Skip to main content

လူနှင့်ဝက် ပေါင်းစပ်မျိုးစိတ်သစ် ဓာတ်ခွဲခန်းအတွင်း အောင်မြင်စွာ ဖန်တီး

လူနှင့်ဝက် ပေါင်းစပ်မျိုးစိတ်သစ် ဓာတ်ခွဲခန်းအတွင်း အောင်မြင်စွာ ဖန်တီး

 The Voice Myanmar 
 
အမေရိကန်ပြည်ထောင်စု၊ ကာလီဖိုးနီးယားပြည်နယ် Salk Institute မှ ယွမ်ကာလို့စ် အစ်ပီဆွာ ဘယ်မွန်တီ ဦးဆောင်သည့် သိပ္ပံပညာရှင်များသည် လူသားနှင့်ဝက် ပေါင်းစပ်ထားသည့် မျိုးစိတ်သစ်တစ်ခုကို ဓာတ်ခွဲခန်းအတွင်း အောင်မြင်စွာ မွေးထုတ်နိုင်ခဲ့ပြီဖြစ်ကြောင်း Science Alert သတင်းတွင် ဖော်ပြထားသည်။
ဝါရှင်တန်၊ နိုဝင်ဘာ ၂

အမေရိကန်ပြည်ထောင်စု၊ ကာလီဖိုးနီးယားပြည်နယ် Salk Institute မှ ယွမ်ကာလို့စ် အစ်ပီဆွာ ဘယ်မွန်တီ ဦးဆောင်သည့် သိပ္ပံပညာရှင်များသည် လူသားနှင့်ဝက် ပေါင်းစပ်ထားသည့် မျိုးစိတ်သစ်တစ်ခုကို ဓာတ်ခွဲခန်းအတွင်း အောင်မြင်စွာ မွေးထုတ်နိုင်ခဲ့ပြီဖြစ်ကြောင်း Science Alert သတင်းတွင် ဖော်ပြထားသည်။ 

လူသား၏ ဆဲလ်များကို ဝက်မ၏ သန္ဓေသားလောင်းအတွင်း သွင်းပြီးနောက် လူနှင့်ဝက် ပေါင်းစပ်ထားသည့် မျိုးစိတ်သစ်တစ်ခုကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ယင်းသတင်းကဆိုသည်။ 

လူသားနှင့် တိရစ္ဆာန်မျိုးစိတ်တို့ ပေါင်းစပ်မှုကို နှစ်ပေါင်း များစွာ မဖြစ်နိုင်ဟု ယူဆခဲ့ကြသော်လည်း သိပ္ပံပညာရှင်များအနေနှင့် အနာဂတ်တွင် လူသားမျိုးစိတ်တို့ ဆက်လက် ရှင်သန်နိုင်ရေးအတွက် နည်းမျိုးစုံနှင့် စမ်းသပ်နေခြင်း၏ ရလဒ်ကောင်းတစ်ခုဖြစ်ကြောင်း ပညာရှင်များက ပြောကြားသည်။

Science Alert သတင်းတွင် ဖော်ပြချက်အရ အမေရိကန် သိပ္ပံပညာရှင်များသည် လူသား၏ Stem Cells များကို သန္ဓေတည်စ ဝက်မများ၏ သားအိမ်အတွင်းသို့ ဆေးထိုးအပ်နှင့် ထိုးသွင်းပေးပြီး သန္ဓေပေါင်းစပ်ခြင်းကို ဖန်တီးယူခဲ့ကြောင်း သိရသည်။

ပေါင်းစပ်သန္ဓေသားက နောက်ဆုံးတွင် လိုချင်သည့် မျိုးစိတ်တစ်ခုကို ပြောင်းလဲပေးလိုက်ခြင်းဖြစ်ကာ ယခုအခါ ပေါင်းစပ်မှု အောင်မြင်ပြီး ကြီးထွားမှုကို သုံးလခန့်အထိ စောင့်ကြည့်ရဦးမည်ဖြစ်သည်။

ပညာရှင်များသည် မဖြစ်နိုင်ဟုယူဆသည့် မျိုးဗီဇပေါင်းစပ်မှုပေါင်း ၁၅၀ ကျော်အထိ စမ်းသပ်ပြီး လူသား၏ နှလုံးနှင့် အသည်းများကိုပါ မွေးထုတ်နိုင်သည့် အဆင့်ရောက်စေရန် ရည်ရွယ်ထားကာ လုပ်ဆောင်နေခြင်း ဖြစ်သည်။

ဝက်များထဲသို့ ဆေးထိုးအပ်နှင့် ထိုးထည့်ပေးလိုက်သည့် ဆဲလ်များမှာ တစ်ထောင်ပုံ တစ်ပုံခန့်သာ ရှိသော်လည်း အနာဂတ်တွင် လူသားမျိုးစိတ်တို့အတွက် အကျိုးဖြစ်ထွန်းစေမည့် အင်္ဂါအစိတ်အပိုင်းများ မွေးထုတ်နိုင်မှုတွင် ပိုပြီး သက်ရောက်မှု ရှိလာစေနိုင်ကြောင်း ယွမ်ကာလို့စ်က ပြောကြားသည်။ 

ဒေါက်တာ ကာလို့စ်က လူသားတို့အတွက် လိုအပ်နေသည့် အင်္ဂါအစိတ်အပိုင်းများကို အခြားမျိုးစိတ်တစ်ခုတွင် ထည့်သွင်းမွေးမြူလာနိုင်ခြင်းဖြင့် လူသားတို့ ရင်ဆိုင်နေရသော အစားထိုးမှုဆိုင်ရာ ပြဿနာများကို ဖြေရှင်း ပေးသွားရန်လည်း ရည်ရွယ်ထားသည်ဟုဆိုသည်။

ကာလို့စ်နှင့်အဖွဲ့သည် ၂၀၁၅ ခုနှစ်ကတည်းက လူသား၏ဆဲလ်ကို ကြွက်များအတွင်း ထည့်သွင်းစမ်းသပ်မှု အောင်မြင်ခဲ့ပြီးနောက် ဆင့်ကဲစမ်းသပ်မှု အနေနှင့် ဝက်နှင့် လူသား ပေါင်းစပ်သန္ဓေသားကို ဓာတ်ခွဲခန်းအတွင်း ဖန်တီးခဲ့ရာတွင် အောင်မြင်မှုများရနေပြီ ဖြစ်ကြောင်း Science Alert သတင်းတွင် ရေးသားထားသည်။

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...