Skip to main content

မြန်မာနိုင်ငံတွင် ရုပ်သံလိုင်းတစ်လိုင်းလွှင့်ရန် ဗီယက်နမ် လာရောက်ကမ်းလှမ်း


မြန်မာနိုင်ငံတွင် ရုပ်သံလိုင်းတစ်လိုင်းလွှင့်ရန် ဗီယက်နမ် လာရောက်ကမ်းလှမ်း


မြန်မာနိုင်ငံတွင် ဗီယက်နမ် ရုပ်သံလိုင်းတစ်လိုင်းနှင့် သတင်းဌာနရုံးခွဲများ ဖွင့်လှစ် လုပ်ကိုင်နိုင်ရန် ဗီယက်နမ်နိုင်ငံ ပြန်ကြားရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနဝန်ကြီး H.E. Mr. Truong Minh Tuan က အောက်တိုဘာလ ၃၀ ရက်နေ့တွင် လာရောက် ကမ်းလှမ်းခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနထံမှ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၃၁ 

မြန်မာနိုင်ငံတွင် ဗီယက်နမ် ရုပ်သံလိုင်းတစ်လိုင်းနှင့် သတင်းဌာနရုံးခွဲများ ဖွင့်လှစ် လုပ်ကိုင်နိုင်ရန် ဗီယက်နမ်နိုင်ငံ ပြန်ကြားရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနဝန်ကြီး H.E. Mr. Truong Minh Tuan က အောက်တိုဘာလ ၃၀ ရက်နေ့တွင် လာရောက် ကမ်းလှမ်းခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနထံမှ သိရသည်။

အောက်တိုဘာလ ၃၀ ရက် နံနက် ၉ နာရီက ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ဗီယက်နမ်နိုင်ငံ ပြန်ကြားရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Truong Minh Tuan နှင့်အဖွဲ့ နားလည်မှု စာချွန်လွှာ MoU လက်မှတ်ရေးထိုးခြင်း၊ အပြန်အလှန် နှစ်နိုင်ငံသတင်း အချက်အလက် ဖလှယ်နိုင်ရေး၊ မြန်မာနိုင်ငံတွင် ဗီယက်နမ် ရုပ်သံလွှင့်ချန်နယ်နှင့် သတင်းဌာနရုံးခွဲများ ဖွင့်လှစ်နိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

“အခုက ဝန်ကြီးက ကမ်းလှမ်းတာပဲ ရှိသေးတယ်။ ပထမအဆင့်အနေနဲ့ လာဆွေးနွေးတာပါ။ ခွင့်ပြုဖို့က လိုပါသေးတယ်။ သဘောတူလို့ MoU လက်မှတ် ရေးထိုးရင် တရားဝင် ကြေညာပေးမယ်”ဟု ပြန်ကြားရေး ဝန်ကြီးဌာနထံမှ တာဝန်ရှိတစ်ဦးက ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံ၏ တည်ဆဲ ဥပဒေအရ ပြည်ပနိုင်ငံက သီးခြားရုပ်သံလိုင်း လုပ်ကိုင်ခွင့် မရှိကြောင်း၊ ပြည်တွင်း ရုပ်သံလိုင်း တစ်ခုတွင် အစီအစဉ်တစ်ခုအဖြစ်သာ ပါဝင်လုပ်ကိုင်ခွင့်ရှိကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီအဖွဲ့ဝင် ဦးမြင့်ကျော်က ပြောကြားသည်။

“ပြည်တွင်း ရုပ်သံလိုင်းတွေတောင် လိုင်စင် မကျသေးတာတွေ ရှိတယ်။ ပြည်ပက မြန်မာနိုင်ငံမှာ သီးခြားလုပ်ကိုင်ခွင့် ဥပဒေအရ လုပ်လို့ မရဘူး။ မြန်မာ့အသံနဲ့ ပူးပေါင်းမယ်ဆိုရင် ရတယ်”ဟု ၎င်းက ဆိုသည်။

ဥပဒေအရ သီးခြား လုပ်ကိုင်ခွင့် မရှိသည်မှာ မှန်သော်လည်း ဗီယက်နမ် ရုပ်သံလိုင်းနှင့် အစိုးရ ပူးပေါင်းလုပ်ကိုင်ရန်မှာ ညှိနှိုင်းရဦးမည်ဖြစ်သောကြောင့် အဆိုပါ ရုပ်သံလိုင်း အကောင်အထည် ဖော်ဆောင်ခြင်းနှင့်ပတ်သက်၍ အတိကျ မပြောဆိုနိုင်သေးကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူက ပြောကြား သည်။

လက်ရှိတွင် အစိုးရ၊ တပ်မတော်၊ ပုဂ္ဂလိက ရွှေသံလွင် (Sky Net)၊ Forver Group (MRTV-4) တို့မှာ ရုပ်သံထုတ်လွှင့်လျက်ရှိပြီး အသစ် လိုင်စင်ခွင့်ပြုထားသည့် ရုပ်သံလိုင်းမှာ DVB, Mizzima, Fortune, Young Investment Group နှင့် ကောင်းမြန်မာအောင်ရုပ်သံလိုင်းတို့ ဖြစ်သည်။



Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...