Skip to main content

အီရန်တွင် အမေရိကန်သံရုံး ဝင်စီးမှု နှစ်ပတ်လည် ပြုလုပ်ကာ အလံအား မီးရှို့ကြလျက် ဆန္ဒပြ

အီရန်တွင် အမေရိကန်သံရုံး ဝင်စီးမှု နှစ်ပတ်လည် ပြုလုပ်ကာ အလံအား မီးရှို့ကြလျက် ဆန္ဒပြ

 Mizzimaburmese
 
ထရမ့်အစိုးရသည် အီရန်အပေါ် တင်းကြပ်စွာ ဆက်ဆံနေပြီး အီရန် နျူကလီးယားစီမံကိန်းနှင့် ပတ်သက်သည့် နိုင်ငံတကာသဘောတူညီမှုကိုလည်း ပယ်ဖျက်မည်ဟု ခြိမ်းခြောက်ထားသည်။
တီဟီရန်၊ နိုဝင်ဘာ ၄ ။           ။ အီရန်နိုင်ငံတွင် ၁၉၇၉ ခုနှစ် အမေရိကန်သံရုံးအား ဝင်စီးနင်းမှု နှစ်ပတ်လည်နေ့ ပြုလုပ်ကာ ထောင်ပေါင်းများစွာသော ပြည်သူများက အမေရိကန်
သမ္မတ ဒေါ်နယ်ထရမ့်၏ ပေါ်လစီများအား ဆန့်ကျင်ပြီး “အမေရိကန် သေဆုံးပါစေ။”ဟူသော ကြွေကြော်သံများ အော်ဟစ်အား အမေရိကန်အလံအား မီးရှို့ကြလျက် နိုဝင်ဘာ ၄ ရက်တွင်  ဆန္ဒပြကြသည်။
အစ္စလာမ်မစ်တော်လှန်ရေးအပြီး အီရန်ကျောင်းသားများက အမေရိကန်သံရုံးကို ဝင်ရောက်စီးနင်းခဲ့ကြခြင်းဖြစ်ပြီး ရက်ပေါင်း ၄၄၄ ရက်ကြာအောင် ဓားစာခံများကို ဖမ်းဆီးထားခဲ့ကြရာ နှစ်နိုင်ငံဆက်ဆံရေး ကျိုးပျက်ခဲ့ပြီး ယနေ့အထိ အစေးမကပ် ဖြစ်နေခဲ့သည်။ ယခု ဆန္ဒပြသူများသည် သံရုံးဝင်းဟေင်းအနီးတွင် ထရမ့်ပုံတူ ရုပ်တုကို တုတ်များဖြင့် ရိုက်နှက်ကြသည်။ ပဲ့ထိန်းဒုံးကျည် ပုံစံတုတစ်ခုကိုလည်း သယ်ဆောင်ပြသထားကာ အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုသစ်များကို အာခံကြောင်း ပြသသည်။
“ခုနှစ်မှာ ထရမ့်ရဲ့ အီရန်ဆန့်ကျင်တဲ့ ပေါ်လစီတွေဟာ အီရန်ပြည်သူတွေကို ပိုပြီးစေ့ဆော်စည်းရုံးမှု ဖြစ်စေတယ်။”ဟု အီရန်အမျိုးသားအထူးလုံခြုံရေးကောင်စီ၏ အတွင်းရေးမှူး အလီရှမ်ခါနီက ပြောသည်။
ထရမ့်အစိုးရသည် အီရန်အပေါ် တင်းကြပ်စွာ ဆက်ဆံနေပြီး အီရန် နျူကလီးယားစီမံကိန်းနှင့် ပတ်သက်သည့် နိုင်ငံတကာသဘောတူညီမှုကိုလည်း ပယ်ဖျက်မည်ဟု ခြိမ်းခြောက်ထားသည်။
အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ရုပ်သိမ်းဖြစ်စေသော ၎င်း၏ နျူကလီးယားစီမံချက်ကို ကန့်သတ်နိုင်သည့် အီရန်နှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများက ၂၀၁၅ သဘောတူညီမှုကို အသက်ဝင်ဆဲဖြစ်ကြောင်း ထောက်ခံချက်လက်မှတ်ထိုးရန်ကို ပြီးခဲ့သည့်လအတွင်းက ထရမ့်က ငြင်းဆန်ထားသည်။
အီရန်၏ ပဲ့ထိန်းဒုံးကျည်စီမံကိန်းများအပေါ် အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုသစ်များ ပြဌာန်းထားပြီးလည်း ဖြစ်သည်။




Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...