Skip to main content

လေလည် တာကို မတားသင့်တဲ့ အကြောင်းအရင်း (၇)ချက်

လေလည် တာကို မတားသင့်တဲ့ အကြောင်းအရင်း (၇)ချက်
လေလည်ခြင်း (Farting) နဲ့ပတ်သက်ပြီး အမျိုးမျိုးအထွေထွေ ပြောလေ့ရှိကြပါတယ် ။ အများစုကတော့ ဒီလို သဘာဝအတိုင်း လေလည်ပြီး အနံ့ထွက်တာကို ရှက်စရာကိစ္စတစ်ခုအဖြစ် မြင်နေကြပါတယ် ။ သို့သော်လည်း လေလည်ခြင်းဟာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ သဘာဝလုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပြီး ဒိအတွက်လည်း ရှက်ရွံစရာ မလိုအပ်ပါဘူး ။ အမှန်တကယ်အားဖြင့် လေလည်ခြင်းကြောင့် ကောင်းတဲ့အချက်အလက်တွေ အများကြီးရှိပါတယ် ။ 

၁။ပထမဆုံးကျန်းမာရေးသတိပေးမှု 

သင်ဘာတွေပဲလုပ်နေနေ လေသက်ခြင်း ၊ လေလည်ခြင်းဆိုတဲ့ လေပြဿနာနဲ့တော့ မကင်းလွတ်နိုင်ပါဘူး ။ လေဟာ များပြားတဲ့ရောဂါတွေရဲ့ အစောဆုံး လက္ခဏာတစ်ခုလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် အချိန်မကြာခဏဆိုသလို လေလည်နေပြီ ၊ အနံ့အသက်ကလည်း ဆိုးဆိုးဝါးဝါးဖြစ်လာတယ်ဆိုရင် ဆရာဝန်ဆီသွားပြီး ဆွေးနွေးတိုင်ပင်ကုသသင့်ပါတယ် ။ 

၂။လေပွခြင်းကိုသက်သာစေ 

အစားများများစားမိတဲ့အခါ လေပွတဲ့ရောဂါ ဖြစ်နိုင်ပါတယ် ။ အစာအိမ်မှ အစားအစာအများကြီးကို တပြိုင်တည်း ချေဖျက်ရတဲ့အတွက် တစ်သျှူးတွေထဲမှာ ရေများပိုသိမ်းဆည်းမိပြီး အူတွင်းမှ gasများကို ပိုမိုထုတ်လွှတ်ပေးစေပါတယ်။ ဒီလိုgasများ ထုတ်လွှတ်ခြင်းက သင့်ကို နေရထိုင်ရ သက်သာစေပြီး လေပွခြင်းကို လျှော့ချပေးပါတယ်။ 

၃။လေလည်တဲ့အနံ့ကကောင်းကျိုးရှိတယ် 

များစွာသော လေ့လာတွေ့ရှိချက်တွေအရ ကိုယ်တိုင် လေလည်လိုက်တဲ့ အနံ့က ကိုယ့်အတွက် အမှန်တကယ် ကောင်းမွန်သော အရာတစ်ခုလို့ ဆိုကြပါတယ် ။ လေလည်နံ့မှာ ပါဝင်တဲ့ ကွန်ပေါင်းတွေက ရောဂါမျိုးစုံကို ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ် ။ ကြက်ဥပုပ်နံ့ကဲ့သို့ လေလည်နံ့က အများကြီးရှူမိလျှင်တော့ အဆိပ်အတောက်ဖြစ်နိုင်ပေမယ့် အနည်းငယ်ရှူပေးမယ်ဆိုလျှင်တော့ နှလုံးကျန်းမာရေးအတွက် ကောင်းမွန်တယ်လို့ ဆိုကြပါတယ်။ 

၎။အာဟာရလိုအပ်မှုကို သိရှိနိုင် 

လေလည်ခြင်းက သင့်ရဲ့ ကျန်းမာရေးအတွက် ဘယ်လိုအစားအသောက်တွေကို စားသင့်လဲဆိုတာကို ပြောနိုင်ပါတယ်တဲ့ ။ ကိုယ့်ရဲ့ အစားအသောက်ပေါ်မူတည်ပြီး လေလည်တဲ့ပုံစံ ကွာခြားပါတယ် ။ အကယ်၍ သင်ဟာ လေလည်တဲ့နှုန်း နည်းတယ်ဆိုလျှင် အမျှင်ဓါတ်နည်းပါမှုကို ဖော်ပြနေတဲ့အတွက် အမျှင်ဓါတ်များသော အစားအသောက် ၊ အစိမ်းရောင် အသီးအရွက်များကို ရွေးချယ်စားသုံးသင့်ပါတယ် ။ အနီရောင်ရှိသော အသားများကို မကြာခဏစားသုံးတတ်သူဆိုလျှင်တော့ သင့်ရဲ့ လေလည်တဲ့အနံ့က တကယ်ကို ဆိုးရွားနေမှာပါ ။ ဒီလို အနံ့ဆိုးဝါးတဲ့ လေလည်တတ်သူဆိုလျှင်တော့ steak နှင့် ဟမ်ဘာဂါစားသုံးခြင်းများကို ရှောင်ရှားဖို့ လိုပါတယ် ။ 

၅။ကောင်းမွန်တဲ့ဘက်တီးရီးယားများရဲ့လက္ခဏာ 

ပိန်တဲ့သူတွေက ဝတဲ့သူတွေထက် ပိုပြီး လေလည်တတ်ကြတယ်လို့ သိရပါတယ် ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အသီးအနှံ ၊ အမျှင်ဓါတ်ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်များကို စားသုံးခြင်းကြောင့် အစာခြေစနစ်ကို ကောင်းမွန်စေကာ လေလည်ခြင်းကို မကြာခဏ ဖြစ်စေတာပါ ။ ဒီလိုလေလည်ခြင်းက အူတွင်းမှာ ကောင်းမွန်တဲ့ ဘက်တီးရီးယားတွေ အလုပ်လုပ်နေခြင်းကို ပြသညွှန်းဆိုနေတာပါပဲ ။ 

၆။လေလည်ခြင်းက အူကိုကျန်းမာစေ 

အူတွင်းမှာ လေရှိနေခြင်းက ကျန်းမာရေးနဲ့ မညီသလို နာကြင်မှုကိုလည်း ခံစားရမှာပါ ။ လေမလည်ဘူးဆိုလျှင် ဝမ်းဗိုက်တွင်း မသက်မသာနှင့်နာကြင်နေပါလိမ့်မယ် ။ ဒါ့ကြောင့် ပုံမှန် လေလည်ပေးနေမှ အူအတွက်လည်း ကျန်းမာကောင်းမွန်စေမှာ ဖြစ်ပါတယ်။ 

၇။ခံစားမှုကောင်းတယ် 

It’s feel good ပါပဲ ..။ လေလည်ပြီးသွားတဲ့အခါ ရရှိတဲ့ခံစားမှုက ကျေနပ်စရာပါ ။ ဒါကိုတော့ လက်ခံကြမယ် ထင်ပါတယ် ။ ဒ့ါကြောင့် လေလည်ဖို့ကို အောင့်ထားဖို့မလိုသလို ၊ ရှက်စရာလည်းမလိုပါဘူး ။ လေမလည်မှသာ သင့်အတွက် ကျန်းမာရေးဆိုင်ရာ အနှောင့်အယှက်တွေ ဝင်လာပါလိမ့်မယ် ။ 

ကဲ..အကြောင်းအရာတွေကို သိရှိပြီးပြီဆိုတော့ လေလည်ခြင်းကို ကြည်ကြည်ဖြူဖြူ ခွင့်ပြုပေးလိုက်ကြရအောင်ပါ ။ မရှက်နဲ့…လွှတ်သာလွှတ်ပလိုက် ! 

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...