Skip to main content

အီရန်ဟာ စစ်ရေးအရ တိုက်ရိုက် ရန်စလိုက်တာလို့ ဆော်ဒီပြော

အီရန်ဟာ စစ်ရေးအရ တိုက်ရိုက် ရန်စလိုက်တာလို့ ဆော်ဒီပြော


 
ဘာကန် အမှတ်၂ မစ်ဆိုင်းဒုံးရှိကြောင်း ဟူသီ သူပုန်တွေက ပြီးခဲ့တဲ့ နိုဝင်ဘာလက ထုတ်ဖော်ကြေညာ
ယီမင်နိုင်ငံမှာ ရှိတဲ့ သူပုန်တွေကို အီရန်နိုင်ငံက မစ်ဆိုင်းဒုံးတွေ ထောက်ပံ့တာဟာ စစ်ရေး အရ တိုက်ရိုက် ရန်စလိုက်တဲ့ လုပ်ရပ် ဖြစ်တယ်လို့ ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက်ဒ် ဘင် ဆယ်လ်မန်က စွပ်စွဲ ပြောဆိုလိုက်ပါတယ်။ 

စနေနေ့တုန်းက ပဲ့ထိန်းစနစ်နဲ့ ပစ်လွှတ်လိုက်တဲ့ မစ်ဆိုင်းဒုံးတခုကို ဆော်ဒီ အာရေဗျမြို့တော် ရီယက်ဒ်မြို့နားမှာ ကြားဖြတ် တားဆီးခဲ့ရပါတယ်။ 

ယီမင် အစိုးရ ထောက်ခံအားပေးပြီး ဆော်ဒီ ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေကို ဆန့်ကျင် တိုက်ခိုက်နေတဲ့ ဟူသီ သူပုန်တွေကို လက်နက်ထောက်ပံ့ပေးတာမျိုး မရှိဘူးလို့ အီရန်အစိုးရက ငြင်းဆိုထားပါတယ်။ 

ဆော်ဒီနဲ့ အီရန် အစိုးရတို့ဟာ ဒေသတွင်း မှာ သြဇာ အာဏာ လုနေကြပြီး စစ်အေးတိုက်ပွဲ ဆင်နွဲနေကြတာ ဖြစ်ပါတယ်။ 

အမေရိကန်နဲ့ ဆိုဗီယက် စစ်အေးတိုက်ပွဲလိုပဲ အဲဒီ နှစ်နိုင်ငံက တနိုင်ငံနဲ့ တနိုင်ငံ တိုက်ရိုက် တိုက်ခိုက်မှုတွေ မလုပ်ကြပေမယ့် သူတို့ရဲ့ ကြားခံ နိုင်ငံတွေ တခြား စစ်မြေပြင်မှာ တိုက်နေကြတာပါ။ 

အီရန်ရဲ့ သြဇာလွှမ်းမိုးမှုကို တန်ပြန်ဖို့ ဆော်ဒီက ယီမင်နိုင်ငံအရေးထဲ ဝင်စွက်ခဲ့ပေမယ့် ဆော်ဒီ တပ်ဖွဲ့တွေအတွက် အရှုပ်တော်ပုံ နွံထဲ ဆင်းမိရက်သား ဖြစ်ခဲ့ရပါတယ်။ 

ရှီအာ ကြီးစိုးတဲ့ အစိုးရ ရဲ့ နီးစပ်တဲ့ မဟာမိတ်နိုင်ငံဖြစ်တဲ့ အီရတ်နိုင်ငံမှာ အီရန်ရဲ့ သြဇာ ကြီးမားလာနေပြီး ဆီးရီးယားမှာလည်း အာဆာ့ဒ် အစိုးရ ခိုင်မာ တည်ငြိမ်အောင် အကူအညီတွေ ပေးနေတဲ့အတွက် အီရန်က မျက်နှာပန်းလှနေပါတယ်။ 

ဆီးရီးယား သူပုန်တွေကို အကူအညီပေးနေတဲ့ ဆော်ဒီအစိုးရကတော့ ဘာမှ အကျိုးမဖြစ်ထွန်းခဲ့ပါဘူး။ 

အခုတော့ ဆော်ဒီ အစိုးရအနေနဲ့ အီရန်ရဲ့ မဟာမိတ်နိုင်ငံတွေကို ပိုအာရုံစိုက်လာနေပုံ ရပြီး ဒီတခါမှာတော့ ဟက်ဇ်ဘိုလာတွေ အမြစ်တွယ် ခြေကုပ်ယူထားတဲ့ လက်ဘနွန်နိုင်ငံဘက်ကို လှည့်လာပါတယ်။ 

ဒါပေမယ့်လည်း ထိလွယ်ရှလွယ်အခြေအနေမျိုးမှာ ရှိနေတဲ့ လက်ဘနွန်နိုင်ငံကို သွားဆွဖို့က သိပ် အန္တရာယ် ကြီးလွန်းနေပြီး အစ္စရေးနဲ့ ဟက်ဇဘိုလာတွေအကြား တကယ့် စစ်ပွဲကြီးတခု ပေါ်ပေါက်လာနိုင်တဲ့ အခြေအနေမျိုး အထိ ဖြစ်လာနိုင်တယ်လို့ ဘီဘီစီသတင်းထောက် Jonathan Marcus က သုံးသပ်ထားပါတယ်။ 

BBC Burmese 

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...