Skip to main content

ညီမလေးဖတ်ဖို့

ညီမလေးဖတ်ဖို့
==========
ညီမလေးရေ

ဘဝကို ရည်မှန်းချက်ထားရှိပြီး ဖြတ်သန်းပါနော် မိန်းကလေးဆိုတာ အားနွဲ့တတ်တာ သဘာဝပေမယ့် စိတ်ဓာတ်တွေ ခိုင်မာအောင် ကြိုးစားလေ့ကျင့်ထားပါ ညီမလေး....

မိန်းကလေးဆိုတာ ဝမ်းနည်းတဲ့အခါ မျက်ရည်ကို အဖော်ပြုတတ်ကြတာ သဘာဝဆိုပေမယ့် ငိုလို့ပြီးရင်တော့ လုပ်သင့်တာတွေ ဆက်လုပ်ဖို့ မမေ့နဲ့နော်

ဘဝပေးဒဏ်ကြောင့် စိတ်ခံစားမှုတွေ ကြုံရတဲ့အခါ ပြတ်သားသင့်တာကိုပြတ်သားနိုင်အောင် ကြိုးစားပါမိမိက မပြတ်သားပဲ ဆုပ်ကိုင်ထားမိရင်အကြိမ်ကြိမ် နာကျင်ရလိမ့်မယ် ညီမလေးလူတစ်ယောက်ကို မေ့ပစ်ဖို့ လိုအပ်လာရင်မေ့နိုင်အောင်ကြိုးစားပါ မမေ့နိုင်ပဲ ရင်ထဲထားနေမိရင် အကြိမ်ကြိမ် ရှုံးနိမ့်ရလိမ့်မယ် ညီမလေး

ကိုယ့်ကို နာကျင်စေတယ် ကိုယ့်အတွက် နှစ်နှစ်ကာကာ မရှိတော့ဘူးဆိုရင်တော့ ကိုယ့်ဘဝထဲ အပြီးစွန့်လွှတ်လိုက်ပါ ညီမလေးပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုဒဏ်မှာ လဲမကျအောင် ခံနိုင်ရည်တွေ ပြည့်ဝနေပါစေ

ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင်ကြိုးစား ကိုယ့်အစွမ်းအစကို ထုတ်သုံးပါ အရာရာကို အယုံမလွယ်ပါနဲ့ စိတ်ခံစားချက်ကို ရှေ့တန်းမတင်မိစေနဲ့နော်အမှားတွေ ကြုံရတတ်တယ် ညီမလေး

ဘေးစကားတွေကိုလည်း ဂရုစိုက်နေဖို့မလို လူတွေအာရုံစိုက်လာအောင် ဂရုတစိုက် လုပ်နေဖို့မလိုဘူး အဓိက သိမ်သိမ်မွေ့မွေ့ နေတတ်ထိုင်တတ်ဖို့လိုတယ် ညီမလေး

စကားများများပြောနေတာထက် သူများပြောတာကိုပဲ များများနားထောင်ပါစကားဆိုတာ ပြောပါများရင် အမှားပါတတ်တယ် နားထောင်ရင်း လူတွေအကြောင်းကို လူတွေဆီကပဲ သင်ယူပါ ညီမလေး

သူများစကားကိုလည်း ကြားဖြတ် မပြောမိစေနဲ့နော်ညီမလေးရေ အတတ်နိုင်ဆုံး ကိုယ့်ပါးစပ်က သူများမကောင်းကြောင်း မပြောမိစေနဲ့နော် ကိုယ့်ကို ပြောလာရင်လည်း အတတ်နိုင်ဆုံးရှောင်ပါ မိမိကို လာပြောသူကတစ်ခြားသူကို ပြန်မပြောဘူးဆိုတာ ညီမလေး မသိနိုင်တဲ့အတွက် ဘယ်သူ့ကိုမှ ဘာမှမပြောမိစေနဲ့ နားမထောင်မိစေနဲ့ ညီမလေးရေ

 ဝေဖန်ပါ သူများကို အပြစ်တင်စကားမဆိုမိစေနဲ့ အမှားအမှန် ခွဲခြားနိုင်အောင် ကြိုးစားပါ အားလပ်ချိန်မှာ အကျိုးရှိစေတဲ့ စာတွေဖတ်ပါ မိန်းကလေးတိုင်းမှာ ရှိသင့်တဲ့ မာနကိုလည်းလိုတာထက်ပို ထုတ်မသုံးမိစေနဲ့နော် ညီမလေးရေ...

ရွေးချယ်မှုသည် မိမိအတွက်သာမေတ္တာဖြင့် ရေးသားသည်

Credit : ဆောင်းသဇင်

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...