စုမှာပါဝင်တဲ့ အချဉ်ဓာတ်နဲ့အမျှင်တွေဟာ ဘာမှမဖြည့်ထားတဲ့အစာအိမ်ကို ထိခိုက်စေပါတယ်။
9.ရန်ဖြစ်ငြင်းခုံခြင်း
ရှာဖွေတွေ့ရှိချက်များအရ ဗိုက်ဆာနေချိန်၊ဘာမှမစားရသေးခင် အခြေအနေမျိုးမှာ တစ်ယောက်နဲ့တစ်ယောက်သဘောတွေ့ဖို့ နည်းပါတယ်။ဗိုက်ဆာနေတဲ့အချိန်ဆို စကားပြောနေရင်းတောင် ဒေါသထွက်လာတတ်ကြတယ်။လူရှေ့သူရှေ့တောင် ဟန်မဆောင်နိုင်လောက်တော့အောင် မူပျက်လာတတ်ပါတယ်။ဘာလို့လည်းဆိုတော့ ကိုယ့်ကိုယ်ကိုထိန်းချုပ်နိုင်စွမ်းရှိဖို့ စွမ်းအင်ဆိုတာ လိုအပ်ပါတယ်။စွမ်းအင်ရှိဖို့က အစာစားရပါတယ်။ဆိုတော့ ငြင်းခုံရန်ဖြစ်နေမယ့်အစား ဆွေးနွေးပြောဆိုညှိနှိုင်းရမယ့်ကိစ္စတွေကို အစာစားပြီးနောက်မှလုပ်။
အကြံပြုချက်>အစာစားနေဖို့ဘယ်လိုမှအချိန်မရတော့ဘူးဆိုရင်တော့ မဆွေးနွေးခင် ပူနွေးတဲ့အရာတစ်ခုခု(ရေနွေးကြမ်း၊နွားနို့၊…)သောက်ပေးပါ။ဒီလိုသောက်ပေးခြင်းအားဖြင့် စကားဝိုင်းအခြေအနေက အခိုက်အတန့်အဆင်ပြေမှာပါ။
Credit: cantwait2say

- Get link
- X
- Other Apps
- Get link
- X
- Other Apps

Comments