Skip to main content

မြန်မာ့အသက်အငယ်ဆုံး စစ်ဘုရင် မင်းရဲကျော်စွာ

မြန်မာ့အသက်အငယ်ဆုံး စစ်ဘုရင် မင်းရဲကျော်စွာ
# Zawgyi Version ဖြင့် ဖတ်ပါ # 

မင်းရဲကျော်စွာကား ' အသက်အငယ်ဆုံး စစ်ဘုရင် ' အဖြစ် မြန်မာရာဇ၀င်တွင် မော်ကွန်းရေးထိုးနိုင်သည့် မင်းသားတစ်ပါးဖြစ်သည်။ မင်းရဲကျော်စွာသည် အင်းဝဘုရင် ပထမမင်းခေါင် နှင့်မိဖုရားရှင်မိနောက် တို့မှ သက္ကရာဇ် ၇၅၂ ခုနှစ်တွင် ဖွားမြင်သည်။ သမိုင်းသုတေသီတို့က - မင်းရဲကျော်စွာကထူးခြားသူပင်၊ အသက်ငယ်ငယ်နှင့် မတန်လှစွာ စစ်ရေးစစ်ရာ ကျွမ်းကျင်လှသည်။ 

မင်းရဲကျော်စွာ၏ထူးခြားချက်မှာ မင်းရဲကျော်စွာ၏ မွေးဖွားချိန်သည် မြန်မာနိုင်ငံသမိုင်းတွင် အကြီးကျယ်ဆုံးနှင့် အရှည်ကြာဆုံးဖြစ်သည့် မွန်-မြန်မာ အနှစ် ၄၀ စစ်ပွဲကာလဖြစ်နေခြင်းပင်ဖြစ်သည် ဟုမှတ်တမ်းပြုသည်။ အချို့ပညာရှင်များကလည်း မင်းရဲကျော်စွာသည် ဖခင်အင်းဝဘုရင် မင်းခေါင်မှာစစ်ဘုရင်တစ်ပါး ဖြစ်သဖြင့် အမိဝမ်းထဲရှိနေစဉ် ကပင်စစ်သွေးစစ်စိတ် ဗီဇများ ပါဝင်လေသလား ဟုမှတ်တမ်းပြုသည်။ အချို့ပညာရှင်များကမူ မင်းရဲကျော်စွာသည် မွန်ဘုရင် ရာဇာဓိရာဇ်၏ သံသယဖြင့် သတ်ပစ်ခဲ့သော ရာဇာဓိရာဇ် သားတော် ဗောလောကျန်းတော ၀င်စားသည်ဟုဆိုကြသည်။ 

မည်သို့ပင်ဖြစ်စေ မင်းရဲကျော်စွာ၏ ဘ၀သမိုင်းကို ပြန်ကြည့်လျှင် ထူးခြားမှုများရှိနေသည်ကို တွေ့ရ၏။ 
အကြောင်းမှာ - 
သက္ကရာဇ် ၇၆၅ ခုနှစ် ၊ မင်းရဲကျော်စွာ သက်တော် ၁၃ နှစ်ဝင်စတွင် စစ်ဘုရင်ဘ၀သို့ ရောက်နေသောကြောင့်ဖြစ်သည်။ 

သက္ကရာဇ် ၇၆၅ ခုနှစ်တွင် ရခိုင်ဘုရင် ထောရာကြီး သည် မြန်မာမင်းတို့၏ ပိုင်နက်ဖြစ်သည့် ယောဆောနှင့် လောင်းရှည်တို့အား ထိပါးလာသဖြင့် ဘုရင်မင်းခေါင်သည် သားတော်မင်းရဲကျော်စွာအား တပ်မှူးခန့်ကာ တပ် ၁၀ တပ်နှင့် ချီတက်နှိမ်နင်းစေခဲ့သည်။ နနွင်းတောင်အရပ်တွင် မြန်မာတပ်နှင့် ရခိုင်ဘုရင်တပ်သို့ ရင်ဆိုင်တွေ့ကြရာ မင်းရဲကျော်စွာသည် ရုတ်ခြည်း လက်ဝဲ ၃ ၊ လက်ယာ ၃ ၊ တပ်ခွဲစေကာ ကိုယ်တိုင်မူ အလယ်ကြောင်း ၄တပ် အားကြီးမှူးပြီး ရဲမြတ်စွာ အမည်ရှိ ဆင်ကိုစီးပြီး ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့သည်။ ထိုစစ်ပွဲတွင် ရခိုင်ဘုရင်ကျဆုံးပြီး ရခိုင်တပ်များ ထောင်းထောင်းညက်ညက်ကြေကာ တပ်ပျက်ဆုတ်ပြေးခဲ့ရ၏။ ထိုတိုက်ပွဲက မင်းရဲကျော်စွာ၏ ပထမဆုံးအောင်ပွဲဆင်နွှဲရသည့်တိုက်ပွဲလည်းဖြစ်သည်။ 

မင်းရဲကျော်စွာသည် သက္ကရာဇ် ၄၆၈ ခုနှစ်တွင် အင်းဝနန်း၏ မဟာဥပရာဇာ အဖြစ် ချီးမြှင့်မြှောက်စားခြင်း ခံခဲ့ရ၏။ မင်းရဲကျော်စွာသည် သက္ကရာဇ် ၇၇၂ မှ သည် နတ်ရွာစံသည့် ၇၇၈ ခုနှစ် အထိ ၆ နှစ်သော ကာလပတ်လုံး စစ်ကစားခဲ့ရသည်။ လက်ရုံးရည်တွင် စံဖက်ထင်ရှားသူအဖြစ် မှတ်တမ်းတင်ခံရလောက်အောင် ရဲစွမ်းပြနိုင်ခဲ့သည့် သူရဲကောင်း စစ်ဘုရင် ပင်ဖြစ်သည်။ 

မင်းရဲကျော်စွာ၏ ဘ၀တွင်ထင်ရှားသည့် တိုက်ပွဲနှင့် ဖြစ်စဉ်များကိုဖော်ပြရလျှင် - 

-(က) သက္ကရာဇ် ၇၇၂ ခုနှစ် ။ 
မွန်ပြည်နယ်သို့ချီတက်ကာ မြောင်းမြ၊ ပုသိမ် နှင့် ခဲပေါင်တို့အား လုပ်ကြံခဲ့သည်။ အပြန်တွင် ရခိုင်၊ သံတွဲကိုပါ တိုက်ခိုက်အောင်မြင်ခဲ့သည်။ 

-(ခ) သက္ကရာဇ် ၇၇၃ ခုနှစ် ။ 
ရာဇာဓိရာဇ်သည် ရခိုင်သံတွဲကိုလုပ်ကြံသည်။  ထိုအကြောင်းကို မင်းရဲကျော်စွာ ကြားသိလျှင် ချက်ချင်းချီတက် ၀န်းရံလုပ်ကြံသည်။ သို့သော်အောင်မြင်ကြီးပွားခြင်း မရှိမီ တပ်ခေါက်ပြန်ခဲ့ရသည်။ 

-(ဂ)သက္ကရာဇ် ၇၇၃ ခုနှစ် ။ သိန္နီစော်ဘွား အင်းဝသို့ ချီလာသည်ကို မင်းရဲကျော်စွာအမှူးပြုကာ ခုခံ၏။ ပထမနှစ်ဖက် မြင်းတပ်ချင်းတိုက်သည်။ နောက် မင်းရဲကျော်စွာ နှင့် သိန္နီစော်ဘွား စီးချင်းထိုးသည်။ ထိုသို့စီးချင်းထိုးစဉ် မင်းရဲကျော်စွာသည် သိန္နီစော်ဘွား၏ဆင်ပေါ်သို့ ခုန်တက်ပြီး စော်ဘွားနှင့်တကွ ကုန်လယ်၊ ပဲ့စီးတို့ကိုပါ ခုတ်ချအောင်မြင်ခဲ့သည်။ ၅ လခန့်အကြာတွင် သိန္နီတပ်များ တရုတ်တပ်တို့ထံမှ အကူအညီတောင်းကာ ချီတက်လာသည်ကို မင်းရဲကျော်စွာ တိုက်ခိုက်အောင်မြင်သဖြင့် ဆင်၊ မြင်း၊ သုံ့ပန်း အများအပြားကို ရလိုက်သည်။ 

(ဃ)သက္ကရာင်္ဇ ၇၇၄ ခုနှစ် ။ မင်းရဲကျော်စွာသည် ကြည်းကြောင်း ဖြင့် မွန်တို့ဌာနီ သို့ချီတက်ခဲ့၏။ သံလျင်ကို အောင်မြင်ကာ အနောက်ဘက်တစ်လွှားဖြစ်သည့် ပုသိမ်၊ မြောင်းမြ ၊ ခဲပေါင်းမှ သုံ့ပန်းတို့အား အင်းဝသို့ ချည်ပို့ရ၏။ 

(င)သက္ကရာဇ် ၇၇၅ ခုနှစ် ။ 
မော်တုံး မော်ကပ်ဓား ရှမ်းတို့ မြေဒူးသို့ ထိပါးလာရာ မင်းရဲကျော်စွာ ချီတက်တိုက်ခိုက်အောင်မြင်သည်။ 

(စ) သက္ကရာဇ် ၇၇၆ ခုနှစ် ။ 
မင်းရဲကျော်စွာမွန်တို့ပြည်သို့ ချီတက်လာသည်။ မင်းရဲကျော်စွာ ချီတက်တိုက်ခိုက်ရာ စစ်ဦးတွင်အကြိမ်ကြိမ်အနိုင်ရ၏။ ရာဇာဓိရာဇ် မုတ္တမ ဘက်သို့ရှောင်တိမ်းရသဖြင့် အနောက်တစ်လွှားရှိ ပုသိမ်၊ မြောင်းမြ မှမြန်မာတို့ဖက်သို့ဝင်လာ၏။ မွန်သူရဲကောင်း သမိန်ဗရမ်းကိုလက်ရမိသည်။ မင်းရဲကျော်စွာသည် ဒလတွင် တပ်ချကာ ရာဇာဓိရာဇ်အားတိုက်ခိုက်ရန်ပြင်သည်။ 

(ဆ) သက္ကရာဇ် ၇၇၈ တန်ခူး ၁ ရက်နေ့၊ 
ရာဇာဓိရာဇ်သည် မိမိစစ်တပ်ကိုဖြတ်ကာ စစ်အင်ကျင်းနေ၏။ ရာဇာဓိရာဇ်သည် အမတ်ရှိန်အား ဆင် ၅ စီး၊ တပ်သား ၈၀၀ ခန့်နှင့် မင်းရဲကျော်စွာ အားစစ်မြှူစေသည်။ 

မင်းရဲကျော်စွာသည် အလျင်စလိုပင် စစ်မြှူရာရောက်သဖြင့် တပ်မနှင့်ကွဲပြားခဲ့၏။ ထိုသို့ ကမူးရှူးထိုး ချီတက်သဖြင့် မွန်တပ် ၆ တပ် နှင့်ထိပ်တိုက် တွေ့ရာ ၄ တပ်ပျက်၏။ ဆင်တော်ပန်းလှသဖြင့်ရပ်နေစဉ် ရာဇာဓိရာဇ်၏ သားတော်ကြီး ၃ပါးကြီးမှူးသော ဆင်အစီး ၃၀ ခန့်နှင့် ၀ိုင်းဝန်းတိုက်ခိုက်ခြင်းခံလိုက်ရသည်။ မင်းရဲကျော်စွာ၏စီးတော်ဆင် ငချစ်နိုင် လှံချက်ပေါင်းမြောက်များစွာထိပြီး မခံနိုင်သဖြင့် ခါချရာ မင်းရဲကျော်စွာကျပြီး ပေါင်တွင်ဒဏ်ရာရ၏။ 
ထိုအခါမင်းရဲကျော်စွာအား လက်ရဖမ်းမိသွားသည်။ မင်းရဲကျော်စွာဆင်ထိနာသည်းသည့်နေ့ ( ၇၇၈ ၊ တန်ခူးလဆန်း ၄ရက် ) ညတွင် လွန်တော်မူသည်။ 

Credit: mokepalintgarmovie 

Comments

Popular posts from this blog

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ရင်သား ကြီးခြင်း၏ နောက်ကွယ်(မိန်းကလေးများအထူးဖတ်ရန်)

ရင်သား ကြီးခြင်း၏ နောက်ကွယ်(မိန်းကလေးများအထူးဖတ်ရန်) အလှကုန် ပစ္စည်းမျိုးစုံ ရောင်းချသော ဆိုင်တစ်ဆိုင် အတွင်းသို့ အမျိုးသမီးငယ် တစ်ဦး လှမ်းဝင် သွားနေသည်။ ထို့နောက် ဆိုင်အတွင်း ရောင်းချသော အလှကုန် ပစ္စည်းများကို ကြည့်ရှုပြီး တစ်နေရာ အရောက် သူလိုချင်သော အရာကို တွေ့ရှိရ၍ ဝယ်ယူလိုက်သည်။  အဆိုပါ အမျိုးသမီးငယ် ဝယ်ယူသွားသော အလှကုန်ပစ္စည်း အမျိုးအစားမှာ အိမ်နီးချင်းနိုင်ငံ များမှ ဝင်ရောက်လျက် ရှိသည့် အမျိုးသမီးများ အတွက် ရင်သားကြီးထွားစေသော ရင်သားလူးဆေး ပင်ဖြစ်သည်။  အလှအပကို စိတ်ဝင်စားကြသည့် အမျိုးသမီး များသည် မျက်နှာလှပရန်၊ အသားအရည်ကောင်း ရန် စသည်ဖြင့် အလှအပအတွက် လိုအပ်သော အလှပြင်ပစ္စည်းများဖြင့် လှပရန် လိမ်းခြယ်ကြ၊ ခွဲစိတ် ပြုပြင်ကြသည့် နည်းတူ သဘာဝ အလျောက် ဖြစ်ပေါ်နေသော ရင်သားနှင့် ပတ်သက်၍ ရင်သား လှပရန် နိုင်ငံစုံမှ ထုတ်လုပ်ထားသော လိမ်းဆေး များလူးခြင်း၊ ရင်သားခွဲစိတ် ပြုပြင်ခြင်းများကို အချို့သော အမျိုးသမီးများ ပြုလုပ်ကြသည်ကို တွေ့မြင်လာရသည်။  “အစ်မတို့ဆိုင်ကို လာဝယ်ကြတဲ့ သူတွေထဲ အပျိုတွေဆို ရင်သားကြီး ဆေးဝယ်ပြီး အိမ်ထောင်ကျပြီးတဲ့ သူတွေကတော့ ရင်သားပင့်တင်တဲ့ဆေး သုံးတာ များတယ်” ဟ...