ကမ္ဘာ့ အလန်းဆုံး အစ္စရေး စစ်သမီးလေး မာရီယာ
သူမရဲ့ နာမည်ကတော့ Maria Miri Domark ဖြစ်ပြီး အသက်ကတော့ (၂၀)လောက်ပဲ ရှိပါသေးတယ်။ ဘာဘီ အရုပ်မလေးနဲ့လည်း တူပါတယ်။ သူမဟာ အစ္စရေးစစ်တပ်မှာ လေ့ကျင့်မှုတွေကို ခံယူခဲ့ဖူးတဲ့ စစ်သမီးလေး တစ်ယောက်ပါ။ Model တစ်ယောက်လည်း ဖြစ်ပါတယ်။
အစ္စရေးအစိုးရရဲ့ စစ်မှုထမ်းဥပဒေအရ အသက် (၁၆)မှ (၂၆)နှစ် အရွယ်ရှိ တဲ့ အမျိုးသမီးတိုင်း (၂)နှစ်ကနေ (၃)နှစ်အထိ စစ်မှုထမ်းရပါတယ်။ သူမဟာလည်း အဲ့ဒီတာဝန်ကို ထမ်းဆောင်ခဲ့ရသူလေးပါ။ အစ္စရေးကာကွယ်ရေး တပ် ဖွဲ့မှာ သူမရဲ့ စစ်သမီးတစ်ယောက်တာဝန်ကို လုံးဝအပြည့်အ၀ ထမ်းဆောင်ခဲ့သူလေးပါ။ စစ်တာဝန်ထမ်းဆောင်တုန်းကဆိုရင် သူမရဲ့ အေဂျင်စီကနေ ဘီကီနီဝတ်စုံတွေ၊ ဒီဇိုင်နာတွေရဲ့ အ၀တ်အစားတွေ ဘာကိုမှမယူဘဲ သူမရဲ့ မော် ဒယ်ဘ၀ကို မေ့ထားခဲ့သူပါ။ ဒါပေမယ့် စစ်ယူနီဖောင်းကို ၀တ်တာတောင်မှ ဆွဲဆောင်မှုရှိပြီး လှပနေခဲ့တာကို ပုံတွေကိုကြည့်ရင် သိနိုင်ပါတယ်။
ဓါတ်ပုံတွေကို အမြဲရှယ်လေ့ရှိပြီး Instagram မှာဆိုရင် follower ပရိသတ် အခိုင်အမာရရှိထားသူပါ။ Domark ရဲ့ ၀ါသနာကတော့ ကာတွန်းနဲ့ ကြောက်စရာဇာတ်ကားတွေကို ကြည့်ရတာ ကြိုက်ပါတယ်။ ဂီတမှာဆိုရင်တော့ Lady Gaga နဲ့ Carrie Underwood တို့ရဲ့ သီချင်းတွေကို နားထောင်တယ်လို့ ဆိုပါတယ်။
Credit: lwinpyin
- Get link
- X
- Other Apps
- Get link
- X
- Other Apps
Comments