ခြောက်လှန့် မီးလောင် ခံရတဲ့ ဆင်နှစ်ကောင်ရဲ့ ဓါတ်ပုံ ဆုရ
Thithtoolwin
![]() |
| ဆင်တွေကို နေ့စဉ် ခြောက်လှန့်နေရ |
ဓါတ်ပုံ ဆရာ ဘီလပ် ဟက်ဇရာ ရိုက်ကူးခဲ့တဲ့ အခု ဓါတ်ပုံထဲမှာ လူအများ စိတ်အနှောင့်အယှက် ဖြစ်စရာ ပုံရိပ် ပါဝင်တာကိုလည်း ကြိုတင် အသိပေး အပ်ပါတယ်။
အဆိုပါ ဓါတ်ပုံ ထဲမှာ လူတွေရဲ့ ခြောက်လှန့်မှုကြောင့် ဆင်မကြီးက ရှေ့က ပြေးလွှား နေရပြီး နောက်မှာ ဆင်ပေါက်ကလေးက မီးစွဲလောင်ပြီး မိခင် နောက်ကို ထပ်ချပ်မကွာ ပြေးလိုက် နေတာ ဖြစ်ပါတယ်။
![]() |
| လူတွေကို ရန်မူပြီး အသက် အန္တရာယ် ပြုတဲ့ အထိ ဆိုးရွား သောင်းကျန်း လွန်းတယ်လို့ ဘန်ဂေါ နေ သူတွေက ပြော |
လူတွေက တောဆင်ရိုင်းတွေကို ခြောက်လှန် မောင်းနှင်ရာမှာ ဗျောက် အိုးတွေ မီးရှူးမီးပန်းတွေကို အသုံးပြုလေ ရှိပြီး အခန့်မသင့်တဲ့ အခါမှာ တောရိုင်း တိရစ္ဆာန်တွေ မှာ မီးလောင် ကျွမ်းတဲ့ အထိ ဖြစ်နိုင်တာပါ။
ဥယျာဉ် ခြံမြေ စိုက်ခင်းတွေကိုလည်း ဆင်တွေ က ဝင်ရောက် ဖျက်ဆီးတတွေ၊ လူတွေကို ရန်မူပြီး အသက် အန္တရာယ် ပြုတဲ့ အထိ ဆိုးရွား သောင်းကျန်း လွန်းတယ်လို့ ဘန်ဂေါ နေ သူတွေက ပြောပါတယ်။
လူတွေ နဲ့ တောရိုင်း တိရစ္ဆာန်ကြား က ပဋိပက္ခကို ဖော်ထုတ် ပေးခဲ့တဲ့ ဓါတ်ပုံ ဆရာကို Sanctuary မဂ္ဂဇင်း က ပထမဆု ချီးမြှင့် ခဲ့ပြီး အနောက် ဘန်ဂေါ ဒေသမှာ ဒီလို ကိစ္စတွေက နေ့စဉ် လိုလို ဖြစ်ပျက် နေတာလို့ မှတ်ချက်ပေး ပြောကြားခဲ့ပါတယ်။
BBC Burmese
- Get link
- X
- Other Apps
- Get link
- X
- Other Apps


Comments