Skip to main content

ကမ်းခြေ အလွမ်းမပြေ ခေါင်းလောင်းပန်းတစ္ဆေ "

ကမ်းခြေ အလွမ်းမပြေ ခေါင်းလောင်းပန်းတစ္ဆေ "
အတွေ့အကြုံတစ်ခုလေးကိုပြောပြချင်ပါတယ်..အဲ့ဒါကဘာလည်းဆိုတော့သရဲခြောက်ခံရတာပေါ့နော် ကျမ ၆တန်း၊၇တန်း နွေရာသီကျောင်းပိတ်ရက် တစ်နှစ်နှစ်ပဲ..သေချာတော့မမှတ်မိတော့ဘူး ခုနှစ်ကို.. ကျမအမေကငွေဆောင်ကဟော်တယ်မှာတာဝန်ကျတာပေါ့နော်..နာမည်တော့ပြောပြတော့ဖူး ပုံတော့ပေးလိုက်မယ်ရှာလို့ရသလောက်.. (သွားရင်ကို့ဘာသာရအောင်ရှာ) 

ကျမလည်းနွေရာသီကျောင်းသုံးလပိတ်လို့ အမေ့ဆီကိုအလည်သွားတာပေါ့ အဲ့မှာ၂လလောက်နေခဲ့ပါတယ်..အဲ့တော့ကျမလည်းအမေ့လက်အောက်ကတပည့်တွေ အမေ့သူငယ်ချင်းတွေ တစ်ဟော်တယ်လုံးနဲ့ရင်းနှီးနေတာပေါ့..၀န်ထမ်းလေးတွေကလည်းအားလပ်ချိန်ဆိုကျမနဲ့ဆော့ဆော့ပေးပါတယ် ဟော်တယ်တစ်ခုလုံးကိုပတ်ပီးလျောက်ဆော့တာ.. 

ဟော်တယ်ရဲ့ဘန်ဂလိုလေးတွေကရှေ့ရောနောက်ရောတံခါးပေါက်နဲ့ ကော်ရစ်ဒါလေးပါပါတယ်..တစ်ထပ်အဆောက်အဦးလေးပါပဲ..ဟော်တယ်ရဲ့အဓိက Bar,Reception,Business Centre ကအမိုးကြီး ကြီးအောက်မှာတစ်ခုတည်းဆောက်ထားတာပါ..မျက်လုံးထဲမြင်အောင်ပြောရရင်… ၀င်ဝင်ချင်း ဘယ်မှာ Reception ညာမှာBusiness Centre ဆက်သွားရင် Bar ပီးရင်း ဧည့်သည်တွေအတွက် ခုံတွေကိုတောက်လျောက်ရေကူးကန်အထိခင်းကျင်းထားပါတယ်.. အဲ့Bar နားလောက်ကနေစပီး ရေကူးကန်မတိုင်ခင်အထိကို အပေါ်တစ်ထပ် ဆည်းဆာView အနေနဲ့ဆောက်ထားပါတယ်.. 

အဲ့အပေါ်ထပ်မှာတော့ထိုင်ခုံလေးတွေ ပန်းအိုးအလှလေးတွေနဲ့ညနေဆိုလှလို့ပလို့ ညဆိုကြောက်စရာပေါ့ အဲ့ဆည်းဆာ View ရဲ့ ပင်လယ်ဘက်ကိုမျက်နှာမူရင် ညာဘက် အလယ်နားမှာ အုန်းပင်လားထန်းပင်လားမခွဲတတ်ဘူး တော်တော်ရှည်ပါတယ်တခြားအပင်တွေနဲ့မတူအောင် အနည်းငယ်ပိုရှည်ပါတယ်..ပြောသံကြားတာကတော့ အဲ့အပင်မှာတစ္ဆေရှိပါတယ်ဆိုလားပဲ..ကိုကတော့ပျော်ပျော်ပဲ ကလေးဆိုတော့ဘာမှဂရုမစိုက်မိပါဘူး ဒီလိုပဲအမှတ်မထင်ကြားမိတာပါ.. အဲ့ထန်းပင်ရဲ့ဘေးမှာ မာစက် (Massage) ရှိပါတယ်..တကယ့်ကပ်ရပ်ကလေးပါပဲ..အဲ့မှာလည်း သရဲခြောက်တယ်တဲ့ ၀န်ထမ်းအမတွေပြောသံကြားမိတာပါ.. ဒီလိုနဲ့တစ်ရက်ပေါ့..ကျမလည်းရေကူးကန်နားမှာရေကူးကန်ဆေးတဲ့သူ(ဘယ်လိုပြောရမလဲ..ရာထူးလဲမပြောတတ်ဘူး..အဲ့အစ်ကိုက ရေကူးကန်ထဲကအမှိုက်တွေရေကူးကန်ဘေးတွေသန့်ရှင်းရေးလုပ်တယ်)... 

အဲ့လူကပေါ့ ရေကူးကန်ဆေးနေတာ ကျမနဲ့ဆော့ပီးစကားပြောရင်းပေါ့..အချိန်က ညနေမှောင်ရီပျိုးစ ၆း၃၀လောက်ဖြစ်မယ်..အဲ့အစ်ကိုကကျမကိုစတာပေါ့ရေကန်ထဲတွန်းချလိုက်မယ်ဘာညာနဲ့ ကျမလည်း တူတူပုန်းတိုင်းဆော့မယ်လို့ပြောလိုက်တာ..အဲ့အစ်ကိုကသူဒီဟာပီးရင်အားပီတဲ့ ခနနေအုံးတဲ့ အဲ့ဒါနဲ့ကျမလည်း ဟိုရစ်သီရစ်သီဒီရစ်သီရစ်သီနဲ့စောင့်နေတာပေါ့ရေကူးကန်ဘေးမှာ ကလေးဆိုတော့ဂနာမငြိမ်အဲ့နားကနေဟိုသွား ဟိုကနေဒီသွားနဲ့အဲ့နားတစ်ဝိုက်မှာ.. 

ကျမလည်းရေကူးကန်နားပြန်ရောက်လာတော့ အဲ့အစ်ကိုကခနလေး အပေါ်ကိုပန်းအိုးသွားရွှေ့လိုက်အုံးမယ်ဆိုပီး တက်သွားတာ ကျမလည်းလိုက်သွားတယ်.. ဒါနဲ့လှေခါးကဘယ်ဘက် ရှေ့နောက်ပေါင်း ၂ခုရှိတယ်..ရှေ့ကနေတက်ပီးအနောက်ကနေကျမတို့ပြန်ဆင်းတာပေါ့..အဲ့အနောက်ကနေဆင်းရင် Kitchen တံခါးဝကိုတည့်တည့်ပဲ.. အဲ့ကနေမှဘယ်ကိုသွားရင်Bar ကိုပြန်ဝင်တဲ့အပေါက် ညာက ဘန်ဂလိုတွေကိုဦးတည်နေတဲ့လမ်းလေးပေါ့.. ၂ယောက်သားဆင်းလားပီး အဲ့Kitchen အ၀မှာပဲ Kitchen ကလူနှစ်ယောက်ရှိပါတယ်..သူတို့ကကျမကိုတွေ့တော့စတာပေါ့ ဟိတ်ကောင်မလေး နင်ဘာလို့သူနဲ့အဲ့အပေါ်လိုက်သွားတာလည်း..အဲ့အပေါ်မှာသရဲခြောက်တယ် မကြောက်ဖူးလားဘာညာနဲ့ ကျမကလည်း စကားပြန်ပြော စကားကောင်းနေတုန်း ရေကူးကန်ဆေးတဲ့အစ်ကိုက Bar ဘက်ဝင်သွားပါတယ်.. ကျမစိတ်ထင်တော့သူပီးရင်ပြန်လာမယ်ပေါ့..အဲ့နားမှာပဲစောင့်နေတာ Kitchen အ၀မှာ.. အဲ့ပန်းခြံတွေထဲမှာ စက်ကူပန်း(တစ်နည်းအားဖြင့်မသာပန်း)လို့လည်းခေါ်ကြတယ်.. 

အဲ့ပန်းအိုးတွေရှိတယ်..အဲ့ပန်းကပန်းခရမ်းရောင်အိုးပေါ့နော်.. လှေခါးအဆင်းဆင်းဆင်းခြင်းဘေးမှာ Decoration လှအောင်ချထားတယ် နည်းနည်းအလတ်စားဆိုဒ်လောက်..တခြားနေရာတွေမှာလည်းအရောင်စုံပဲရှိပါတယ်… ကျမကလည်းညဘက်ကြီးကိုယောင်ပီးအဲ့ပန်းကိုသွားခူးပီးပန်းတွေကိုကျမခေါင်းပေါ်ကိုကြဲတိုင်းဆော့နေတာ ဟိဟိ Kitchen ကလူနှစ်ယောက်ကလည်းအထဲကိုပြန်ဝင်သွားတယ် ကျမကလည်း ပန်းခူးတာတောင်လူလိုမခူးဘူး မျောက်လိုပဲ လှေခါးရဲ့သုံးပုံ ပုံတစ်ပုံလောက်ကနေပီးခူးပီး ပန်းမင်းသမီးအလုပ်ကောင်းနေတုန်း အဲ့အပေါ်ကနေ ကျောက်စရစ်ခဲနဲ့ပေါက်တာ (အမလေးပြောရင်းကြက်သီးတောင်ထတယ်..ပြန်တွေးပီးရေးနေတဲ့အချိန်လည်းကြည့်အုံးလေ ၁၁း၅၅တဲ့ ) 

ပထမတစ်လုံး..နည်းနည်းကြောင်သွားတယ်..အံမယ်..ငါ့ကိုရန်စတယ်ပေါ့..ဟိုအစ်ကိုပဲထင်ပီး..တွေ့မယ်ပီးမှဆိုပီးနေနေပီးပန်းတွေနဲ့ထပ်ဆော့.... ဒုတယတစ်လုံး..သေတော့မယ် ငါ့ကိုတူတူပုန်းတမ်းဆော့မယ်ဆိုပီး အပေါ်ကနေပုန်းပီးခဲနဲ့များပေါက်ရလားဆိုပီး ထပ်နေနေသေးတယ် တတိယတစ်လုံးမှာ ၂လုံးဆက်တိုက်ပေါက်တာတော့..၃လုံးမြောက်အလုံးကကျမနောက်စေ့ကိုမှန်သွားတယ် ကျမတော်တော်စိတ်တိုသွားတယ်..ခေါင်းထိအောင်များပေါက်ရလားဆိုပီး ကျမအဲ့ကျောက်စရစ်ခဲ၎လုံးကိုကောက်တစ်ဖက်လက်ကကိုင် နောက်လက်တဖက်က မသာပန်းတွေကိုကိုင်ပီး တွေ့မယ်ဆိုပီး အပေါ်ကိုတက်သွားတာစိတ်တိုတိုနဲ့ အပေါ်လည်းရောက်ရော..ကျမတွေ့လိုက်တာက ဘာမှမရှိပါဘူးလို့ အပေါ်မှာမျက်လုံးကစားလိုက်တာ..တကယ်ပါ.. 

နေရာကလည်းရှင်းနေတာပဲလူဆိုတာကလည်းဘာမှမရှိဖူး ကျမကပန်းအိုးနဲ့ကွယ်ပီးများပုန်းနေလားဆိုပီး အရှေ့လှေခါးရဲ့ဒေါင့်ကနေ ပန်းအိုးနားကိုကြည့်တော့လည်းဘာမှမရှိဖူး..အဲ့ချိန်ထိသရဲခြောက်ခံရတယ်လို့လည်းမထင်မိဖူး.. ငါ့ကိုခဲနဲ့ပေါက်ပီး ငါတက်လာမြင်လို့ အရှေ့လှေခါးကနေ ဒင်းပြေးဆင်းသွားတာနေမှာဆိုပီး အရှေ့လှေခါးနေဆင်းပီး ကျမ Bar ကိုသွားမေးတယ်.. ရေကူးကန်ဆေးတဲ့အဲ့လူရောလို့ဘယ်မှာလည်းလို့ သမီးနဲ့ဆော့ဖို့ပြောပီးစောင့်နေတာ ဘယ်ရောက်သွားလည်းဆိုတော့…. ပြန်ဖြေလိုက်တာက..ခုနကပဲသမီးနဲ့တူတူဆင်းလာပီးမန်နေဂျာကLaundryကိုဘာသွားပို့ခိုင်းလိုက်တယ်ဆိုလား..ခနစောင့်နေပြန်လာလိမ့်မယ်တဲ့…. 

အဲ့မှာစတွေ့တာပဲသေရော..အဲ့ဒါနဲ့ကျမကလည်းလက်ထဲကနေကိုင်လာတဲ့ကျောက်စရစ်လေးလုံးကိုပြပီး ဒီမှာကျမကိုအဲ့အပေါ်ကနေပေါက်တယ်ပေါ့..အဲ့လူမဟုတ်ဖူးလား..သမီးကိုမနောက်နဲ့နော်လို့ပြောတာ..ဟာ နင်တော့သရဲခြောက်ခံလိုက်ရပီတဲ့ အဲ့အစ်ကိုကခုနတည်းကသွားတာမယုံ Reception ကအမတွေကိုသွားမေးလိုက်တဲ့ သူအဲ့ဘက်ကိုဝင်ပီးမှသွားတာတဲ့.. 

ကျမလည်းနည်းနည်းဖြုံသွားတယ်..ကျမလည်းအဲ့ဒါကိုအမှတ်မရှိသေးဖူး အဲ့ခဲလုံးတွေကိုမှတ်မှတ်ရရ အခန်းထဲထိသယ်လာပီး ကျမခရုတွေကောက်ပီးစုထားတယ် ပလတ်စတစ်အိပ်ထဲထည့်သိမ်းလိုက်တယ် တကယ်တကယ်အကြောက်လန့်မရှိတာ.. လူကပဲကံမြင့်နေလို့လားမသိဖူး လူလုံးလိုက်မမြင်ရတာကံကောင်း.. ကျမလည်း နေ့ဘက်လောက်ကလွဲရင်အဲ့အပေါ်ကိုတယောက်တည်းဘယ်တော့မှမသွားတော့ဘူး.. ကျမ ပြန်ခါနီးအမေ့ဆီကပြောသံကြားရတာတော့.. 

ဒီလို………………. ဧည့်သည်တွေ Taiwan လူမျိုး စုံတွဲတွေ ၇၊၈တွဲလောက်ရှိမယ် လာတည်းတာ.. ကျမတောင်မြင်လိုက်ပါသေးတယ် အဲ့အတွဲတွေ ရေကူးကန်ထဲမှာစပ်စလူးခါနေကြတာ လာတည်းပီးသိပ်မကြာဖူး ည၁နာရီနောက်ပိုင်းပဲ အချိန်တော့သေချာမမှတ်မိဖူး.. သူတို့အတွဲတွေတည်းကတစ်ယောက်က ညဘိုက်ဆာလို့ဆိုပီး Bar ကိုသွားမှာမယ်ဆိုပီးအဲ့လူက တစ်ယောက်တည်းထွက်လာတာ..ဘီယာသောက်ထားတဲ့အရှိန်လေးကနည်းနည်းရှိတယ်တဲ့.. အဲ့လူကဘာမှာလည်းမသိဖူး သူက ဆည်းဆာ view အပေါ်ထပ်မှာလှေညှင်းခံရင်းစောင့်မယ်ဆိုပီးတစ်ယောက်တည်းတက်သွားပီး အဲ့ကထိုင်ခုံရှည်မှာထိုင်နေတာတဲ့ ထိုင်နေတဲ့ပုံစံကလည်း ခြေထောက်ကိုချိတ်ပီး ခုံတန်းရှည်ပေါ်မှာလက်နှစ်ဖက်ကိုဆန့်တန်းပီးတင်ထားတာ.. 

အဲ့ချိန်မှာ သူ့ဘေးနားကိုမိန်းမတစ် ယောက်လာထိုင်တာတဲ့ အဲ့လူကလည်း သူ့အခန်းထဲက မဒီလေးကသူတစ်ယောက်တည်းဖြစ်နေမှာဆိုးလို့ လိုက်လာတယ်ထင်ပီ ပုခုံးဖက်လိုက်တာတဲ့ လူကလည်းနည်းနည်းမူးနေတဲ့အရှိန် မီးရောင်ကလည်း အဲ့လောက်မကောင်း(အောက်ကပုံမှာပြထားပါတယ်) ဆိုတော့ မျက်နှာကိုသတိမထားမိလိုက်ဖူးတဲ့ ..ဆင်းခါနီးကျမှသူကသွားမယ်လာဆိုပီးလက်ဆွဲအခေါ် မျက်နှာကသူ့မဒီလေးလည်းမဟုတ်ဖူး ကြောက်စရာကြီး ဆံပင်ရှည်ရှည်နဲ့မိန်းမတစ်ယောက်ပဲတဲ့.. သူလည်းလန့်ပီးအောက်ကိုချက်ချင်းဆင်းပြေး Kitchen ကလူတွေကိုပြေးပြော အဲ့လူခမျာတစ်ယောက်တည်းမပြန်ရဲရှာလို့ Bar က၃ယောက်လောက်ကပြန်လိုက်ပို့လိုက်ရပီး အစားတောင်မစားနိုင်တဲ့အဖြစ်ပါအဲ့ညက.. 

ဒါကအဲ့လူကိုယ်တိုင်ဝန်ထမ်းတွေကိုပြောပြလို့တစ်ယောက်စကားတစ်ယောက်နားမှာဆိုတဲ့အတိုင်း ကိုယ်တွေလည်းသိခဲ့ရတာပေါ့.. ကိုယ်သာလူချင်းမတွေ့ခဲ့ရတာတော်တော်ကံကောင်းခဲ့တယ်မှတ်.... ဟော်တယ်ပုံစံကိုတော့ထည့်ပေးလိုက်တယ်နော်..သူငယ်ချင်းတို့သွားရင်လည်းသတိထားသွားအုံး ဒါကတော့မှတ်မှတ်ရရကျမရဲ့တခုတည်းသော သရဲခြောက်ခံလိုက်ရတဲ့အဖြစ်ပေါ့.. 


Credit: တစ္ဆေသရဲ 

Comments

Popular posts from this blog

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ရင်သား ကြီးခြင်း၏ နောက်ကွယ်(မိန်းကလေးများအထူးဖတ်ရန်)

ရင်သား ကြီးခြင်း၏ နောက်ကွယ်(မိန်းကလေးများအထူးဖတ်ရန်) အလှကုန် ပစ္စည်းမျိုးစုံ ရောင်းချသော ဆိုင်တစ်ဆိုင် အတွင်းသို့ အမျိုးသမီးငယ် တစ်ဦး လှမ်းဝင် သွားနေသည်။ ထို့နောက် ဆိုင်အတွင်း ရောင်းချသော အလှကုန် ပစ္စည်းများကို ကြည့်ရှုပြီး တစ်နေရာ အရောက် သူလိုချင်သော အရာကို တွေ့ရှိရ၍ ဝယ်ယူလိုက်သည်။  အဆိုပါ အမျိုးသမီးငယ် ဝယ်ယူသွားသော အလှကုန်ပစ္စည်း အမျိုးအစားမှာ အိမ်နီးချင်းနိုင်ငံ များမှ ဝင်ရောက်လျက် ရှိသည့် အမျိုးသမီးများ အတွက် ရင်သားကြီးထွားစေသော ရင်သားလူးဆေး ပင်ဖြစ်သည်။  အလှအပကို စိတ်ဝင်စားကြသည့် အမျိုးသမီး များသည် မျက်နှာလှပရန်၊ အသားအရည်ကောင်း ရန် စသည်ဖြင့် အလှအပအတွက် လိုအပ်သော အလှပြင်ပစ္စည်းများဖြင့် လှပရန် လိမ်းခြယ်ကြ၊ ခွဲစိတ် ပြုပြင်ကြသည့် နည်းတူ သဘာဝ အလျောက် ဖြစ်ပေါ်နေသော ရင်သားနှင့် ပတ်သက်၍ ရင်သား လှပရန် နိုင်ငံစုံမှ ထုတ်လုပ်ထားသော လိမ်းဆေး များလူးခြင်း၊ ရင်သားခွဲစိတ် ပြုပြင်ခြင်းများကို အချို့သော အမျိုးသမီးများ ပြုလုပ်ကြသည်ကို တွေ့မြင်လာရသည်။  “အစ်မတို့ဆိုင်ကို လာဝယ်ကြတဲ့ သူတွေထဲ အပျိုတွေဆို ရင်သားကြီး ဆေးဝယ်ပြီး အိမ်ထောင်ကျပြီးတဲ့ သူတွေကတော့ ရင်သားပင့်တင်တဲ့ဆေး သုံးတာ များတယ်” ဟ...