တူမကို မုဒိမ်းကျင့်မှု ထောင်ဒဏ်တသက်ချမှတ်
အိန္ဒိယနိုင်ငံမြောက်ပိုင်း ချန်ဒီဂါးမြို့တရားရုံုးက အသက် ၁ဝ နှစ်အရွယ် တူမဖြစ်သူကို မုဒိမ်းကျင့်ခဲ့မှုအတွက် ဦးလေး ၂ ယောက်ကို မနေ့က ထောင်ဒဏ်တသက်တကျွန်း အပြစ်ပေးလိုက်ပါတယ်။ ဒဏ်ငွေအဖြစ် ရူပီးငွေ ၃ သိန်းစီပေးဖို့လည်း အမိန့်ချမှတ်ခဲ့ပါတယ်။
ဒီအမှုမှာ မိန်းကလေးက သူမရရှိခဲ့တဲ့ကိုယ်ဝန် ဖျက်ချခွင့် တောင်းခံခဲ့တာကို တရားရုံးချုပ်က ပယ်ချခဲ့တဲ့အတွက် ဝေဖန်မှုတွေ အကြီးအကျယ် ပေါ်ပေါက်ခဲ့ပါတယ်။ အိန္ဒိယ ဥပဒေအရ ကိုယ်ဝန်ရှိတာ ရက်သတ္တပတ် ၂ဝ ကျော်ရင် ဖျက်ချခွင့်မပြုပါဘူး။ မိန်းကလေးဟာ သူမ ကိုယ်ဝန်ရှိတာကို အပတ် ၃ဝ ကျော်မှ သိရှိခဲ့တယ်လို့ ဆိုပါတယ်။
သြဂုတ်လမှာ ဗိုက်ခွဲမွေးခဲ့ရတဲ့ ကလေးကို ထိန်းသိမ်းစောင့်ရှောက်ဖို့ အစိုးရက လူမှုဖူလုံရေးဌာနကို လွဲပြောင်းပေးခဲ့ပါတယ်။

Comments