Skip to main content

ရွေးချယ်ခွင့်နဲ့ ရပိုင်ခွင့်

ရွေးချယ်ခွင့်နဲ့ ရပိုင်ခွင့်
ဗုဒ္ဓဘာသာဟာ တကယ်တော့ ရွေးချယ်ပိုင်ခွင့်ရှိတဲ့ ဘာသာပါ။ ပြီးတော့ အဲဒီ ရွေးချယ်မှုကိုလည်း ကိုယ်ကိုယ်တိုင်ပဲ ရယူခံစားနိုင်တာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာမှာ အမိန့်ပေးပြီး ပြဋ္ဌာန်းသတ်မှတ်ထားတာ မရှိပါဘူး။ ကြောင်းကျိုး ဆက်စပ်ပြထားတာပဲ ရှိပါတယ်။ ဘုရားရှင် ကိုယ်တိုင်လည်း ဘာလုပ်ပေးမယ်၊ ဘယ်လိုကယ်တင်ပေးမယ်၊ ဘယ်လို ဖန်တီးပေးမယ်ဆိုတဲ့ ကယ်တင်ရှင်မျိုး မဟုတ်ဘဲ ဒီလိုလမ်းမျိုးရှိတယ်၊ ဒါကိုရွေးချယ်ရင် ဒီလိုဆိုးကျိုးရှိပြီး ဒါကို ရွေးချယ်ရင်တော့ ဒီလိုကောင်းကျိုးတွေ ရနိုင်တယ်ဆိုတဲ့ မှန်ကန်တဲ့ လမ်းကိုညွန်ပြပေးတော်မူတဲ့ လမ်းညွန်ပဲ ဖြစ်ပါတယ်။ လမ်းညွန်မှုကို ခံယူပြီး ရွေးချယ်မှု အပိုင်းကတော့ ကိုယ်ရဲ့ ဆုံးဖြတ်ချက်ပဲ ဖြစ်ပါတယ်။ အဲဒီလို ဆုံးဖြတ်ချက်နဲ့ ရွေးချယ်ပြီးရင်လည်း ဒီသက်ရောက်မှုကတော့ ကိုယ့်ထံကိုပဲ ရောက်ရှိလာမှာ ဖြစ်ပါတယ်။ ဒါကလည်း ဘယ်သူကမှ ပြဋ္ဌာန်းသတ်မှတ်ပေးလို့ မဟုတ်ဘဲ ကိုယ်ကိုယ်တိုင်ရဲ့ ရွေးချယ်မှုကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ရွေးချယ်မှုဟာ သိပ်ကို အရေးကြီးတယ်လို့ ဆိုတာဖြစ်ပါတယ်။ 

ဒီလိုရွေးချယ်မှုဟာ အရေးကြီးတဲ့အတွက် ရွေးချယ်မှု မှန်ကန်ဖို့လည်း လိုလာပြန်ပါတယ်။ ရွေးချယ်မှုမှန်ကန်ဖို့အတွက် အမှန်ကို မြင်တတ်ဖို့လည်း လိုလာပြန်ပါတယ်။ အဲဒါကို ဗုဒ္ဓဘာသာမှာတော့ သမ္မာဒိဋ္ဌိလို့ ခေါ်ပါတယ်။ မှန်ကန်တဲ့ အမြင်ရှိဖို့အတွက် ပညာရှိဖို့လည်း လိုပါတယ်။ အဲဒီပညာက သစ္စာကို သိနိုင်တဲ့ ပညာပဲ ဖြစ်ပါတယ်။ ဒါကို မြတ်ဗုဒ္ဓက ဆင်းရဲကြောင်း အမှန်တရားကို သိနိုင်တဲ့ ပညာ၊ ဆင်းရဲဖြစ်ကြောင်း အမှန်တရားကို သိနိုင်တဲ့ ပညာ၊ ဆင်းရဲ ချုပ်ရာ အမှန်တရားကို သိနိုင်တဲ့ ပညာနဲ့ ဆင်းရဲချုပ်ရာသို့ သွားရာလမ်းမှန်ကို သိနိုင်တဲ့ ပညာလို့ ညွန်ပြတော်မူပါတယ်။ ဒီလို ပညာမျိုးရှိမှပဲ စစ်မှန်တဲ့ အမြင်မှန်မှုလို့ ဆိုနိုင်တာ ဖြစ်ပါတယ်။ ဒီအမြင်ဟာ ရွေးချယ်မှုအတွက် အရေးကြီးဆုံးနဲ့ အခြေခံအကျဆုံးပဲ ဖြစ်ပါတယ်။ 
နောက် ရွေးချယ်မှုအပိုင်းမှာ အရေးကြီးတဲ့ အချက်တစ်ခုက ကိုယ့်ရဲ့အလုပ်တွေမှာ တာဝန်ယူနိုင်မှုပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ အကောင်းအဆိုး အလုပ်တွေဟာ ကိုယ့်ရဲ့ ပုံဖော်မှုပဲဆိုတဲ့ အချက်ဖြစ်ပါတယ်။ စာလိုပြောတော့ ကမ္မဿကတာ သမ္မာဒိဋ္ဌိပါပဲ။ ကံသာလျှင် မိမိရဲ့ ကိုယ်ပိုင်ဖြစ်တယ်လို့ အမှန်အတိုင်း မြင်ခြင်းပဲ ဖြစ်ပါတယ်။ ဒီစကားရပ်က ကိုယ်လုပ်တဲ့ အလုပ်၊ ကိုယ်ရွေးချယ်တဲ့ ရွေးချယ်မှုတွေဟာ ကိုယ်အပေါ်မှာပဲ သက်ရောက်စေပြီး အကောင်းအဆိုး ခံစားမှုကို ဖြစ်စေကြောင်း ဖော်ညွန်းချက် တစ်ခုပဲ ဖြစ်ပါတယ်။ ကိုရွေးချယ်ပြီးလုပ်တဲ့ အလုပ်ဟာ မှားရင်လည်း အဲဒီအမှားရဲ့ သက်ရောက်မှု၊ မှန်ရင်လည်း အဲဒီအမှန်ရဲ့ သက်ရောက်မှုကို ကိုယ်ကိုယ်တိုင်ပဲ ရပိုင်ခံစားခွင့် ရှိတဲ့သဘောမျိုးပဲ ဖြစ်ပါတယ်။ 

ဆိုတော့ကား ဗုဒ္ဓဘာသာ ရှုထောင့်က ပြောရင် သတ္တဝါတိုင်းဟာ လွတ်လပ်တဲ့ ရွေးချယ်ပိုင်ခွင့်ရှိပြီး အဲဒီ ရွေးချယ်မှုရဲ့ သက်ရောက်မှုကိုလည်း ကိုယ်ကိုယ်တိုင် ရရှိခံစားနိုင်တာ ဖြစ်တဲ့အတွက် အကောင်းရွေးမလား၊ အဆိုးရွေးမလား ဆိုတာဟာ ကိုယ့်အပေါ်မှာပဲ မူတည်နေတော့တာ ဖြစ်ပါတယ်။ အဲ ရွေးချယ်ပြီးရင်လည်း တာဝန်ယူမှုကို ကိုယ်ကပဲ ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ဘာရွေးပြီး ဘာယူမယ်ဆိုတာကို သိဖို့အတွက် ပညာကို အသုံးချရင်း အမှန်ရွေးပြီး အမှန်ယူနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ အရွေးမှားရင် နိဗ္ဗာန်ကနေ အဝေးသွားတတ်ပြီး အရွေးမှန်မှ နိဗ္ဗာန်ကို မနှေးအမြန် နီးစေနိုင်မှာ ဖြစ်တဲ့အတွက် မှန်ကန်တဲ့ ရွေးချယ်မှုနဲ့ မှန်ကန်တဲ့ ရယူမှုကို အမှန်အသိ ဉာဏ်နဲ့ညှိကြဖို့ပဲ ဖြစ်ပါတယ်။------------------------------------------------ 
စာရေးသူ = မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး) 

(မနာပဒါယီ)ဆိုဒ်မှတဆင့်ကူးယူတင်ပြဓမ္မဒါနပြုပါသည် 


Credit:  

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...