ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှဖီး လွတ်လပ်မှုဆု ရုပ်သိမ်းခံရ
 
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဆိုင်ရာ ကတိကဝတ်ပြုမှုတွေကြောင့်ချီးမြှင့်ခံခဲ့ရ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ်တည်ချက်တွေကြောင့် သူ့ကို ချီးမြှင့်ထားတဲ့ ရှဖီးမြို့ရဲ့ လွတ်မြောက်ရေးဆု ( Freedom of Sheffield ) ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ရှဖီးမြို့ကောင်စီအဖွဲ့က ကြေညာလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဆိုင်ရာ စွမ်းဆောင်ချက်တွေကြောင့် ဒီဆုကို ၂၀ဝ၅ ခုနစ်ကချီးမြှင့်ခဲ့တာပါ။
လက်တွေ့မှာတော့ လတ်တလောဖြစ်ပွားခဲ့တဲ့ ရိုဟင်ဂျာ အကျပ်အတည်းတွေမှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မသိကျိုးကျွံပြုခဲ့တာတွေ ရှိခဲ့လို့ ဒီဆုကို ရုပ်သိမ်းခဲ့ရတာဖြစ်တယ်လို့ ရှဖီးဂုဏ်ထူဆောင်ဆုပေးရေး ကောင်စီအဖွဲ့က ပြောပါတယ်။
ဒီဆုကို တောင်အာဖရိက အမျိုးသားခေါင်းဆောင် နယ်လ်ဆင်မင်ဒဲလား၊ ယီမင်လူ့အခွင့်အရေး လှုပ်ရှားသူ Tawakul Karman စတဲ့ ပုဂ္ဂိုလ်တွေအပါဝင် ဗြိတိန်နိုင်ငံသားမဟုတ်တဲ့ နိုင်ငံခြားသား စုစုပေါင်း ၁၁ ဦးဟာ ဒီဆုကို ရရှိခဲ့ဖူးပါတယ်။
သြဂုတ်လတုန်းက ARSA အဖွဲ့က ရဲစခန်းတွေကို တိုက်ခိုက်မှုတွေရဲ့ နောက်ဆက်တွဲအဖြစ် အစိုးရလုံခြုံရေး တပ်ဖွဲ့တွေက တန်ပြန် စစ်ဆင်ရေးလုပ်ခဲ့ရာမှာ ရိုဟင်ဂျာ တသန်းနီးပါးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂက ဆိုထားပါတယ်။
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လှုပ်ရှားသုဖြစ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တတ်နိုင်သမျှ ဒီပဋိပက္ခကို ချုပ်ငြိမ်းအောင် ကြိုစားရမယ်လို့ ရှဖီးဂုဏ်ထူးဆောင်ဆု ချီးမြှင့်ရေး ကောင်စီအဖွဲ့ဝင် Julie Dore က ပြောပါတယ်။
BBC Burmese
 
Comments